ဆီးရီးယားမှာရှိတဲ့ အဓိကအခြေစိုက်စခန်းတစ်ခုက တပ်ဖွဲ့ဝင်တွေကို အမေရိကန် ရုတ်သိမ်း

 75

Pika (NP News) - ဖေဖော်ဝါရီ ၁၄

ISIS အကြမ်းဖက်အဖွဲ့ကို တိုက်ခိုက်ချေမှုန်းရာမှာ (၂၀၁၄)ခုနှစ်ကနေစတင်ပြီးအသုံးပြုခဲ့တဲ့ ဆီးရီးယားမှာရှိတဲ့ အဓိကအခြေစိုက်စခန်းတွေကနေ အပြည့်အဝဆုတ်ခွါမှုကို အမေရိကန်စစ်တပ်က ထုတ်ပြန်ကြေညာခဲ့တယ်လို့ သိရပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ISIS အကြမ်းဖက်အဖွဲ့ချေမှုန်းရေးမဟာမိတ်အဖွဲ့ရဲ့ရည်ရွယ်ချက်ရှိရှိနဲ့ အခြေအနေတွေအပေါ် အခြေခံတဲ့အသွင်ကူးပြောင်းမှုရဲ့တစ်စိတ်တစ်ပိုင်းအဖြစ် Al-Tanf စစ်အခြေစိုက်စခန်းမှာရှိတဲ့ အမေရိကန် တပ်ဖွဲ့တွေကို ရုတ်သိမ်းလိုက်ပြီဖြစ်တယ်လို့ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ် (CENTCOM) က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
Al-Tanf စစ်အခြေစိုက်စခန်းဟာ ဆီးရီးယား၊ဂျော်ဒန်နဲ့အီရတ် သုံးနိုင်ငံနယ်စပ်ဒေသမှာ တည်ရှိတာဖြစ်ပြီး (၂၀၂၄) ခုနှစ်မှာ အီရန်ကျောထောက်နောက်ခံပြုစစ်သွေးကြွအဖွဲ့က တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တာကြောင့် အမေရိကန်စစ်သား (၃)ဦးသေဆုံးပြီး အခြားလူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။
ဒါ့ပြင် အမေရိကန်စစ်တပ်က Al-Tanf စစ်အခြေစိုက်စခန်းကို လွှဲပြောင်းပေးအပ်ခဲ့ပြီး နယ်စပ်ဒေသတစ်လျှောက်မှာ ဆီးရီးယားတပ်ဖွဲ့တွေကို ဖြန့်ကျက်ချထားခဲ့တယ်လို့ ဆီးရီးယားကာကွယ်ရေးဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါပေမယ့်လည်း ISIS အကြမ်းဖက်အဖွဲ့ရဲ့ခြိမ်းခြောက်မှုတွေကို တုံ့ပြန်ဖို့အတွက် အမေရိကန်စစ်တပ်က အသင့်အနေအထားမှာ ဆက်ရှိနေမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
ဆီးရီးယားမွာရွိတဲ့ အဓိကအေျခစိုက္စခန္းတစ္ခုက တပ္ဖြဲ႕ဝင္ေတြကို အေမရိကန္ ႐ုတ္သိမ္း
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
ISIS အၾကမ္းဖက္အဖြဲ႕ကို တိုက္ခိုက္ေခ်မႈန္းရာမွာ (၂၀၁၄)ခုႏွစ္ကေနစတင္ၿပီးအသုံးျပဳခဲ့တဲ့ ဆီးရီးယားမွာရွိတဲ့ အဓိကအေျခစိုက္စခန္းေတြကေန အျပည့္အဝဆုတ္ခြါမႈကို အေမရိကန္စစ္တပ္က ထုတ္ျပန္ေၾကညာခဲ့တယ္လို႔ သိရပါတယ္။
ကမာၻလုံးဆိုင္ရာ ISIS အၾကမ္းဖက္အဖြဲ႕ေခ်မႈန္းေရးမဟာမိတ္အဖြဲ႕ရဲ႕ရည္႐ြယ္ခ်က္ရွိရွိနဲ႔ အေျခအေနေတြအေပၚ အေျခခံတဲ့အသြင္ကူးေျပာင္းမႈရဲ႕တစ္စိတ္တစ္ပိုင္းအျဖစ္ Al-Tanf စစ္အေျခစိုက္စခန္းမွာရွိတဲ့ အေမရိကန္ တပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းလိုက္ၿပီျဖစ္တယ္လို႔ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္ (CENTCOM) က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
Al-Tanf စစ္အေျခစိုက္စခန္းဟာ ဆီးရီးယား၊ေဂ်ာ္ဒန္နဲ႔အီရတ္ သုံးႏိုင္ငံနယ္စပ္ေဒသမွာ တည္ရွိတာျဖစ္ၿပီး (၂၀၂၄) ခုႏွစ္မွာ အီရန္ေက်ာေထာက္ေနာက္ခံျပဳစစ္ေသြးႂကြအဖြဲ႕က တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တာေၾကာင့္ အေမရိကန္စစ္သား (၃)ဦးေသဆုံးၿပီး အျခားလူအမ်ားအျပား ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔သိရပါတယ္။
ဒါ့ျပင္ အေမရိကန္စစ္တပ္က Al-Tanf စစ္အေျခစိုက္စခန္းကို လႊဲေျပာင္းေပးအပ္ခဲ့ၿပီး နယ္စပ္ေဒသတစ္ေလွ်ာက္မွာ ဆီးရီးယားတပ္ဖြဲ႕ေတြကို ျဖန႔္က်က္ခ်ထားခဲ့တယ္လို႔ ဆီးရီးယားကာကြယ္ေရးဝန္ႀကီးဌာနက အေစာပိုင္းမွာ ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါေပမယ့္လည္း ISIS အၾကမ္းဖက္အဖြဲ႕ရဲ႕ၿခိမ္းေျခာက္မႈေတြကို တုံ႔ျပန္ဖို႔အတြက္ အေမရိကန္စစ္တပ္က အသင့္အေနအထားမွာ ဆက္ရွိေနမွာျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.