ဗြိတိန်နိုင်ငံကို ဘာသာခြားတို့ ဝါးမျိုနေပြီလား

165

Htay Oung (NP News) - ဖေဖော်ဝါရီ ၁၇
ဝက်ဖို့ဒ်မြို့ လန်လေးလမ်းရှိ ယခင် စိန့်သော မတ်ဘုရားရှိခိုးကျောင်းကို မွတ်စလင်ဗလီအဖြစ် ပြောင်းလဲရန် မြို့တော်ကောင်စီက အတည်ပြုလိုက်တယ်လို့ ဝက်ဖို့ဒ် ဒေသန္တရသတင်းစာ (4 February 2026) က ရေးပါတယ်။ ဝက်ဖို့ဒ်ဆိုတာ အင်္ဂလန်နိုင်ငံ အရှေ့ပိုင်း ဟာ့ဖို့ဒ်ရှိုင်းယားကောင်တီရှိ မြို့လေး တစ်မြို့ဖြစ်ပြီး လန်ဒန်မြို့လယ်မှ အနောက်မြောက်ဘက် (၁၅) မိုင်ခန့်အကွာမှာတည်ရှိပါတယ်။ လူဦးရေ တစ်သိန်းကျော်ခန့် နေထိုင်ကြရာ ပုံနှိပ်နဲ့ ဘီယာချက်လုပ်ငန်းတို့ကြောင့် လူသိများပါတယ်။
သတင်းပါ “စိန့်သောမတ်ယူနိုက်တက် ခရစ်ယာန်သာသနာပြုပြင်ရေးဘုရားကျောင်း”ကို (၁၉၇၆) ခုနှစ်မှာဖွင့်လှစ်ခဲ့ပြီး ဒေသရဲ့ ထင်ရှားတဲ့အမှတ်အသား စက္ကူစာရွက် ပုံသဏ္ဌာန် ဆောက်လုပ် ထားပါတယ်။ ဒါပေမဲ့ ဖွဲ့စည်းတည်ဆောက်မှုဆိုင်ရာ ပြဿနာတွေကြောင့် အသုံးပြုဖို့မသင့်တော်တဲ့ အတွက် ပြင်ဆင်မှုတွေပြုလုပ်နေခဲ့ရပြီး (၂၀၁၅)ခုနှစ်မှာ စတင်ပိတ်ထားလိုက်ရပါတယ်။ ဘုရားကျောင်း ဟာ အင်္ဂလိကန်အသင်းတော်နဲ့ နီးကပ်စွာဆောင်ရွက်လေ့ရှိပေမယ့် (၁၉၇၂)ခုနှစ်မှာ စတင် ပေါ်ပေါက် လာတဲ့ URC ခေါ် သီးခြားပရိုတက်စ်တင့်ဂိုဏ်းကွဲတစ်ခုဖြစ်ပါတယ်။ လန်လေးလမ်းမှာ တည်ရှိတဲ့ အဲဒီ ဘုရားကျောင်းကိုပိတ်ထားရပေမယ့် အသင်းသားတွေဟာ လမ်းမြောက်ပိုင်း မက်သဒစ် အသင်းတော်မှာ စုဝေးပူးပေါင်းပြီး ဆက်လက်ဝတ်ပြုနေခဲ့ကြပါတယ်။
မူလဘုရားကျောင်းနေရာကို အယ်လ်အွမ်မာ အစ္စလာမ်စင်တာခေါ် မွတ်စလင်ဝတ်ပြုရာနေရာအ ဖြစ် အသုံးပြုခွင့်ပေးရန် ဝက်ဖို့ဒ်မြို့တော်ကောင်စီဖွံ့ဖြိုးတိုးတက်ရေးစီမံခန့်ခွဲမှုကော်မတီက မဲခွဲအတည် ပြုခဲ့ကြပါတယ်။ တကယ်တော့ စိန့်သောမတ်စ်ဘုရားကျောင်းနေရာကို မွတ်စလင်ဘဏ္ဍာရေးအဖွဲ့ တစ်ခု ထံ စတာလင်ပေါင်ငွေ (၃.၅)သန်းဖြင့် ရောင်းချခြင်းဖြစ်ပြီး၊ မွတ်စလင်အဖွဲ့က ဗလီတစ်ခုအဖြစ် ဖန်တီးရုံ သာမက ကလေးထိန်းဌာန၊ ကော်ဖီဆိုင်အဖြစ်ပြောင်းလဲခြင်းအားဖြင့် ဒေသခံတို့ရဲ့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်လိမ့်မယ်လို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်ပါတယ်။
ဒီကိစ္စကို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း အချေအတင်ဆွေးနွေးခဲ့ကြပြီး ကားပါကင်နေရာ၊ အသံ ဗလံ ဆူညံနိုင်ခြေနဲ့ ဘာသာရေးဆိုင်ရာစိုးရိမ်မှုတွေကြောင့် (၃၇)ဦးက ကန့်ကွက်ခဲ့ကြပါတယ်။ ကားရပ် နားရန်နေရာပြဿနာတွေဟာ စီမံခန့်ခွဲနိုင်တဲ့ကိစ္စဖြစ်ပြီး ဘာသာရေးဆိုင်ရာထိခိုက်နိုင်ကြောင်း ကန့် ကွက်မှုတွေဟာ စီမံကိန်းဆုံးဖြတ်ချက်တွေနဲ့မသက်ဆိုင်ကြောင်း လူ (၈၄)ဦးကထောက်ခံခဲ့ကြပါတယ်။ ဒီအတွက် မွတ်စလင်ဗလီဟာ လာမယ့်နွေရာသီမှာ ဖွင့်လှစ်နိုင်မယ်လို့မျှော်လင့်ရပါတယ်။
ဒီကိစ္စဟာ နိုင်ငံတကာမှာ အတော်လှုပ်ခတ်မှုရှိတဲ့သတင်းမျိုးဖြစ်ပါတယ်။ အပေါ်ယံကြည့်ရင် ဗြိ တိန်မှာ ခရစ်ယာန်သာသနာဟာ ဆုတ်ယုတ်ကျဆင်းပြီး အစ္စလာမ်ဘာသာက ဝါးမျိုနေသယောင်
ထင်မှတ်ရပါတယ်။ တကယ်တော့ ဗြိတိန်တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ကြည့်လျှင် ခရစ်ယာန် ဘုရား ကျောင်းတွေအားလုံး မွတ်စလင်ဗလီများအဖြစ် စနစ်တကျ ပြောင်းလဲခံနေရတယ်လို့တော့ မဆိုနိုင်ပါ ဘူး၊ ယူကေ နိုင်ငံမှာ အထူးသဖြင့် အင်္ဂလိကန်အသင်းတော်၊ မက် သဒစ်နဲ့ ဘက်ပ်တစ်၊ URC ခေါ် သီးခြား ပရိုတက်စ်တင့်ဂိုဏ်းကွဲဆိုင်ရာ ဘုရားကျောင်းအရေအတွက်ဟာ သိသိသာသာများပြားနေခဲ့ပါတယ်။ ဒီအတွက် ရေရှည်မှာ ဘုရားကျောင်းတက်ရောက်သူ နည်းပါးခြင်း၊ အဆောက်အအုံထိန်းသိမ်းရေးစရိတ် တွေကြောင့် ဘုရားကျောင်းအတော်များများဟာ “ပိုလျှံ”အနေအ ထားရောက်ရှိလာပြီး ပိတ်သိမ်းထားရ ခြင်း၊ ကွန်ဒိုမီ နီယံတွေ၊ ရုံးခန်း၊ လူမှုရေးခန်းမ၊ နေအိမ်အဖြစ်ပြောင်း လဲအသုံးပြုနေကြတယ်။
