ယူကရိန်းအတွက် အဓိက လေ‌ကြောင်းကာကွယ်ရေးပက်ကေ့ချ်တစ်ခုကို ဗြိတိန် ကတိပြု

 44

Pika (NP News) - ဖေဖော်ဝါရီ ၁၄

ယူကရိန်းရဲ့ လျှပ်စစ်ဓါတ်အားနဲ့ အပူပေးစနစ်တွေအပေါ် ရုရှားရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို တားဆီးရာမှာ ကူညီပေးတဲ့အနေနဲ့ ယူကရိန်းရဲ့လေကြောင်းကာကွယ်ရေးအတွက် အမေရိကန်ဒေါ်လာသန်းရာပေါင်းများစွာ ထောက်ပံ့ပေးသွားမယ်လို့ ဗြိတိန်အစိုးရက ကတိပြုပြောဆိုခဲ့ပါတယ်။
ယူကရိန်းက အမေရိကန်ထုတ်စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူနိုင်ဖို့အတွက် အမေရိကန်သမ္မတဒေါ်နယ်ထရမ့် ကျောထောက်နောက်ခံပြုထားတဲ့အစီအစဉ်ကို အမေရိကန်ဒေါ်လာသန်း(၂၀၀)ပေးအပ်သွားမယ်လို့ ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့ပြင် အမေရိကန်ဒေါ်လာသန်း(၅၀၀)ကျော်တန်ဖိုးရှိ ဗြိတိန်ထုတ် အပေါ့စားဒုံးကျည်အစင်းရေ(၁၀၀၀)ကိုလည်း ယူကရိန်းကို ပေးအပ်သွားမယ်လို့ ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ ရုရှား-ယူကရိန်းစစ်ပွဲ ဖြစ်ပွားမှုက အချိန်(၄)နှစ်ကျော်အထိ ကြာမြင့်လာတာနဲ့အမျှ ယူကရိန်းရဲ့မိတ်ဖက်နိုင်ငံတွေက ယူကရိန်းကို ထောက်ပံ့မှုတွေလုပ်ဆောင်ဖို့ အရင်ကထက်ပိုပြီး ကတိပြုလာကြတယ်လို့လည်း ဗြိတိန်ကာကွယ်ရေးဝန်ကြီး ဂျွန်ဟယ်လီက ပြောကြားခဲ့ပါတယ်။ နေတိုးအဖွဲ့ကာကွယ်ရေးဝန်ကြီးတွေဟာ ယူကရိန်းကို ထောက်ပံ့ပေးမှုတွေ တိုးမြှင့်လုပ်ဆောင်ဖို့အတွက် ဘရပ်ဆဲလ်မြို့မှာတွေ့ဆုံစဉ်အချိန်အတွင်း ယခုလိုထုတ်ပြန်ကြေညာချက်တွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

Zawgyi Version;
ယူကရိန္းအတြက္ အဓိက ေလ‌ေၾကာင္းကာကြယ္ေရးပက္ေက့ခ်္တစ္ခုကို ၿဗိတိန္ ကတိျပဳ
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
ယူကရိန္းရဲ႕ လွ်ပ္စစ္ဓါတ္အားနဲ႔ အပူေပးစနစ္ေတြအေပၚ ႐ုရွားရဲ႕ပစ္မွတ္ထားတိုက္ခိုက္မႈေတြကို တားဆီးရာမွာ ကူညီေပးတဲ့အေနနဲ႔ ယူကရိန္းရဲ႕ေလေၾကာင္းကာကြယ္ေရးအတြက္ အေမရိကန္ေဒၚလာသန္းရာေပါင္းမ်ားစြာ ေထာက္ပံ့ေပးသြားမယ္လို႔ ၿဗိတိန္အစိုးရက ကတိျပဳေျပာဆိုခဲ့ပါတယ္။
ယူကရိန္းက အေမရိကန္ထုတ္စစ္လက္နက္ပစၥည္းေတြ ဝယ္ယူႏိုင္ဖို႔အတြက္ အေမရိကန္သမၼတေဒၚနယ္ထရမ့္ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့အစီအစဥ္ကို အေမရိကန္ေဒၚလာသန္း(၂၀၀)ေပးအပ္သြားမယ္လို႔ ၿဗိတိန္ ကာကြယ္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေၾကညာခဲ့ပါတယ္။
ဒါ့ျပင္ အေမရိကန္ေဒၚလာသန္း(၅၀၀)ေက်ာ္တန္ဖိုးရွိ ၿဗိတိန္ထုတ္ အေပါ့စားဒုံးက်ည္အစင္းေရ(၁၀၀၀)ကိုလည္း ယူကရိန္းကို ေပးအပ္သြားမယ္လို႔ ၿဗိတိန္ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာၾကားခဲ့ပါတယ္။ ႐ုရွား-ယူကရိန္းစစ္ပြဲ ျဖစ္ပြားမႈက အခ်ိန္(၄)ႏွစ္ေက်ာ္အထိ ၾကာျမင့္လာတာနဲ႔အမွ် ယူကရိန္းရဲ႕မိတ္ဖက္ႏိုင္ငံေတြက ယူကရိန္းကို ေထာက္ပံ့မႈေတြလုပ္ေဆာင္ဖို႔ အရင္ကထက္ပိုၿပီး ကတိျပဳလာၾကတယ္လို႔လည္း ၿဗိတိန္ကာကြယ္ေရးဝန္ႀကီး ဂြၽန္ဟယ္လီက ေျပာၾကားခဲ့ပါတယ္။ ေနတိုးအဖြဲ႕ကာကြယ္ေရးဝန္ႀကီးေတြဟာ ယူကရိန္းကို ေထာက္ပံ့ေပးမႈေတြ တိုးျမႇင့္လုပ္ေဆာင္ဖို႔အတြက္ ဘရပ္ဆဲလ္ၿမိဳ႕မွာေတြ႕ဆုံစဥ္အခ်ိန္အတြင္း ယခုလိုထုတ္ျပန္ေၾကညာခ်က္ေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.