နိုင်ဂျီးရီးယားနိုင်ငံမှာ သေနတ်သမားတွေရဲ့ဝင်ရောက်စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃ဝ)ဦး သေဆုံး

475

Pika (NP News) - ဖေဖော်ဝါရီ ၁၆
နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း နိုင်ဂျာပြည်နယ်မှာရှိတဲ့ ရွာသုံးရွာကို သေနတ်သမားတွေရဲ့ဝင်ရောက် စီးနင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ(၃၀)ဦးသေဆုံးခဲ့တယ်လို့ တာဝန်ရှိသူတွေက ထုတ်ပြန်ပြောကြားခဲ့ပါ တယ်။
ဒါ့ပြင် သေနတ်သမားတွေက လူတွေကိုသတ်ဖြတ်ရုံတင်မဟုတ်ဘဲ နေအိမ်တွေနဲ့ ဆိုင်ခန်းတွေကိုလည်း မီးရှို့ ဖျက်ဆီးသွားခဲ့တယ်လို့ အသက်ရှင်လွတ်မြောက်လာတဲ့ဒေသခံတစ်ဦးက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
နိုင်ဂျီရီးယားနိုင်ငံ မြောက်ပိုင်းတစ်လျှောက်မှာ လူအသေအပျောက်များတဲ့တိုက်ခိုက်မှုတွေ၊ ပြန်ပေးဆွဲမှုတွေ နဲ့ ဝင်ရောက်စီးနင်းသတ်ဖြတ်မှုတွေမြင့်တက်လာတဲ့အချိန်မှာပဲ အကြမ်းဖက်သမားတွေရဲ့ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အကြမ်းဖက်သမားတွေရဲ့ထကြွသောင်းကျန်းမှုကြောင့် ဘေးကင်းလုံခြုံရေးဆိုင်ရာ စိုးရိမ်မှုတွေမြင့်တက်လာ ခဲ့ပြီး တည်ငြိမ်မှုတွေရှိအောင် လုပ်ဆောင်ပေးဖို့အတွက် အစိုးရအပေါ် ဖိအားတွေ မြင့်တက်လာခဲ့တယ်လို့လည်း သိရပါတယ်။ တာဝန်ရှိသူတစ်ဦးက “နိုင်ဂျာပြည်နယ်မှာရှိတဲ့ ရွာသုံးရွာကို သေနတ်သမားတွေက ဝင်ရောက်စီးနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီဝင်ရောက်စီးနင်းတိုက်ခိုက်မှုတွေကြောင့်ပဲ အနည်းဆုံးလူ(၃၀)ဦး လောက် သေဆုံးခဲ့ပြီး နေအိမ်နဲ့ဆိုင်ခန်းအများအပြား မီးရှို့ဖျက်ဆီးခံလိုက်ရပါတယ်” လို့ ပြောခဲ့ပါတယ်။

Zawgyi Version;
ႏိုင္ဂ်ီးရီးယားႏိုင္ငံမွာ ေသနတ္သမားေတြရဲ႕ဝင္ေရာက္စီးနင္းတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃ဝ)ဦး ေသဆုံး
Pika (NP News) - ေဖေဖာ္ဝါရီ ၁၆
ႏိုင္ဂ်ီးရီးယားႏိုင္ငံ အေနာက္ေျမာက္ပိုင္း ႏိုင္ဂ်ာျပည္နယ္မွာရွိတဲ့ ႐ြာသုံး႐ြာကို ေသနတ္သမားေတြရဲ႕ဝင္ေရာက္ စီးနင္းတိုက္ခိုက္မႈေၾကာင့္ အနည္းဆုံးလူ(၃၀)ဦးေသဆုံးခဲ့တယ္လို႔ တာဝန္ရွိသူေတြက ထုတ္ျပန္ေျပာၾကားခဲ့ပါ တယ္။
ဒါ့ျပင္ ေသနတ္သမားေတြက လူေတြကိုသတ္ျဖတ္႐ုံတင္မဟုတ္ဘဲ ေနအိမ္ေတြနဲ႔ ဆိုင္ခန္းေတြကိုလည္း မီးရႈိ႕ ဖ်က္ဆီးသြားခဲ့တယ္လို႔ အသက္ရွင္လြတ္ေျမာက္လာတဲ့ေဒသခံတစ္ဦးက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
ႏိုင္ဂ်ီရီးယားႏိုင္ငံ ေျမာက္ပိုင္းတစ္ေလွ်ာက္မွာ လူအေသအေပ်ာက္မ်ားတဲ့တိုက္ခိုက္မႈေတြ၊ ျပန္ေပးဆြဲမႈေတြ နဲ႔ ဝင္ေရာက္စီးနင္းသတ္ျဖတ္မႈေတြျမင့္တက္လာတဲ့အခ်ိန္မွာပဲ အၾကမ္းဖက္သမားေတြရဲ႕ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံေပၚေပါက္လာတာျဖစ္ပါတယ္။
ဒါ့ျပင္ အၾကမ္းဖက္သမားေတြရဲ႕ထႂကြေသာင္းက်န္းမႈေၾကာင့္ ေဘးကင္းလုံၿခဳံေရးဆိုင္ရာ စိုးရိမ္မႈေတြျမင့္တက္လာ ခဲ့ၿပီး တည္ၿငိမ္မႈေတြရွိေအာင္ လုပ္ေဆာင္ေပးဖို႔အတြက္ အစိုးရအေပၚ ဖိအားေတြ ျမင့္တက္လာခဲ့တယ္လို႔လည္း သိရပါတယ္။ တာဝန္ရွိသူတစ္ဦးက “ႏိုင္ဂ်ာျပည္နယ္မွာရွိတဲ့ ႐ြာသုံး႐ြာကို ေသနတ္သမားေတြက ဝင္ေရာက္စီးနင္း တိုက္ခိုက္မႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အဲဒီဝင္ေရာက္စီးနင္းတိုက္ခိုက္မႈေတြေၾကာင့္ပဲ အနည္းဆုံးလူ(၃၀)ဦး ေလာက္ ေသဆုံးခဲ့ၿပီး ေနအိမ္နဲ႔ဆိုင္ခန္းအမ်ားအျပား မီးရႈိ႕ဖ်က္ဆီးခံလိုက္ရပါတယ္” လို႔ ေျပာခဲ့ပါတယ္။