အင်္ဂလိကန်အသင်းတော်တစ်ခုတည်းမှာပင် ဝတ်ပြုဆုတောင်းရာနေရာအဖြစ်အသုံးပြုရန် မလို အပ်တော့ကြောင်းကြေညာနေရတဲ့ ဘုရားကျောင်းအရေအတွက်ဟာ နှစ်စဉ် ဒါဇင်နဲ့ချီရှိနေပါတယ်။ မွတ်စလင်ဗလီဖြစ်သွားရခြင်းဟာ အဲဒီဘုရားကျောင်းတွေကို တခြားနည်း ပြန်လည်အသုံးပြုခြင်းတွေ အနက် တစ်ခုသာလျှင်ဖြစ်ပြီး ယူကေတစ်နိုင်ငံလုံးအနေနဲ့ ကြည့်ရင် ဗလီဖြစ်သွားတဲ့ဘုရားကျောင်း အရေအတွက်ဟာ အလွန်နည်းတယ်လို့ သတ်မှတ်နိုင်ပါတယ်။ တခြားတစ်ဖက်မှာတော့ ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာဝင်ဦးရေဟာ သိသိသာသာတိုးတက်လာနေတာ အမှန်ဖြစ်ပါတယ်။ ဒီအတွက် ဝတ်ပြု ဆုတောင်းနိုင်ဖို့ ကျယ်ဝန်းတဲ့ ဗလီအရေအတွက်နဲ့ မွတ်စလင်စင်တာတွေ လိုအပ်နေပါတယ်။ အဲဒီအခါ အသုံးမပြုတော့တဲ့ဘုရားကျောင်းတွေကိုဝယ်ယူပြီး ပြန်လည်အသုံးချတာတွေဖြစ်လာပါတယ်။ အ ဆောက်အအုံ၊ မြေယာ သုံးပြုမှု၊ ပြုပြင်ပြောင်းလဲမှု စည်းမျဉ်းစည်းကမ်းများဆိုင်ရာ ဗြိတိန်နိုင်ငံရဲ့ “မြို့ပြ စီမံကိန်း ဥပဒေ”မှာ ခရစ်ယာန်ဘုရားကျောင်းကို ဗလီအဖြစ်ပြောင်းလဲခြင်းမပြုအောင်တားမြစ် ထားခြင်း မရှိပါဘူး၊ တရားဝင်လျှောက်ထားလာခဲ့ရင် မြို့ရွာ စည်ပင်သာယာရေးလိုအပ်ချက်အရ ဒေသန္တရ အာ ဏာပိုင်တွေက ခွင့်ပြုပေးနိုင်ပါတယ်။
မျက်မှောက်ခေတ်ကမ္ဘာကြီးရဲ့ (၂၈.၈%)ဖြစ်တဲ့ လူဦးရေ (၂.၆)ဘီလျံဟာ ခရစ်ယာန်ဘာသာဝင် တွေဖြစ်ပြီး (၂၅.၆%) ရှိတဲ့လူဦးရေ (၂)ဘီလျံဟာ မွတ်စ လင်တွေဖြစ်ပါတယ်။ Atheist ဘုရားမဲ့ Irreligi- ous ဘာသာမဲ့လူဦးရေ (၁၆%) (၁.၉)ဘီလျံရှိပြီး (၁၄.၉%)မှာ ဟိန္ဒူ (၁.၂) ဘီလျံ ရှိပါတယ်။ ဗုဒ္ဓဘာသာ ဟာ အနည်းဆုံးဖြစ်ပြီး ကမ္ဘာ့လူဦးရေရဲ့ (၇%) သန်း (၅၀ဝ)မျှသာရှိ ပါတယ်။ ဂျူးဘာသာ-ဆစ်ခ်၊ ရိုးရာ ကိုးကွယ်မှုစသဖြင့် ရှိသေးပေမယ့် ကမ္ဘာ့လူဦးရေနဲ့စာရင် ရာခိုင်နှုန်းအလွန်နည်းပါတယ်။
ဒီနေရာမှာ ခရစ်ယာန်တိုင်းပြည်တွေရဲ့လူဦးရေ တိုးနှုန်းဟာ နှစ်စဉ်ကျဆင်းနေပြီး မွတ်စလင် တိုင်းပြည်တွေမှာ သားသမီးမွေးဖွားနှုန်းမြင့်မားကြတယ်။ ဒါကြောင့် လာမယ့် (၂၀၅၀)ပြည့်နှစ် ကမ္ဘာ့ လူဦးရေ (၃၁%) ဟာ ခရစ်ယာန်တွေဖြစ်ပြီး (၃၀%) ကျော်ဟာ မွတ်စလင်တွေဖြစ်နေလိမ့်မယ်လို့ ဝါရှင် တန် ဒီစီအခြေစိုက် ဘက်လိုက်မှုမရှိသော “ပျူးသုတေသနစင်တာ” ကခန့်မှန်းပါတယ်။ အရေအတွက် မတိမ်းမယိမ်းလို့ ဆိုလိုပါတယ်။ သားသမီးမွေးဖွားနှုန်းကျဆင်းတဲ့ တိုင်းပြည်တွေမှာ ဘုရားမဲ့၊ ဘာသာမဲ့ ဝါဒီ အများစုနိုင်ငံတွေလည်းပါဝင်ကြောင်း သတိပြုမိစေလိုပါတယ်။ ဟိန္ဒူတိုင်းပြည်မှာတော့ လူဦးရေ တိုးနှုန်း တည်ငြိမ်ပေမယ့် ဗုဒ္ဓဘာသာဝင်အများစုတိုင်းပြည်တွေမှာ လျော့ကျနေပါတယ်။ ဒါပေမဲ့ ဟိန္ဒူနဲ့ ဗုဒ္ဓဘာသာဝင်အများစု တိုင်းပြည်တွေမှာ ဘာသာရေးဟာ ယဉ်ကျေးမှုနဲ့ တင်းကြပ်စွာချိတ်ဆက်နေပြီး သားစဉ်မြေးဆက် လက်ဆင့်ကမ်းနိုင်မှု အားကောင်းခိုင်မာပါတယ်။ လူအများဆုံးကိုးကွယ်ရာ ဘာသာ များဖြစ်လာနိုင်မှာမဟုတ်ပေမယ့်အပြောင်းအလဲမရှိ ဆက်လက်ရပ်တည်နေကြပါလိမ့်မယ်လို့ ခန့်မှန်း ရတယ်။
ဗြိတိန်နိုင်ငံရဲ့ မွတ်စလင်အရေအတွက်တိုးတက်လာနေမှုဟာ ခရစ်ယာန် သို့မဟုတ် ဘာသာမဲ့ တွေထက် အရွယ်ရောက်သူဦးရေ ပိုမိုများပြားခြင်း၊ သား သမီးမွေးဖွားနှုန်း အနည်းငယ် ပိုမိုခြင်းတို့ ကြောင့်ဖြစ်ကြောင်း နိုင်ငံတကာ လူဦးရေလေ့လာမှုစာရင်းတွေမှာ တွေ့ရှိရတယ်၊ ဒါပေမဲ့ ရွှေ့ပြောင်း နေထိုင်မှု Immigration ဟာ အဓိကအရေးပါဆုံးဖြစ်ကြောင်း မငြင်းနိုင်ပါဘူး။ ဗြိတိသျှတို့ဟာ ကမ္ဘာအနှံ့ နေမဝင် အင်ပါယာထူထောင်ပြီး လူကိုလူချင်း ကိုလိုနီပြုခဲ့ပါတယ်။ နောက်ဆက်တွဲ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ တခြား ဗြိတိသျှ ဓနသဟာယနိုင်ငံများမှ လုပ်သားတွေဟာ (၁၉၅၀) မှ (၁၉၇၀) ပြည့်လွန်နှစ်များမှာ ဝင်ရောက်လာခဲ့ကြပါတယ်။
