ဒုတိယမြောက်လေယာဉ်တင်သင်္ဘောကို အရှေ့အလယ်ပိုင်းသို့စေလွှတ်ရန် အမေရိကန်ပြင်ဆင်နေဟုဆို

 117

Pika (NP News) - ဖေဖော်ဝါရီ ၁၄

ဒုတိယမြောက် အမေရိကန်လေယာဉ်တင် သင်္ဘောတိုက်ခိုက်ရေးအဖွဲ့ကို အရှေ့အလယ်ပိုင်းဒေသသို့ ဖြန့်ကြက် ချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ရန် အမေရိကန်စစ်ဌာနချုပ်က ညွှန်းကြားထားကြောင်း သတင်းများထွက်ပေါ် လျက်ရှိသည်။
အီရန်၏ နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး အမေရိကန်က အီရန်အပေါ် စစ်ရေးအရ ဖိအားပေး မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ယခုကဲ့သို့ သတင်းများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အဆိုပါပြင်ဆင်မှုများသည် သံတမန်ရေး ဆိုင်ရာကြိုးပမ်းမှုများမအောင်မြင်ပါက အီရန်အပေါ် အလားအလာရှိ သောတိုက်ခိုက်မှုအတွက် အရေးပေါ် စီစဉ်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း အမေရိကန် အရာရှိ(၃)ဦးက Wall Street သတင်းစာသို့ပြော ကြားခဲ့သည်။
သို့သော်လည်း အမေရိကန်သမ္မတဒေါ်နယ် ထရမ့်က တရားဝင်အမိန့်ထုတ်ပြန်ခြင်းမျိုး မရှိသေးသောကြောင့် ယင်းအစီအစဉ်များမှာ ပြောင်းလဲသွားနိုင်သေးကြောင်း အမေရိကန်အရာရှိများက သတိပေး ပြောဆိုခဲ့သည်။
လက်ရှိအချိန်တွင် လေယာဉ်တင်သင်္ဘော USS George H.W. Bush သည် ဗာဂျီးနီးယား ကမ်းရိုး တန်းတွင် လေ့ကျင့်ခန်းများကို အပြီးသတ်လုပ်ဆောင်နေပြီး ရွှေ့ပြောင်းမှုများ စောစောလုပ်ဆောင်ရန်အမိန့်ကျလာပါက လေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်သွား နိုင်ကြောင်း အမေရိကန်အရာရှိတစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါအစီအစဉ်နှင့်ပတ်သက်ပြီး အတည်ပြုချက်များရှိလာခဲ့မည်ဆိုပါက ဒုတိယမြောက် လေယာဉ်တင် သင်္ဘောသည် အရှေ့အလယ်ပိုင်းဒေ သတွင်းတွင် လည်ပတ်နေပြီးဖြစ်သော လေယာဉ်တင် သင်္ဘော USS Abraham Lincoln ၏ တိုက်ခိုက်ရေးအဖွဲ့နှင့် ပူးပေါင်းမှုများ လုပ်ဆောင် သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi version;

ဒုတိယေျမာက္ အေမရိကန္ေလယာဥ္တင္ သေဘၤာတိုက္ခိုက္ေရးအဖြဲ႕ကို အေရွ႕အလယ္ပိုင္းေဒသသို႔ ျဖန႔္ၾကက္ ခ်ထားႏိုင္ေရးအတြက္ ႀကိဳတင္ျပင္ဆင္ရန္ အေမရိကန္စစ္ဌာနခ်ဳပ္က ၫႊန္းၾကားထားေၾကာင္း သတင္းမ်ားထြက္ေပၚ လ်က္ရွိသည္။
အီရန္၏ န်ဴကလီးယားအစီအစဥ္ႏွင့္ပတ္သက္ၿပီး အေမရိကန္က အီရန္အေပၚ စစ္ေရးအရ ဖိအားေပး မႈမ်ား တိုးျမႇင့္လုပ္ေဆာင္ေနခ်ိန္တြင္ ယခုကဲ့သို႔ သတင္းမ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
အဆိုပါျပင္ဆင္မႈမ်ားသည္ သံတမန္ေရး ဆိုင္ရာႀကိဳးပမ္းမႈမ်ားမေအာင္ျမင္ပါက အီရန္အေပၚ အလားအလာရွိ ေသာတိုက္ခိုက္မႈအတြက္ အေရးေပၚ စီစဥ္မႈ၏ တစ္စိတ္တစ္ပိုင္းျဖစ္ေၾကာင္း အေမရိကန္ အရာရွိ(၃)ဦးက Wall Street သတင္းစာသို႔ေျပာ ၾကားခဲ့သည္။
သို႔ေသာ္လည္း အေမရိကန္သမၼတေဒၚနယ္ ထရမ့္က တရားဝင္အမိန႔္ထုတ္ျပန္ျခင္းမ်ိဳး မရွိေသးေသာေၾကာင့္ ယင္းအစီအစဥ္မ်ားမွာ ေျပာင္းလဲသြားႏိုင္ေသးေၾကာင္း အေမရိကန္အရာရွိမ်ားက သတိေပး ေျပာဆိုခဲ့သည္။
လက္ရွိအခ်ိန္တြင္ ေလယာဥ္တင္သေဘၤာ USS George H.W. Bush သည္ ဗာဂ်ီးနီးယား ကမ္း႐ိုး တန္းတြင္ ေလ့က်င့္ခန္းမ်ားကို အၿပီးသတ္လုပ္ေဆာင္ေနၿပီး ေ႐ႊ႕ေျပာင္းမႈမ်ား ေစာေစာလုပ္ေဆာင္ရန္အမိန႔္က်လာပါက ေလ့က်င့္မႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္သြား ႏိုင္ေၾကာင္း အေမရိကန္အရာရွိတစ္ဦးက ေျပာၾကားခဲ့သည္။
အဆိုပါအစီအစဥ္ႏွင့္ပတ္သက္ၿပီး အတည္ျပဳခ်က္မ်ားရွိလာခဲ့မည္ဆိုပါက ဒုတိယေျမာက္ ေလယာဥ္တင္ သေဘၤာသည္ အေရွ႕အလယ္ပိုင္းေဒ သတြင္းတြင္ လည္ပတ္ေနၿပီးျဖစ္ေသာ ေလယာဥ္တင္ သေဘၤာ USS Abraham Lincoln ၏ တိုက္ခိုက္ေရးအဖြဲ႕ႏွင့္ ပူးေပါင္းမႈမ်ား လုပ္ေဆာင္ သြားမည္ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.