လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ကျူးဘားကို ရေနံထောက်ပံ့ပေးဖို့ ရုရှား မျှော်လင့်နေ

 71

Pika (NP News) - ဖေဖော်ဝါရီ ၁၄

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်းအဖြစ် ကျူးဘားကို ရေနံထောက်ပံ့မှုတွေ လုပ်ဆောင်သွားဖို့ ရုရှားကမျှော်လင့်ထားတယ်လို့ Izvestia သတင်းစာက ရေးသားဖော်ပြခဲ့ပါတယ်။ ကျူးဘားနိုင်ငံဟာ နှစ်ပေါင်းများစွာအတွင်း အဆိုးရွားဆုံးစွမ်းအင်အကျပ်အတည်းကို ခံစားနေရတာဖြစ်ပြီး အဓိကအားဖြင့် အမေရိကန်က ဗင်နီဇွဲလားရဲ့ကျူးဘားအပေါ် ရေနံထောက်ပံ့မှုတွေကို ကန့်သတ်ပစ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ဒါ့ပြင် မကြာခင်အချိန်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီအဖြစ် ကျူးဘားကို ရေနံနဲ့ ရေနံထွက်ကုန်တွေထောက်ပံ့ပေးသွားဖို့ မျှော်လင့်ထားတယ်လို့ ရုရှားရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ အမေရိကန်က ရေနံပိတ်ဆို့မှုတွေလုပ်ဆောင်ပြီးတော့ ကျူးဘားနိုင်ငံကို ကျဉ်းထဲကျပ်ထဲရောက်အောင်ကြိုးပမ်းနေတယ်လို့လည်း ရုရှားအစိုးရက စွပ်စွဲပြောဆိုခဲ့ပါတယ်။
ကျူးဘားက အမေရိကန်အမျိုးသားလုံခြုံရေးအတွက် ခြိမ်းခြောက်မှုတစ်ခုဖြစ်ပြီး ကျူးဘားကိုရေနံတင်ပို့တဲ့ နိုင်ငံတွေအားလုံးရဲ့အမေရိကန်ကိုတင်ပို့တဲ့ ပို့ကုန်တွေအပေါ် အခွန်ကောက်ခံမှုတွေလုပ်ဆောင်သွားမယ်လို့ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ပြောဆိုခဲ့ပြီးနောက် သီတင်းပတ်အနည်းငယ်အကြာမှာ ယခုလိုပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။

Zawgyi Version;
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီအျဖစ္ က်ဴးဘားကို ေရနံေထာက္ပံ့ေပးဖို႔ ႐ုရွား ေမွ်ာ္လင့္ေန
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာ ႀကိဳးပမ္းမႈရဲ႕ တစ္စိတ္တစ္ပိုင္းအျဖစ္ က်ဴးဘားကို ေရနံေထာက္ပံ့မႈေတြ လုပ္ေဆာင္သြားဖို႔ ႐ုရွားကေမွ်ာ္လင့္ထားတယ္လို႔ Izvestia သတင္းစာက ေရးသားေဖာ္ျပခဲ့ပါတယ္။ က်ဴးဘားႏိုင္ငံဟာ ႏွစ္ေပါင္းမ်ားစြာအတြင္း အဆိုး႐ြားဆုံးစြမ္းအင္အက်ပ္အတည္းကို ခံစားေနရတာျဖစ္ၿပီး အဓိကအားျဖင့္ အေမရိကန္က ဗင္နီဇြဲလားရဲ႕က်ဴးဘားအေပၚ ေရနံေထာက္ပံ့မႈေတြကို ကန႔္သတ္ပစ္ခဲ့လို႔ပဲ ျဖစ္ပါတယ္။
ဒါ့ျပင္ မၾကာခင္အခ်ိန္အတြင္း လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအကူအညီအျဖစ္ က်ဴးဘားကို ေရနံနဲ႔ ေရနံထြက္ကုန္ေတြေထာက္ပံ့ေပးသြားဖို႔ ေမွ်ာ္လင့္ထားတယ္လို႔ ႐ုရွားရဲ႕စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ အေမရိကန္က ေရနံပိတ္ဆို႔မႈေတြလုပ္ေဆာင္ၿပီးေတာ့ က်ဴးဘားႏိုင္ငံကို က်ဥ္းထဲက်ပ္ထဲေရာက္ေအာင္ႀကိဳးပမ္းေနတယ္လို႔လည္း ႐ုရွားအစိုးရက စြပ္စြဲေျပာဆိုခဲ့ပါတယ္။
က်ဴးဘားက အေမရိကန္အမ်ိဳးသားလုံၿခဳံေရးအတြက္ ၿခိမ္းေျခာက္မႈတစ္ခုျဖစ္ၿပီး က်ဴးဘားကိုေရနံတင္ပို႔တဲ့ ႏိုင္ငံေတြအားလုံးရဲ႕အေမရိကန္ကိုတင္ပို႔တဲ့ ပို႔ကုန္ေတြအေပၚ အခြန္ေကာက္ခံမႈေတြလုပ္ေဆာင္သြားမယ္လို႔ ေဒၚနယ္ထရမ့္က ၿခိမ္းေျခာက္ေျပာဆိုခဲ့ၿပီးေနာက္ သီတင္းပတ္အနည္းငယ္အၾကာမွာ ယခုလိုေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.