နိုင်ငံတကာစစ်ပွဲများမှာ ပါဝင်ပတ်သက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေနဲ့လူ့အခွင့်အရေးဆိုင်ရာ ခိုလှုံခွင့်ရှာဖွေသူတွေကိုလည်း လက်ခံခဲ့ရပါတယ်။ ဆိုမာ လီယာ၊ အီရတ်၊ ဆီးရီးယား၊ အီရန်၊ အာဖဂန် နစ္စတန် စသဖြင့် အကျပ်အတည်းနဲ့ စစ်ဒဏ်သင့်နိုင်ငံများမှ ပြောင်းရွှေ့လာသူတွေဟာ ဗြိတိန်မှာ လာ ရောက်ခိုလှုံကြပါတယ်။
အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်ခဲ့တဲ့အတွက် ဥရောပ သမဂ္ဂအတွင်း လွတ်လပ်စွာရွှေ့ပြောင်းနိုင်ခွင့်အရ ဘူလ်ဂေးရီးယား၊ ရိုမေးနီးယားနိုင်ငံသားတို့ကိုလက် ခံခဲ့ရာ မွတ်စလင်လူနည်းစုများလည်း ပါဝင်ခဲ့ပါ တယ်။ ဗြိတိန်ရဲ့ (၂၀၂၁)ခုနှစ် နောက်ဆုံးတရားဝင်သန်း ခေါင်စာရင်းအရ မွတ်စလင်ဘာသာဝင်လူဦးရေ (၃.၉)သန်းရှိပြီး တစ်နိုင်ငံလုံးရဲ့ (၆.၅%)ရှိပါတယ်။ (၂၀၁၁) သန်းခေါင်စာရင်းမှာ (၂.၇) သန်း (၄.၉%) ရှိခဲ့တဲ့အတွက် (၁၀)နှစ်အတွင်း တိုးတက်မှု အလွန်များပြားကြောင်း သိသာနေပါတယ်။ အဲဒီနောက်ပိုင်း တရားဝင်သန်းခေါင်စာရင်းကောက်ယူမှုမပြုခဲ့ပေမယ့် (၂၀၂၄)ခုနှစ် လန်ဒန်မြို့လူဦးရေ (၁၅%)မှာ မွတ် စလင်များဖြစ်ကြပြီး၊ ဗြိတိန်တစ်နိုင်ငံလုံးမှာ (၆.၈%)မှ (၇.၂%)ခန့် လူဦးရေ (၄.၃)သန်းခန့်ရှိနိုင်တယ်လို့ ခန့်မှန်းရပါတယ်။
ဒီကိန်းဂဏန်းတွေဟာ ခန့်မှန်းချက်သာဖြစ်ပြီး (၂၀၂၁)ခုနှစ်နောက်ပိုင်း ရွှေ့ပြောင်းနေထိုင်မှု ပုံစံများ (ဥပမာ ဥရောပသမဂ္ဂမှ ယူကေနုတ်ထွက်ပြီးနောက် ဥပဒေများပြောင်းလဲမှု၊ ယူကရိန်း စစ်ဘေး ဒုက္ခသည် များရောက်ရှိမှုအပေါ်တွင် မူတည်ပါလိမ့်မယ်။ ဒါပေမဲ့ ဗြိတိန်တစ်နိုင်ငံလုံးမှာ မွတ်စလင် ဘာ သာဝင်အရေအတွက်ဟာ (၆.၅%)သာရှိနိုင်ပြီး တိုင်းပြည်ကို ဘာသာခြားတို့က ဝါးမျိုနေပြီဖြစ်ကြောင်း၊ လူဦးရေ (၅၀%) ကျော်လွန်လာပြီဖြစ်တဲ့အတွက် ရှာရီယာဥပဒေ အ ခြေခံအုပ်ချုပ်ရေး ပြဋ္ဌာန်းပေးရန် မွတ်စလင်တို့က ဆန္ဒပြတောင်းဆိုကြောင်း လူမှုကွန်ရက်ပို့စ်တွေဟာ ဖြတ်ညှပ်ကပ် သတင်းမှားတွေသာ ဖြစ်ပါတယ်။ ဗြိ တိန်နိုင်ငံရဲ့ တရားစီရင်ရေးစနစ်အရ အဲဒီလိုပြဋ္ဌာန်း ဖို့မဖြစ်နိုင်သလို တောင်းဆိုမှုတွေ လည်းမရှိခဲ့ပါ။
(၂၀၂၅)ခုနှစ် ဧပြီလမှာ စတင်ပြီး ယူကေနိုင်ငံ မှာ “လူဝင်မှုကြီးကြပ်ရေး”(မူဝါဒ) ဆန့်ကျင်ဆန္ဒပြ ပွဲတွေဖြစ်ပွားခဲ့ပါတယ်။ တချို့နေရာတွေမှာ အကြမ်း ဖက်မှုတွေအဖြစ်ပြောင်းလဲသွားတဲ့အတွက် ရဲတပ် ဖွဲ့ဝင်(၄၀)ကျော် ဒဏ်ရာရရှိ၊ လူပေါင်း (၁၄၀)ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။ လန်ဒန်မြို့မှာ လူပေါင်း တစ် သိန်းခွဲ၊ နိုင်ငံအနှံ့ လူ (၅)သိန်းခန့် ဆန္ဒပြကြခြင်းရဲ့ အဓိကရည်ရွယ်ချက်မှာ ခိုလှုံခွင့်တောင်းခံသူတွေကို အဆင့်မြင့်ဟိုတယ်တွေမှာ နေရာထိုင်ခင်းစီစဉ်ပေးတဲ့ ဗြိတိန်အစိုးရရဲ့လုပ်ရပ်အပေါ် ဆန့်ကျင်ကန့်ကွက် ခြင်းဖြစ်ပြီး ဆန္ဒပြပွဲတချို့ကတော့ ရွှေ့ပြောင်းဝင် ရောက်လာသူတွေကို ကန့်ကွက်ရှုတ်ချမှုတွေရှိခဲ့ပါ တယ်။ မွတ်စလင်ရယ်လို့ သီးခြားသတ်မှတ်ခြင်း မဟုတ်ဘဲ မည်သည့်နိုင်ငံကမဆို ရွှေ့ပြောင်းဝင်ရောက် လာသူအားလုံးကို ရည်ရွယ်ပါတယ်။
