ဖားကန့်ဒေသတွင် KIA ၏မိုင်းထောင်ဖောက်ခွဲမှုများကြောင့် တစ်လအတွင်း လူ (၁၅) ဦးအထိ ထိခိုက်သေဆုံးခဲ့

 365

သန့်ဇင် (NP News) ဖေဖေါ်ဝါရီ -၁၅
ကချင်ပြည်နယ် ကျောင်းစိမ်းထွက်ရှိရာ ဖားကန့်ဒေသတွင် KIA ၏မိုင်းထောင်ဖောက်ခွဲမှု များကြောင့် တစ်လ အတွင်း လူ (၁၅)အထိ ထိခိုက် သေဆုံးခဲ့ရကြောင်း ဒေသခံများထံ NP News က ဆက်သွယ်မေးမြန်းထားသည့် အချက် အလက်များအရ သိရသည်။
မိုင်းထောင်ဖောက်ခွဲခြင်းများကို KIA က ပြီးခဲ့သည့် (၂၀၂၅) ခုနှစ် နိုဝင်ဘာကပင် ကျယ်ကျယ် ပြန့်ပြန့်လုပ် ဆောင်လာခဲ့ခြင်းဖြစ်ပြီး ယခုနှစ် ဖေဖော်ဝါရီလအတွင်း ဒေသခံ (၅) ဦးသေဆုံးကာ (၁၀) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“အဲဒီမှာ ကွမ်းယာခုံမှာလည်းထောင်လိုက်။ ပလတ်စတစ်ပုံးမှာလည်းထောင်လိုက်နဲ့ အဲဒီလိုပဲ လိုက်ထောင် ပြီးတော့ ဒီဘက်မှာ ကားကိုလည်း ယောကျာ်းလေး (၂) ယောက်စီးလာလည်း မသင်္ကာရင်လည်း ခွဲနေတာပဲ။ သေတာ တော့ (၄)ယောက်လောက်ရှိမယ်။ မှော်စီစာနားမှာလည်း (၅) ယောက်လောက်နဲ့ ထိခိုက်တာလည်း (၁၀)ယောက်မက တော့ဘူး။ အကုန်လုံး (၁၅) ယောက်လောက်ဖြစ်မယ်”ဟု ၎င်းက ပြောသည်။
ထို့သို့ KIA ၏ မိုင်းထောင်ဖောက်ခွဲမှုများသည် ဖားကန့်-မှော်စီစာလမ်းပိုင်းတစ်လျှောက်တွင် အများဆုံးဖြစ်ပွား လေ့ရှိပြီး ရံဖန်ရံခါ ဖားကန့်မြို့အတွင်းနှင့် အနီးနားကျေးရွာများအတွင်း၌လည်း ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။ “သူတို့က တည့်မှမတိုက်ရဲတာ အဲဒီလိုပဲလုပ်နေကြရတာပေါ့။ သွားရေးလာ ရေးကလည်း အဲဒီလမ်းတွေက မသွားဘဲ နဲ့လည်း နေလို့မှမရတာ။ အဲဒီဘက်ကလမ်းတွေထဲမှာ အဆိုးဆုံးလမ်းကတော့ ဖားကန့်-မှော်စီစာလမ်းပေါ့”ဟု အထက်ပါသတင်းရင်းမြစ်ကပြောသည်။
အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ (၁၂) ရက်ကလည်း ဖားကန့်မြို့နယ် တောင်ပြိုအပြင် လမ်းတွင် KIA က ထောင်ထားသည့် မြေမြှုပ်ဆွဲမိုင်းကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ (၃) ဦးအထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရ သည်။ ပြီးခဲ့သည့် ရက်ပိုင်းကလည်း ဖားကန့်မြို့နယ်အတွင်းသာမက ကချင်ပြည်နယ်အတွင်း KIA ထိန်းချုပ်ဒေသ များတွင် ဒေသခံများအား အဓမ္မဖမ်းဆီးပြန်ပေးဆွဲခြင်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
