တရုတ်(တိုင်ပေ)သမ္မတကို စစ်ပွဲလှုံ့ဆော်သူအဖြစ် တရုတ်အစိုးရ အမည်တပ်

108

Pika (NP News) - ဖေဖော်ဝါရီ ၁၄
တရုတ်အစိုးရက တရုတ်(တိုင်ပေ)သမ္မတလိုင်ချန်တေးကို စစ်ပွဲလှုံ့ဆော်သူတစ်ဦးလို့ အမည်တပ်ခေါ်ဆိုခဲ့တယ်လို့ သိရပါတယ်။ တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို သိမ်းပိုက်ပြီးရင် ဒေသတွင်းမှာရှိတဲ့ အခြားနိုင်ငံတွေကို ပစ်မှတ်ထားသွားလိမ့်မယ်လို့ လိုင်ချန်တေးက သတိပေးပြောဆိုခဲ့ပြီးနောက် တရုတ်ဘက်က ယခုလိုပြောဆိုချက် တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် တရုတ်က တရုတ်(တိုင်ပေ)ကျွန်းကို သိမ်းပိုက်ပြီးရင် ပိုပြီးရန်လိုလာမှာြဖစ်ပြီး ၎င်းရဲ့ချဲ့ထွင်လိုတဲ့ ရည်မှန်းချက်တွေကို ဂျပန်၊ဖိလစ်ပိုင်နဲ့ အင်ဒို-ပစိဖိတ်ဒေသမှာရှိတဲ့ အခြားနိုင်ငံတွေအပေါ် ပုံချလာလိမ့်မယ်လို့ လည်း လိုင်ချန်တေးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အဲဒီပြောဆိုချက်တွေနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက လိုင်ချန်တေးကို ရန်လိုမှုကိုလှုံ့ဆော်ပေး နေတဲ့စစ်ပွဲလှုံ့ဆော်သူတစ်ဦးအဖြစ် အမည်တပ်ခေါ်ဆိုခဲ့တာလည်းဖြစ်ပါတယ်။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက “လိုင်ချန်တေးရဲ့မှတ်ချက်ပြုပြောဆိုချက်တွေက သူကငြိမ်းချမ်းရေးကိုဖျက်ဆီးပြီး အကျပ်အတည်း တွေဖြစ်အောင်ဖန်တီးနေတဲ့စစ်ပွဲလှုံ့ဆော်သူတစ်ဦးဖြစ်တယ်ဆိုတာကို အပြည့်အဝသက်သေပြခဲ့ပါ တယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
တ႐ုတ္(တိုင္ေပ)သမၼတကို စစ္ပြဲလႈံ႕ေဆာ္သူအျဖစ္ တ႐ုတ္အစိုးရ အမည္တပ္
Pika (NP News) - ေဖေဖာ္ဝါရီ ၁၄
တ႐ုတ္အစိုးရက တ႐ုတ္(တိုင္ေပ)သမၼတလိုင္ခ်န္ေတးကို စစ္ပြဲလႈံ႕ေဆာ္သူတစ္ဦးလို႔ အမည္တပ္ေခၚဆိုခဲ့တယ္လို႔ သိရပါတယ္။ တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို သိမ္းပိုက္ၿပီးရင္ ေဒသတြင္းမွာရွိတဲ့ အျခားႏိုင္ငံေတြကို ပစ္မွတ္ထားသြားလိမ့္မယ္လို႔ လိုင္ခ်န္ေတးက သတိေပးေျပာဆိုခဲ့ၿပီးေနာက္ တ႐ုတ္ဘက္က ယခုလိုေျပာဆိုခ်က္ ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ တ႐ုတ္က တ႐ုတ္(တိုင္ေပ)ကြၽန္းကို သိမ္းပိုက္ၿပီးရင္ ပိုၿပီးရန္လိုလာမွာျဖစ္ၿပီး ၎ရဲ႕ခ်ဲ႕ထြင္လိုတဲ့ ရည္မွန္းခ်က္ေတြကို ဂ်ပန္၊ဖိလစ္ပိုင္နဲ႔ အင္ဒို-ပစိဖိတ္ေဒသမွာရွိတဲ့ အျခားႏိုင္ငံေတြအေပၚ ပုံခ်လာလိမ့္မယ္လို႔ လည္း လိုင္ခ်န္ေတးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အဲဒီေျပာဆိုခ်က္ေတြနဲ႔ပတ္သက္ၿပီး တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာနက လိုင္ခ်န္ေတးကို ရန္လိုမႈကိုလႈံ႕ေဆာ္ေပး ေနတဲ့စစ္ပြဲလႈံ႕ေဆာ္သူတစ္ဦးအျဖစ္ အမည္တပ္ေခၚဆိုခဲ့တာလည္းျဖစ္ပါတယ္။ တ႐ုတ္ႏိုင္ငံျခားေရး ဝန္ႀကီးဌာနက “လိုင္ခ်န္ေတးရဲ႕မွတ္ခ်က္ျပဳေျပာဆိုခ်က္ေတြက သူကၿငိမ္းခ်မ္းေရးကိုဖ်က္ဆီးၿပီး အက်ပ္အတည္း ေတြျဖစ္ေအာင္ဖန္တီးေနတဲ့စစ္ပြဲလႈံ႕ေဆာ္သူတစ္ဦးျဖစ္တယ္ဆိုတာကို အျပည့္အဝသက္ေသျပခဲ့ပါ တယ္” လို႔ ေျပာခဲ့ပါတယ္။