အဲဒီဆန္ဒပြပွဲတွေကို မွတ်စလင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအဖြစ် ကမ္ဘာက ရှုမြင်ခြင်းမှာ ဆန္ဒပြပွဲ များ ဖြစ်ပေါ်စေရန် ဦးဆောင်စည်းရုံးသူ “တိုမီရော်ဘင်ဆင်”မှာ “အစ္စလာမ်ဆန့်ကျင်ရေး” “လက်ယာ အစွန်းရောက်” “တစ်ဇောက်ကန်း အမျိုးသားရေးဝါဒီ” တစ်ဦးဖြစ်နေလို့ပါ။ သူ့ကိုယ်သူ ဖရီးလင့်စ် သတင်းထောက်တစ်ဦးအဖြစ် ထုတ်ဖော်ပြောဆိုသူ ရော်ဘင်ဆင်ဟာ (၂၀ဝ၅)ခုနှစ်မှ အနှစ်(၂၀)အတွင်း စုစုပေါင်း ထောင်ဒဏ် (၅) နှစ် ကျခံခဲ့ရဖူးသူဖြစ်ပါတယ်။ နောက်ဆုံးအကြိမ်မှာ (၂၀၂၁) ခုနှစ် “ဟတ်ဒါ စဖီးလ်” စာသင်ကျောင်းမှ အသက်(၁၅)နှစ်အရွယ် ဒုက္ခသည် မိန်းကလေးတစ်ဦးကို မဟုတ်မမှန် အသ ရေဖျက်မှုဖြင့် ဒဏ်ငွေ ပေါင်တစ်သိန်းနဲ့ တရားစရိတ်များပေးဆောင်စေရန် စီရင်ခံရခြင်းဖြစ်ပါတယ်။ အသရေဖျက်မှုအကြိမ်ပေါင်းများစွာအပြင် တရားရုံးတော်ရဲ့ ခြေချုပ်အမိန့်ကို ဖောက်ဖျက်ခြင်း၊ တရားရုံး တော်ကို မထီမဲ့မြင်ပြုမှုများလည်း ရှိခဲ့ပါတယ်။
အွန်လိုင်းမှာသတင်းအမှားများ ဖြန့်ဝေကြောင်း စွပ်စွဲခံရသူများမှာ တိုမီရော်ဘင်ဆင်ကိုယ်တိုင်နဲ့ ဗြိ တိန် ပထမ၊ အမိမြေပါတီနဲ့ UKIP လို မျိုးချစ်အဖွဲ့ အစည်းအမည်ခံ လက်ယာစွန်းအုပ်စုတွေ ဖြစ်ပါ တယ်။ ကန့်ကွက်ပွဲတွေနဲ့ တခြားဆန္ဒပြပွဲတွေကို တမင်ရည်ရွယ်ပေါင်းစပ်ပြီး သတင်းတုတွေနဲ့ ပုံကြီးချဲ့ဖို့ အတွက် လူမှုကွန်ရက်ပလက်ဖောင်းတွေကို အဓိကအသုံးပြု ခဲ့ကြပါတယ်။ အထူးသဖြင့် What App, Telegram နဲ့ Facebook အပြင် X (ယခင် Twitter) မှာ အဓိပ္ပာယ်ကောက်ယူလွဲမှားစေတဲ့သတင်းတွေ ကိုဖော်ပြပြီး အစွန်းရောက်လှုပ်ရှားမှုတွေ၊ အကြမ်းဖက်တွေဖြစ်ပေါ်လာစေဖို့သွေးထိုးလှုံဆော်ခဲ့ကြ ပါ တယ်။
အဲဒီပါးစပ်စကားတွေကို အတည်လုပ်ပြီး သတင်းအဖြစ်ဖော်ကြတဲ့ မီဒီယာတွေကတော့ Daily Mail, The Sun တို့လို Tabloid လူပြိန်းကြိုက် အပျော်ဖတ်သတင်းစာတွေဖြစ်ပြီး Muslim over “မွတ် စလင်တွေလွှမ်းမိုးနေပြီ”လို့ ပြူးတူးပြဲတဲခေါင်းစဉ်တပ်ပြီး ဖော်ပြခဲ့ကြပါတယ်။ ဂိုဏ်းဂဏ အုပ်စုချင်း ပြိုင်ဆိုင်ရာမှာ ထောက်ခံအင်အား ရှာဖွေနေသူတွေကလည်း မွတ်စလင်ဘာသာဝင်တို့အပေါ် လူထုအ မြင်တိမ်းစောင်းအောင် ခြောက်လုံး လှန့်လုံးတွေနဲ့ စည်းရုံးကြပါတယ်။
တကယ်တော့ ဂျူးဘာသာ-ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်တို့မှာ Abrahamic Religions အာဗြ ဟံ အခြေခံဘာသာတွေအဖြစ်လူသိများပါတယ်။ တစ်ဆူတည်းသော ဘုရားသခင်အပေါ် အခြေခံ ယုံ ကြည်ပြီး ပရောဖက်ပြု ထုံးတမ်းစဉ်လာတွေ၊ အာဗြဟံမှဆင်းသက်လာတဲ့ ဝိညာဉ်ရေးရာ အမွေအနှစ် တွေကို ဆက်ခံပြီး ဖန်ဆင်းခြင်း၊ ဗျာဒိတ်တော်နဲ့ ကျင့်ဝတ်ဆိုင်ရာတာဝန်တွေမှာ တူညီကြပါတယ်။ ဒါကြောင့် ခရစ်ယာန်ဘာသာနဲ့ အစ္စလာမ်ဘာသာကြား အပြန်အလှန် ကူးပြောင်းမှုတွေကိုတွေ့ရှိရပါ တယ်။ ပါလက်စတိုင်း ဟားမတ်စ်အဖွဲ့ကို ပူးတွဲတည်ထောင်သူ မိုဆက်ဟာဆန်ယူဆွတ်ရဲ့ သား အရင်း ဟာ (၁၉၉၀) ပြည့်နှစ်မှာ ခရစ်ယာန်ဘာသာကိုကူးပြောင်းသွားပြီး နှစ်ခြင်းခံယုူခဲ့ပါတယ်။ အလားတူ အစ္စလာမ်ဘာသာမှ ခရစ်ယာန်အဖြစ်- တစ်ဖန် ခရစ်ယာန်မှ အစ္စလာမ်အဖြစ်ကူးပြောင်းခြင်းများဟာ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတချို့မှာ ရှိတတ်ပါတယ်။
ဒါပေမဲ့ အရှေ့အလယ်ပိုင်းနိုင်ငံအများစုမှာ အစ္စလာမ်မှ ခရစ်ယာန်ကူးပြောင်းခြင်းဟာ တရားရေး ဆိုင်ရာပြဿနာတွေနဲ့ မိသားစုဝိုင်းပယ်ခံရခြင်းများ ဖြစ်တတ်ပါတယ်။ အနောက်နိုင်ငံတွေမှာတော့ အစ္စ လာမ်ဘာသာဝင်အဖြစ်ကူးပြောင်းခြင်းကို ဘာသာရေးလွတ်လပ်ခွင့်ဥပဒေက အကာအကွယ်ပေးထားပါ တယ်။
