အနောက်အုပ်စုက ဂရင်းလန်းကျွန်းတွင် စစ်အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာပါက ရုရှားကလည်း တန်ပြန်အစီအစဉ်များ လုပ်ဆောင်သွားမည်

 1141

Pika (NP News) - ဖေဖော်ဝါရီ ၁၄

အနောက်အုပ်စုက ဂရင်းလန်းကျွန်းတွင် ၎င်းတို့၏စစ်ရေးအင်အားကို တိုးချဲ့မှုများ လုပ်ဆောင်သွားမည်ဆိုပါက ရုရှားကလည်း စစ်ဘက်ဆိုင်ရာတန်ပြန်မှုအစီအစဉ်များကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂေးလာရော့ဗ်က ခြိမ်းခြောက်ပြောဆိုခဲ့သည်။
ဆာဂေးလာရော့ဗ်က “ဂရင်းလန်းကျွန်းမှာ စစ်ရေးအင်အားတိုးချဲ့မှုနဲ့ရုရှားကိုရည်ရွယ်တဲ့ စစ်ဘက်ဆိုင်ရာစွမ်းရည် တွေ ဖန်တီးမှုဖြစ်ပေါ်လာခဲ့ရင် စစ်ရေး-နည်းပညာဆိုင်ရာလုပ်ဆောင်ချက်တွေ အပါအဝင် လိုအပ်တဲ့ တန်ပြန် အစီအစဉ်တွေအားလုံးကို ကျွန်တော်တို့လုပ်ဆောင်သွားမှာပါ” ဟု သတိပေးခဲ့သည်။
ဂရင်းလန်းကျွန်းကို တစ်နည်းနည်းဖြင့်သိမ်းပိုက်သွားမည်ဟု ပြောဆိုမှုများရှိနေမှုနှင့်အတူ အမေရိကန်၏ ဂရင်းလန်းကျွန်းကို လိုချင်မှုများ မြင့်တက်နေသည့်အချိန်တွင် ရုရှားဘက်က ယင်းကဲ့သို့ထုတ်ပြန်ပြောဆိုခဲ့ခြင်း ဖြစ်သည်။
ထို့ပြင် အမေရိကန်က ဂရင်းလန်းကျွန်းကို မသိမ်းယူဘူးဆိုပါက ရုရှားနှင့်တရုတ်တို့က ဂရင်းလန်းကျွန်းကို သိမ်းယူသွားနိုင်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြီးခဲ့သည့်လများအတွင်း အကြိမ်ကြိမ် သတိပေးခဲ့သည်။ ဂရင်းလန်းကျွန်းကို သိမ်းယူမှုက အမေရိကန်၏ အမျိုးသားလုံခြုံရေးအတွက် မရှိမဖြစ်လိုအပ် သည့်အရာတစ်ခုဖြစ်ကြောင်းလည်း ဒေါ်နယ်ထရမ့် ထုတ်ပြန်ပြောဆိုခဲ့သည်။ ဒေါ်နယ်ထရမ့်၏ ပြောဆိုချက်များ နှင့်ပတ်သက်ပြီး ဂရင်းလန်းကျွန်းကိုသိမ်းယူရန်အတွက် ရုရှားနှင့်တရုတ်တို့ကို စစ်ရေးအကြောင်းပြချက်အဖြစ် အသုံးပြုနေခြင်းအား ရပ်တန့်ရန် အမေရိကန်ကို ရုရှားနှင့်တရုတ်တို့ဘက်က တောင်းဆိုမှုများလည်း ရှိခဲ့ကြောင်း သိရသည်။

Zawgyi Version;
အေနာက္အုပ္စုက ဂရင္းလန္းကြၽန္းတြင္ စစ္အင္အားတိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္လာပါက ႐ုရွားကလည္း တန္ျပန္ အစီအစဥ္မ်ား လုပ္ေဆာင္သြားမည္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
အေနာက္အုပ္စုက ဂရင္းလန္းကြၽန္းတြင္ ၎တို႔၏စစ္ေရးအင္အားကို တိုးခ်ဲ႕မႈမ်ား လုပ္ေဆာင္သြားမည္ဆိုပါက ႐ုရွားကလည္း စစ္ဘက္ဆိုင္ရာတန္ျပန္မႈအစီအစဥ္မ်ားကို လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း ႐ုရွားႏိုင္ငံျခားေရး ဝန္ႀကီး ဆာေဂးလာေရာ့ဗ္က ၿခိမ္းေျခာက္ေျပာဆိုခဲ့သည္။
ဆာေဂးလာေရာ့ဗ္က “ဂရင္းလန္းကြၽန္းမွာ စစ္ေရးအင္အားတိုးခ်ဲ႕မႈနဲ႔႐ုရွားကိုရည္႐ြယ္တဲ့ စစ္ဘက္ဆိုင္ရာစြမ္းရည္ ေတြ ဖန္တီးမႈျဖစ္ေပၚလာခဲ့ရင္ စစ္ေရး-နည္းပညာဆိုင္ရာလုပ္ေဆာင္ခ်က္ေတြ အပါအဝင္ လိုအပ္တဲ့ တန္ျပန္ အစီအစဥ္ေတြအားလုံးကို ကြၽန္ေတာ္တို႔လုပ္ေဆာင္သြားမွာပါ” ဟု သတိေပးခဲ့သည္။
ဂရင္းလန္းကြၽန္းကို တစ္နည္းနည္းျဖင့္သိမ္းပိုက္သြားမည္ဟု ေျပာဆိုမႈမ်ားရွိေနမႈႏွင့္အတူ အေမရိကန္၏ ဂရင္းလန္းကြၽန္းကို လိုခ်င္မႈမ်ား ျမင့္တက္ေနသည့္အခ်ိန္တြင္ ႐ုရွားဘက္က ယင္းကဲ့သို႔ထုတ္ျပန္ေျပာဆိုခဲ့ျခင္း ျဖစ္သည္။
ထို႔ျပင္ အေမရိကန္က ဂရင္းလန္းကြၽန္းကို မသိမ္းယူဘူးဆိုပါက ႐ုရွားႏွင့္တ႐ုတ္တို႔က ဂရင္းလန္းကြၽန္းကို သိမ္းယူသြားႏိုင္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ၿပီးခဲ့သည့္လမ်ားအတြင္း အႀကိမ္ႀကိမ္ သတိေပးခဲ့သည္။ ဂရင္းလန္းကြၽန္းကို သိမ္းယူမႈက အေမရိကန္၏ အမ်ိဳးသားလုံၿခဳံေရးအတြက္ မရွိမျဖစ္လိုအပ္ သည့္အရာတစ္ခုျဖစ္ေၾကာင္းလည္း ေဒၚနယ္ထရမ့္ ထုတ္ျပန္ေျပာဆိုခဲ့သည္။ ေဒၚနယ္ထရမ့္၏ ေျပာဆိုခ်က္မ်ား ႏွင့္ပတ္သက္ၿပီး ဂရင္းလန္းကြၽန္းကိုသိမ္းယူရန္အတြက္ ႐ုရွားႏွင့္တ႐ုတ္တို႔ကို စစ္ေရးအေၾကာင္းျပခ်က္အျဖစ္ အသုံးျပဳေနျခင္းအား ရပ္တန႔္ရန္ အေမရိကန္ကို ႐ုရွားႏွင့္တ႐ုတ္တို႔ဘက္က ေတာင္းဆိုမႈမ်ားလည္း ရွိခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.