ဖားကန႔္ေဒသတြင္ KIA ၏မိုင္းေထာင္ေဖာက္ခြဲမႈမ်ားေၾကာင့္ တစ္လအတြင္း လူ (၁၅) ဦးအထိ ထိခိုက္ေသဆုံးခဲ့
သန႔္ဇင္ (NP News) ေဖေဖၚဝါရီ -၁၅
ကခ်င္ျပည္နယ္ ေက်ာင္းစိမ္းထြက္ရွိရာ ဖားကန႔္ေဒသတြင္ KIA ၏မိုင္းေထာင္ေဖာက္ခြဲမႈ မ်ားေၾကာင့္ တစ္လ အတြင္း လူ (၁၅)အထိ ထိခိုက္ ေသဆုံးခဲ့ရေၾကာင္း ေဒသခံမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားသည့္ အခ်က္ အလက္မ်ားအရ သိရသည္။
မိုင္းေထာင္ေဖာက္ခြဲျခင္းမ်ားကို KIA က ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္ ႏိုဝင္ဘာကပင္ က်ယ္က်ယ္ ျပန႔္ျပန႔္လုပ္ ေဆာင္လာခဲ့ျခင္းျဖစ္ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီလအတြင္း ေဒသခံ (၅) ဦးေသဆုံးကာ (၁၀) ဦး ထက္မနည္း ထိခိုက္ဒဏ္ရာ ရရွိခဲ့ေၾကာင္း သိရသည္။
“အဲဒီမွာ ကြမ္းယာခုံမွာလည္းေထာင္လိုက္။ ပလတ္စတစ္ပုံးမွာလည္းေထာင္လိုက္နဲ႔ အဲဒီလိုပဲ လိုက္ေထာင္ ၿပီးေတာ့ ဒီဘက္မွာ ကားကိုလည္း ေယာက်ာ္းေလး (၂) ေယာက္စီးလာလည္း မသကၤာရင္လည္း ခြဲေနတာပဲ။ ေသတာ ေတာ့ (၄)ေယာက္ေလာက္ရွိမယ္။ ေမွာ္စီစာနားမွာလည္း (၅) ေယာက္ေလာက္နဲ႔ ထိခိုက္တာလည္း (၁၀)ေယာက္မက ေတာ့ဘူး။ အကုန္လုံး (၁၅) ေယာက္ေလာက္ျဖစ္မယ္”ဟု ၎က ေျပာသည္။
ထို႔သို႔ KIA ၏ မိုင္းေထာင္ေဖာက္ခြဲမႈမ်ားသည္ ဖားကန႔္-ေမွာ္စီစာလမ္းပိုင္းတစ္ေလွ်ာက္တြင္ အမ်ားဆုံးျဖစ္ပြား ေလ့ရွိၿပီး ရံဖန္ရံခါ ဖားကန႔္ၿမိဳ႕အတြင္းႏွင့္ အနီးနားေက်း႐ြာမ်ားအတြင္း၌လည္း ျဖစ္ပြားေလ့ရွိေၾကာင္း သိရသည္။ “သူတို႔က တည့္မွမတိုက္ရဲတာ အဲဒီလိုပဲလုပ္ေနၾကရတာေပါ့။ သြားေရးလာ ေရးကလည္း အဲဒီလမ္းေတြက မသြားဘဲ နဲ႔လည္း ေနလို႔မွမရတာ။ အဲဒီဘက္ကလမ္းေတြထဲမွာ အဆိုးဆုံးလမ္းကေတာ့ ဖားကန႔္-ေမွာ္စီစာလမ္းေပါ့”ဟု အထက္ပါသတင္းရင္းျမစ္ကေျပာသည္။
အလားတူ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၁၂) ရက္ကလည္း ဖားကန႔္ၿမိဳ႕နယ္ ေတာင္ၿပိဳအျပင္ လမ္းတြင္ KIA က ေထာင္ထားသည့္ ေျမျမႇဳပ္ဆြဲမိုင္းေၾကာင့္ ကေလးငယ္တစ္ဦးေသဆုံးကာ (၃) ဦးအထိ ခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရ သည္။ ၿပီးခဲ့သည့္ ရက္ပိုင္းကလည္း ဖားကန႔္ၿမိဳ႕နယ္အတြင္းသာမက ကခ်င္ျပည္နယ္အတြင္း KIA ထိန္းခ်ဳပ္ေဒသ မ်ားတြင္ ေဒသခံမ်ားအား အဓမၼဖမ္းဆီးျပန္ေပးဆြဲျခင္းမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.