အရှေ့အလယ်ပိုင်း ဂါဇာစစ်ပွဲဖြစ်ပွားပြီးနောက် ဗြိတိန်နိုင်ငံမှာ အစ္စလာမ်ဘာသာသို့ ကူးပြောင်း သူ များပြားလာကြောင်း “တယ်လီဂရပ်ဖ် သတင်းစာ” (2 December 2025)ကရေးပါတယ်။ အဲဒီလိုဖြစ် ရခြင်းမှာ အဖွဲ့အစည်းတစ်ခုခုက ဟောပြောစည်းရုံးကြောင်း အထောက်အထား မတွေ့ရဘူးလို့ဆိုပါ တယ်။ ဘာသာရေးဆိုင်ရာ စနစ်တကျ စည်းရုံးဟောပြောခြင်းများကြောင့်မဟုတ်ဘဲ လူမူရေး စိတ် ခံစားချက်အကြောင်းရင်းခံများအရဖြစ်ကြောင်း၊ ဂါဇာနေ ပါလက် စတိုင်းတို့အပေါ် လူမှုဖိနှိပ်ခြင်းကို အသိအမြင်တိုးပွားလာခြင်း၊ ကူညီစာနာစိတ်ကြောင့်ဖြစ်ကြောင်း၊ ပါလက်စတိုင်းလိုလားသူတွေရဲ့ ဆန္ဒပြပွဲတွေကို တိမ်းညွှတ်ခြင်း၊ လူမှုကွန်ရက်များမှာ အစ္စလာမ်ဓလေ့ ယဉ်ကျေးမှု၊ စာပေရေးရာ အပြု သဘောဆောင် ဟောပြောမှုများအရဖြစ်ကြောင်း IIFL ခေါ် ယုံကြည်မှုဆိုင်ရာသုတေသနအဖွဲ့အစီရင် ခံစာမှာ ဖော်ပြထားပါတယ်။
အစ္စလာမ်ဘာသာသို့ ကူးပြောင်းကြသူများရဲ့ (၂၀%)ဟာ ကမ္ဘာ့စစ်ရေးတင်းမာမှုများကြောင့်ဖြစ် ပြီး နေ့စဉ်ဘဝကို အနှောင့်အယှက်ဖြစ်စေတဲ့ အ တွေးအမြင်တွေကြောင့် (၁၈%)ရှိနေပါတယ်။ မီဒီယာ တို့အပေါ် ယုံကြည်ရန်ခက်ခဲပြီး ကမ္ဘာကြီးဟာ တရားမျှတခြင်း ဖြောင့်မတ်မှန်ကန်ခြင်းမရှိကြောင်း၊ အစ္စလာမ်ဟာ အဓိပ္ပာယ်ဖော်ပြချက်နဲ့ စည်းကမ်းစနစ် ပါဝင်ပြီး တိကျတဲ့ဘဝနေနည်းပါဝင်ခြင်းကြောင့် ဖြစ်တယ်လို့သိရှိရပါတယ်။ ဒီလိုပါပဲ ကျွန်တော်တို့တွေဟာ ဘုရားကိုအယုံအကြည်မရှိ-ဘာသာမဲ့ ဖြစ် ကြောင်း ဘယ်လိုပဲ ကြွေးကြော်ကြပါစေ ရင်ဆိုင်ရန် ခက်ခဲတဲ့ မတရားမှုတွေနဲ့ အားကိုးရာမဲ့ဖြစ်တဲ့အခါ ကိုးကွယ်ရာ ဘာသာတရားတစ်ခုခုဆီကို ဦးတည်ဖို့ ဖြစ်လာတတ်ပါတယ်။

Zawgyi Version;
ၿဗိတိန္ႏိုင္ငံကို ဘာသာျခားတို႔ ဝါးမ်ိဳေနၿပီလား
Htay Oung (NP News) - ေဖေဖာ္ဝါရီ ၁၇
ဝက္ဖို႔ဒ္ၿမိဳ႕ လန္ေလးလမ္းရွိ ယခင္ စိန႔္ေသာ မတ္ဘုရားရွိခိုးေက်ာင္းကို မြတ္စလင္ဗလီအျဖစ္ ေျပာင္းလဲရန္ ၿမိဳ႕ေတာ္ေကာင္စီက အတည္ျပဳလိုက္တယ္လို႔ ဝက္ဖို႔ဒ္ ေဒသႏၲရသတင္းစာ (4 February 2026) က ေရးပါတယ္။ ဝက္ဖို႔ဒ္ဆိုတာ အဂၤလန္ႏိုင္ငံ အေရွ႕ပိုင္း ဟာ့ဖို႔ဒ္ရႈိင္းယားေကာင္တီရွိ ၿမိဳ႕ေလး တစ္ၿမိဳ႕ျဖစ္ၿပီး လန္ဒန္ၿမိဳ႕လယ္မွ အေနာက္ေျမာက္ဘက္ (၁၅) မိုင္ခန႔္အကြာမွာတည္ရွိပါတယ္။ လူဦးေရ တစ္သိန္းေက်ာ္ခန႔္ ေနထိုင္ၾကရာ ပုံႏွိပ္နဲ႔ ဘီယာခ်က္လုပ္ငန္းတို႔ေၾကာင့္ လူသိမ်ားပါတယ္။
သတင္းပါ “စိန႔္ေသာမတ္ယူႏိုက္တက္ ခရစ္ယာန္သာသနာျပဳျပင္ေရးဘုရားေက်ာင္း”ကို (၁၉၇၆) ခုႏွစ္မွာဖြင့္လွစ္ခဲ့ၿပီး ေဒသရဲ႕ ထင္ရွားတဲ့အမွတ္အသား စကၠဴစာ႐ြက္ ပုံသဏၭာန္ ေဆာက္လုပ္ ထားပါတယ္။ ဒါေပမဲ့ ဖြဲ႕စည္းတည္ေဆာက္မႈဆိုင္ရာ ျပႆနာေတြေၾကာင့္ အသုံးျပဳဖို႔မသင့္ေတာ္တဲ့ အတြက္ ျပင္ဆင္မႈေတြျပဳလုပ္ေနခဲ့ရၿပီး (၂၀၁၅)ခုႏွစ္မွာ စတင္ပိတ္ထားလိုက္ရပါတယ္။ ဘုရားေက်ာင္း ဟာ အဂၤလိကန္အသင္းေတာ္နဲ႔ နီးကပ္စြာေဆာင္႐ြက္ေလ့ရွိေပမယ့္ (၁၉၇၂)ခုႏွစ္မွာ စတင္ ေပၚေပါက္ လာတဲ့ URC ေခၚ သီးျခားပ႐ိုတက္စ္တင့္ဂိုဏ္းကြဲတစ္ခုျဖစ္ပါတယ္။ လန္ေလးလမ္းမွာ တည္ရွိတဲ့ အဲဒီ ဘုရားေက်ာင္းကိုပိတ္ထားရေပမယ့္ အသင္းသားေတြဟာ လမ္းေျမာက္ပိုင္း မက္သဒစ္ အသင္းေတာ္မွာ စုေဝးပူးေပါင္းၿပီး ဆက္လက္ဝတ္ျပဳေနခဲ့ၾကပါတယ္။
မူလဘုရားေက်ာင္းေနရာကို အယ္လ္အြမ္မာ အစၥလာမ္စင္တာေခၚ မြတ္စလင္ဝတ္ျပဳရာေနရာအ ျဖစ္ အသုံးျပဳခြင့္ေပးရန္ ဝက္ဖို႔ဒ္ၿမိဳ႕ေတာ္ေကာင္စီဖြံ႕ၿဖိဳးတိုးတက္ေရးစီမံခန႔္ခြဲမႈေကာ္မတီက မဲခြဲအတည္ ျပဳခဲ့ၾကပါတယ္။ တကယ္ေတာ့ စိန႔္ေသာမတ္စ္ဘုရားေက်ာင္းေနရာကို မြတ္စလင္ဘ႑ာေရးအဖြဲ႕ တစ္ခု ထံ စတာလင္ေပါင္ေငြ (၃.၅)သန္းျဖင့္ ေရာင္းခ်ျခင္းျဖစ္ၿပီး၊ မြတ္စလင္အဖြဲ႕က ဗလီတစ္ခုအျဖစ္ ဖန္တီး႐ုံ သာမက ကေလးထိန္းဌာန၊ ေကာ္ဖီဆိုင္အျဖစ္ေျပာင္းလဲျခင္းအားျဖင့္ ေဒသခံတို႔ရဲ႕လိုအပ္ခ်က္ေတြကို ျဖည့္ဆည္းေပးႏိုင္လိမ့္မယ္လို႔ ဆုံးျဖတ္လိုက္ျခင္းျဖစ္ပါတယ္။
ဒီကိစၥကို လူသိရွင္ၾကား ပြင့္ပြင့္လင္းလင္း အေခ်အတင္ေဆြးေႏြးခဲ့ၾကၿပီး ကားပါကင္ေနရာ၊ အသံ ဗလံ ဆူညံႏိုင္ေျခနဲ႔ ဘာသာေရးဆိုင္ရာစိုးရိမ္မႈေတြေၾကာင့္ (၃၇)ဦးက ကန႔္ကြက္ခဲ့ၾကပါတယ္။ ကားရပ္ နားရန္ေနရာျပႆနာေတြဟာ စီမံခန႔္ခြဲႏိုင္တဲ့ကိစၥျဖစ္ၿပီး ဘာသာေရးဆိုင္ရာထိခိုက္ႏိုင္ေၾကာင္း ကန႔္ ကြက္မႈေတြဟာ စီမံကိန္းဆုံးျဖတ္ခ်က္ေတြနဲ႔မသက္ဆိုင္ေၾကာင္း လူ (၈၄)ဦးကေထာက္ခံခဲ့ၾကပါတယ္။ ဒီအတြက္ မြတ္စလင္ဗလီဟာ လာမယ့္ေႏြရာသီမွာ ဖြင့္လွစ္ႏိုင္မယ္လို႔ေမွ်ာ္လင့္ရပါတယ္။
ဒီကိစၥဟာ ႏိုင္ငံတကာမွာ အေတာ္လႈပ္ခတ္မႈရွိတဲ့သတင္းမ်ိဳးျဖစ္ပါတယ္။ အေပၚယံၾကည့္ရင္ ၿဗိ တိန္မွာ ခရစ္ယာန္သာသနာဟာ ဆုတ္ယုတ္က်ဆင္းၿပီး အစၥလာမ္ဘာသာက ဝါးမ်ိဳေနသေယာင္
ထင္မွတ္ရပါတယ္။ တကယ္ေတာ့ ၿဗိတိန္တစ္ႏိုင္ငံလုံး အတိုင္းအတာနဲ႔ၾကည့္လွ်င္ ခရစ္ယာန္ ဘုရား ေက်ာင္းေတြအားလုံး မြတ္စလင္ဗလီမ်ားအျဖစ္ စနစ္တက် ေျပာင္းလဲခံေနရတယ္လို႔ေတာ့ မဆိုႏိုင္ပါ ဘူး၊ ယူေက ႏိုင္ငံမွာ အထူးသျဖင့္ အဂၤလိကန္အသင္းေတာ္၊ မက္ သဒစ္နဲ႔ ဘက္ပ္တစ္၊ URC ေခၚ သီးျခား ပ႐ိုတက္စ္တင့္ဂိုဏ္းကြဲဆိုင္ရာ ဘုရားေက်ာင္းအေရအတြက္ဟာ သိသိသာသာမ်ားျပားေနခဲ့ပါတယ္။ ဒီအတြက္ ေရရွည္မွာ ဘုရားေက်ာင္းတက္ေရာက္သူ နည္းပါးျခင္း၊ အေဆာက္အအုံထိန္းသိမ္းေရးစရိတ္ ေတြေၾကာင့္ ဘုရားေက်ာင္းအေတာ္မ်ားမ်ားဟာ “ပိုလွ်ံ”အေနအ ထားေရာက္ရွိလာၿပီး ပိတ္သိမ္းထားရ ျခင္း၊ ကြန္ဒိုမီ နီယံေတြ၊ ႐ုံးခန္း၊ လူမႈေရးခန္းမ၊ ေနအိမ္အျဖစ္ေျပာင္း လဲအသုံးျပဳေနၾကတယ္။
အဂၤလိကန္အသင္းေတာ္တစ္ခုတည္းမွာပင္ ဝတ္ျပဳဆုေတာင္းရာေနရာအျဖစ္အသုံးျပဳရန္ မလို အပ္ေတာ့ေၾကာင္းေၾကညာေနရတဲ့ ဘုရားေက်ာင္းအေရအတြက္ဟာ ႏွစ္စဥ္ ဒါဇင္နဲ႔ခ်ီရွိေနပါတယ္။ မြတ္စလင္ဗလီျဖစ္သြားရျခင္းဟာ အဲဒီဘုရားေက်ာင္းေတြကို တျခားနည္း ျပန္လည္အသုံးျပဳျခင္းေတြ အနက္ တစ္ခုသာလွ်င္ျဖစ္ၿပီး ယူေကတစ္ႏိုင္ငံလုံးအေနနဲ႔ ၾကည့္ရင္ ဗလီျဖစ္သြားတဲ့ဘုရားေက်ာင္း အေရအတြက္ဟာ အလြန္နည္းတယ္လို႔ သတ္မွတ္ႏိုင္ပါတယ္။ တျခားတစ္ဖက္မွာေတာ့ ၿဗိတိန္ႏိုင္ငံမွာ အစၥလာမ္ဘာသာဝင္ဦးေရဟာ သိသိသာသာတိုးတက္လာေနတာ အမွန္ျဖစ္ပါတယ္။ ဒီအတြက္ ဝတ္ျပဳ ဆုေတာင္းႏိုင္ဖို႔ က်ယ္ဝန္းတဲ့ ဗလီအေရအတြက္နဲ႔ မြတ္စလင္စင္တာေတြ လိုအပ္ေနပါတယ္။ အဲဒီအခါ အသုံးမျပဳေတာ့တဲ့ဘုရားေက်ာင္းေတြကိုဝယ္ယူၿပီး ျပန္လည္အသုံးခ်တာေတြျဖစ္လာပါတယ္။ အ ေဆာက္အအုံ၊ ေျမယာ သုံးျပဳမႈ၊ ျပဳျပင္ေျပာင္းလဲမႈ စည္းမ်ဥ္းစည္းကမ္းမ်ားဆိုင္ရာ ၿဗိတိန္ႏိုင္ငံရဲ႕ “ၿမိဳ႕ျပ စီမံကိန္း ဥပေဒ”မွာ ခရစ္ယာန္ဘုရားေက်ာင္းကို ဗလီအျဖစ္ေျပာင္းလဲျခင္းမျပဳေအာင္တားျမစ္ ထားျခင္း မရွိပါဘူး၊ တရားဝင္ေလွ်ာက္ထားလာခဲ့ရင္ ၿမိဳ႕႐ြာ စည္ပင္သာယာေရးလိုအပ္ခ်က္အရ ေဒသႏၲရ အာ ဏာပိုင္ေတြက ခြင့္ျပဳေပးႏိုင္ပါတယ္။
မ်က္ေမွာက္ေခတ္ကမာၻႀကီးရဲ႕ (၂၈.၈%)ျဖစ္တဲ့ လူဦးေရ (၂.၆)ဘီလ်ံဟာ ခရစ္ယာန္ဘာသာဝင္ ေတြျဖစ္ၿပီး (၂၅.၆%) ရွိတဲ့လူဦးေရ (၂)ဘီလ်ံဟာ မြတ္စ လင္ေတြျဖစ္ပါတယ္။ Atheist ဘုရားမဲ့ Irreligi- ous ဘာသာမဲ့လူဦးေရ (၁၆%) (၁.၉)ဘီလ်ံရွိၿပီး (၁၄.၉%)မွာ ဟိႏၵဴ (၁.၂) ဘီလ်ံ ရွိပါတယ္။ ဗုဒၶဘာသာ ဟာ အနည္းဆုံးျဖစ္ၿပီး ကမာၻ႔လူဦးေရရဲ႕ (၇%) သန္း (၅၀ဝ)မွ်သာရွိ ပါတယ္။ ဂ်ဴးဘာသာ-ဆစ္ခ္၊ ႐ိုးရာ ကိုးကြယ္မႈစသျဖင့္ ရွိေသးေပမယ့္ ကမာၻ႔လူဦးေရနဲ႔စာရင္ ရာခိုင္ႏႈန္းအလြန္နည္းပါတယ္။
ဒီေနရာမွာ ခရစ္ယာန္တိုင္းျပည္ေတြရဲ႕လူဦးေရ တိုးႏႈန္းဟာ ႏွစ္စဥ္က်ဆင္းေနၿပီး မြတ္စလင္ တိုင္းျပည္ေတြမွာ သားသမီးေမြးဖြားႏႈန္းျမင့္မားၾကတယ္။ ဒါေၾကာင့္ လာမယ့္ (၂၀၅၀)ျပည့္ႏွစ္ ကမာၻ႔ လူဦးေရ (၃၁%) ဟာ ခရစ္ယာန္ေတြျဖစ္ၿပီး (၃၀%) ေက်ာ္ဟာ မြတ္စလင္ေတြျဖစ္ေနလိမ့္မယ္လို႔ ဝါရွင္ တန္ ဒီစီအေျခစိုက္ ဘက္လိုက္မႈမရွိေသာ “ပ်ဴးသုေတသနစင္တာ” ကခန႔္မွန္းပါတယ္။ အေရအတြက္ မတိမ္းမယိမ္းလို႔ ဆိုလိုပါတယ္။ သားသမီးေမြးဖြားႏႈန္းက်ဆင္းတဲ့ တိုင္းျပည္ေတြမွာ ဘုရားမဲ့၊ ဘာသာမဲ့ ဝါဒီ အမ်ားစုႏိုင္ငံေတြလည္းပါဝင္ေၾကာင္း သတိျပဳမိေစလိုပါတယ္။ ဟိႏၵဴတိုင္းျပည္မွာေတာ့ လူဦးေရ တိုးႏႈန္း တည္ၿငိမ္ေပမယ့္ ဗုဒၶဘာသာဝင္အမ်ားစုတိုင္းျပည္ေတြမွာ ေလ်ာ့က်ေနပါတယ္။ ဒါေပမဲ့ ဟိႏၵဴနဲ႔ ဗုဒၶဘာသာဝင္အမ်ားစု တိုင္းျပည္ေတြမွာ ဘာသာေရးဟာ ယဥ္ေက်းမႈနဲ႔ တင္းၾကပ္စြာခ်ိတ္ဆက္ေနၿပီး သားစဥ္ေျမးဆက္ လက္ဆင့္ကမ္းႏိုင္မႈ အားေကာင္းခိုင္မာပါတယ္။ လူအမ်ားဆုံးကိုးကြယ္ရာ ဘာသာ မ်ားျဖစ္လာႏိုင္မွာမဟုတ္ေပမယ့္အေျပာင္းအလဲမရွိ ဆက္လက္ရပ္တည္ေနၾကပါလိမ့္မယ္လို႔ ခန႔္မွန္း ရတယ္။
ၿဗိတိန္ႏိုင္ငံရဲ႕ မြတ္စလင္အေရအတြက္တိုးတက္လာေနမႈဟာ ခရစ္ယာန္ သို႔မဟုတ္ ဘာသာမဲ့ ေတြထက္ အ႐ြယ္ေရာက္သူဦးေရ ပိုမိုမ်ားျပားျခင္း၊ သား သမီးေမြးဖြားႏႈန္း အနည္းငယ္ ပိုမိုျခင္းတို႔ ေၾကာင့္ျဖစ္ေၾကာင္း ႏိုင္ငံတကာ လူဦးေရေလ့လာမႈစာရင္းေတြမွာ ေတြ႕ရွိရတယ္၊ ဒါေပမဲ့ ေ႐ႊ႕ေျပာင္း ေနထိုင္မႈ Immigration ဟာ အဓိကအေရးပါဆုံးျဖစ္ေၾကာင္း မျငင္းႏိုင္ပါဘူး။ ၿဗိတိသွ်တို႔ဟာ ကမာၻအႏွံ႔ ေနမဝင္ အင္ပါယာထူေထာင္ၿပီး လူကိုလူခ်င္း ကိုလိုနီျပဳခဲ့ပါတယ္။ ေနာက္ဆက္တြဲ ပါကစၥတန္၊ ဘဂၤလားေဒ့ရွ္၊ အိႏၵိယနဲ႔ တျခား ၿဗိတိသွ် ဓနသဟာယႏိုင္ငံမ်ားမွ လုပ္သားေတြဟာ (၁၉၅၀) မွ (၁၉၇၀) ျပည့္လြန္ႏွစ္မ်ားမွာ ဝင္ေရာက္လာခဲ့ၾကပါတယ္။
ႏိုင္ငံတကာစစ္ပြဲမ်ားမွာ ပါဝင္ပတ္သက္ခဲ့တဲ့အတြက္ ဒုကၡသည္ေတြနဲ႔လူ႔အခြင့္အေရးဆိုင္ရာ ခိုလႈံခြင့္ရွာေဖြသူေတြကိုလည္း လက္ခံခဲ့ရပါတယ္။ ဆိုမာ လီယာ၊ အီရတ္၊ ဆီးရီးယား၊ အီရန္၊ အာဖဂန္ နစၥတန္ စသျဖင့္ အက်ပ္အတည္းနဲ႔ စစ္ဒဏ္သင့္ႏိုင္ငံမ်ားမွ ေျပာင္းေ႐ႊ႕လာသူေတြဟာ ၿဗိတိန္မွာ လာ ေရာက္ခိုလႈံၾကပါတယ္။
အီးယူအဖြဲ႕ဝင္ႏိုင္ငံျဖစ္ခဲ့တဲ့အတြက္ ဥေရာပ သမဂၢအတြင္း လြတ္လပ္စြာေ႐ႊ႕ေျပာင္းႏိုင္ခြင့္အရ ဘူလ္ေဂးရီးယား၊ ႐ိုေမးနီးယားႏိုင္ငံသားတို႔ကိုလက္ ခံခဲ့ရာ မြတ္စလင္လူနည္းစုမ်ားလည္း ပါဝင္ခဲ့ပါ တယ္။ ၿဗိတိန္ရဲ႕ (၂၀၂၁)ခုႏွစ္ ေနာက္ဆုံးတရားဝင္သန္း ေခါင္စာရင္းအရ မြတ္စလင္ဘာသာဝင္လူဦးေရ (၃.၉)သန္းရွိၿပီး တစ္ႏိုင္ငံလုံးရဲ႕ (၆.၅%)ရွိပါတယ္။ (၂၀၁၁) သန္းေခါင္စာရင္းမွာ (၂.၇) သန္း (၄.၉%) ရွိခဲ့တဲ့အတြက္ (၁၀)ႏွစ္အတြင္း တိုးတက္မႈ အလြန္မ်ားျပားေၾကာင္း သိသာေနပါတယ္။ အဲဒီေနာက္ပိုင္း တရားဝင္သန္းေခါင္စာရင္းေကာက္ယူမႈမျပဳခဲ့ေပမယ့္ (၂၀၂၄)ခုႏွစ္ လန္ဒန္ၿမိဳ႕လူဦးေရ (၁၅%)မွာ မြတ္ စလင္မ်ားျဖစ္ၾကၿပီး၊ ၿဗိတိန္တစ္ႏိုင္ငံလုံးမွာ (၆.၈%)မွ (၇.၂%)ခန႔္ လူဦးေရ (၄.၃)သန္းခန႔္ရွိႏိုင္တယ္လို႔ ခန႔္မွန္းရပါတယ္။
ဒီကိန္းဂဏန္းေတြဟာ ခန႔္မွန္းခ်က္သာျဖစ္ၿပီး (၂၀၂၁)ခုႏွစ္ေနာက္ပိုင္း ေ႐ႊ႕ေျပာင္းေနထိုင္မႈ ပုံစံမ်ား (ဥပမာ ဥေရာပသမဂၢမွ ယူေကႏုတ္ထြက္ၿပီးေနာက္ ဥပေဒမ်ားေျပာင္းလဲမႈ၊ ယူကရိန္း စစ္ေဘး ဒုကၡသည္ မ်ားေရာက္ရွိမႈအေပၚတြင္ မူတည္ပါလိမ့္မယ္။ ဒါေပမဲ့ ၿဗိတိန္တစ္ႏိုင္ငံလုံးမွာ မြတ္စလင္ ဘာ သာဝင္အေရအတြက္ဟာ (၆.၅%)သာရွိႏိုင္ၿပီး တိုင္းျပည္ကို ဘာသာျခားတို႔က ဝါးမ်ိဳေနၿပီျဖစ္ေၾကာင္း၊ လူဦးေရ (၅၀%) ေက်ာ္လြန္လာၿပီျဖစ္တဲ့အတြက္ ရွာရီယာဥပေဒ အ ေျခခံအုပ္ခ်ဳပ္ေရး ျပ႒ာန္းေပးရန္ မြတ္စလင္တို႔က ဆႏၵျပေတာင္းဆိုေၾကာင္း လူမႈကြန္ရက္ပို႔စ္ေတြဟာ ျဖတ္ညႇပ္ကပ္ သတင္းမွားေတြသာ ျဖစ္ပါတယ္။ ၿဗိ တိန္ႏိုင္ငံရဲ႕ တရားစီရင္ေရးစနစ္အရ အဲဒီလိုျပ႒ာန္း ဖို႔မျဖစ္ႏိုင္သလို ေတာင္းဆိုမႈေတြ လည္းမရွိခဲ့ပါ။
(၂၀၂၅)ခုႏွစ္ ဧၿပီလမွာ စတင္ၿပီး ယူေကႏိုင္ငံ မွာ “လူဝင္မႈႀကီးၾကပ္ေရး”(မူဝါဒ) ဆန႔္က်င္ဆႏၵျပ ပြဲေတြျဖစ္ပြားခဲ့ပါတယ္။ တခ်ိဳ႕ေနရာေတြမွာ အၾကမ္း ဖက္မႈေတြအျဖစ္ေျပာင္းလဲသြားတဲ့အတြက္ ရဲတပ္ ဖြဲ႕ဝင္(၄၀)ေက်ာ္ ဒဏ္ရာရရွိ၊ လူေပါင္း (၁၄၀)ေက်ာ္ ဖမ္းဆီးခံခဲ့ရပါတယ္။ လန္ဒန္ၿမိဳ႕မွာ လူေပါင္း တစ္ သိန္းခြဲ၊ ႏိုင္ငံအႏွံ႔ လူ (၅)သိန္းခန႔္ ဆႏၵျပၾကျခင္းရဲ႕ အဓိကရည္႐ြယ္ခ်က္မွာ ခိုလႈံခြင့္ေတာင္းခံသူေတြကို အဆင့္ျမင့္ဟိုတယ္ေတြမွာ ေနရာထိုင္ခင္းစီစဥ္ေပးတဲ့ ၿဗိတိန္အစိုးရရဲ႕လုပ္ရပ္အေပၚ ဆန႔္က်င္ကန႔္ကြက္ ျခင္းျဖစ္ၿပီး ဆႏၵျပပြဲတခ်ိဳ႕ကေတာ့ ေ႐ႊ႕ေျပာင္းဝင္ ေရာက္လာသူေတြကို ကန႔္ကြက္ရႈတ္ခ်မႈေတြရွိခဲ့ပါ တယ္။ မြတ္စလင္ရယ္လို႔ သီးျခားသတ္မွတ္ျခင္း မဟုတ္ဘဲ မည္သည့္ႏိုင္ငံကမဆို ေ႐ႊ႕ေျပာင္းဝင္ေရာက္ လာသူအားလုံးကို ရည္႐ြယ္ပါတယ္။
အဲဒီဆႏၵျပပြဲေတြကို မြတ္စလင္ဆန႔္က်င္ေရးဆႏၵျပပြဲေတြအျဖစ္ ကမာၻက ရႈျမင္ျခင္းမွာ ဆႏၵျပပြဲ မ်ား ျဖစ္ေပၚေစရန္ ဦးေဆာင္စည္း႐ုံးသူ “တိုမီေရာ္ဘင္ဆင္”မွာ “အစၥလာမ္ဆန႔္က်င္ေရး” “လက္ယာ အစြန္းေရာက္” “တစ္ေဇာက္ကန္း အမ်ိဳးသားေရးဝါဒီ” တစ္ဦးျဖစ္ေနလို႔ပါ။ သူ႔ကိုယ္သူ ဖရီးလင့္စ္ သတင္းေထာက္တစ္ဦးအျဖစ္ ထုတ္ေဖာ္ေျပာဆိုသူ ေရာ္ဘင္ဆင္ဟာ (၂၀ဝ၅)ခုႏွစ္မွ အႏွစ္(၂၀)အတြင္း စုစုေပါင္း ေထာင္ဒဏ္ (၅) ႏွစ္ က်ခံခဲ့ရဖူးသူျဖစ္ပါတယ္။ ေနာက္ဆုံးအႀကိမ္မွာ (၂၀၂၁) ခုႏွစ္ “ဟတ္ဒါ စဖီးလ္” စာသင္ေက်ာင္းမွ အသက္(၁၅)ႏွစ္အ႐ြယ္ ဒုကၡသည္ မိန္းကေလးတစ္ဦးကို မဟုတ္မမွန္ အသ ေရဖ်က္မႈျဖင့္ ဒဏ္ေငြ ေပါင္တစ္သိန္းနဲ႔ တရားစရိတ္မ်ားေပးေဆာင္ေစရန္ စီရင္ခံရျခင္းျဖစ္ပါတယ္။ အသေရဖ်က္မႈအႀကိမ္ေပါင္းမ်ားစြာအျပင္ တရား႐ုံးေတာ္ရဲ႕ ေျခခ်ဳပ္အမိန႔္ကို ေဖာက္ဖ်က္ျခင္း၊ တရား႐ုံး ေတာ္ကို မထီမဲ့ျမင္ျပဳမႈမ်ားလည္း ရွိခဲ့ပါတယ္။
အြန္လိုင္းမွာသတင္းအမွားမ်ား ျဖန႔္ေဝေၾကာင္း စြပ္စြဲခံရသူမ်ားမွာ တိုမီေရာ္ဘင္ဆင္ကိုယ္တိုင္နဲ႔ ၿဗိ တိန္ ပထမ၊ အမိေျမပါတီနဲ႔ UKIP လို မ်ိဳးခ်စ္အဖြဲ႕ အစည္းအမည္ခံ လက္ယာစြန္းအုပ္စုေတြ ျဖစ္ပါ တယ္။ ကန႔္ကြက္ပြဲေတြနဲ႔ တျခားဆႏၵျပပြဲေတြကို တမင္ရည္႐ြယ္ေပါင္းစပ္ၿပီး သတင္းတုေတြနဲ႔ ပုံႀကီးခ်ဲ႕ဖို႔ အတြက္ လူမႈကြန္ရက္ပလက္ေဖာင္းေတြကို အဓိကအသုံးျပဳ ခဲ့ၾကပါတယ္။ အထူးသျဖင့္ What App, Telegram နဲ႔ Facebook အျပင္ X (ယခင္ Twitter) မွာ အဓိပၸာယ္ေကာက္ယူလြဲမွားေစတဲ့သတင္းေတြ ကိုေဖာ္ျပၿပီး အစြန္းေရာက္လႈပ္ရွားမႈေတြ၊ အၾကမ္းဖက္ေတြျဖစ္ေပၚလာေစဖို႔ေသြးထိုးလႈံေဆာ္ခဲ့ၾက ပါ တယ္။
အဲဒီပါးစပ္စကားေတြကို အတည္လုပ္ၿပီး သတင္းအျဖစ္ေဖာ္ၾကတဲ့ မီဒီယာေတြကေတာ့ Daily Mail, The Sun တို႔လို Tabloid လူၿပိန္းႀကိဳက္ အေပ်ာ္ဖတ္သတင္းစာေတြျဖစ္ၿပီး Muslim over “မြတ္ စလင္ေတြလႊမ္းမိုးေနၿပီ”လို႔ ျပဴးတူးၿပဲတဲေခါင္းစဥ္တပ္ၿပီး ေဖာ္ျပခဲ့ၾကပါတယ္။ ဂိုဏ္းဂဏ အုပ္စုခ်င္း ၿပိဳင္ဆိုင္ရာမွာ ေထာက္ခံအင္အား ရွာေဖြေနသူေတြကလည္း မြတ္စလင္ဘာသာဝင္တို႔အေပၚ လူထုအ ျမင္တိမ္းေစာင္းေအာင္ ေျခာက္လုံး လွန႔္လုံးေတြနဲ႔ စည္း႐ုံးၾကပါတယ္။
တကယ္ေတာ့ ဂ်ဴးဘာသာ-ခရစ္ယာန္ဘာသာနဲ႔ အစၥလာမ္တို႔မွာ Abrahamic Religions အာျဗ ဟံ အေျခခံဘာသာေတြအျဖစ္လူသိမ်ားပါတယ္။ တစ္ဆူတည္းေသာ ဘုရားသခင္အေပၚ အေျခခံ ယုံ ၾကည္ၿပီး ပေရာဖက္ျပဳ ထုံးတမ္းစဥ္လာေတြ၊ အာျဗဟံမွဆင္းသက္လာတဲ့ ဝိညာဥ္ေရးရာ အေမြအႏွစ္ ေတြကို ဆက္ခံၿပီး ဖန္ဆင္းျခင္း၊ ဗ်ာဒိတ္ေတာ္နဲ႔ က်င့္ဝတ္ဆိုင္ရာတာဝန္ေတြမွာ တူညီၾကပါတယ္။ ဒါေၾကာင့္ ခရစ္ယာန္ဘာသာနဲ႔ အစၥလာမ္ဘာသာၾကား အျပန္အလွန္ ကူးေျပာင္းမႈေတြကိုေတြ႕ရွိရပါ တယ္။ ပါလက္စတိုင္း ဟားမတ္စ္အဖြဲ႕ကို ပူးတြဲတည္ေထာင္သူ မိုဆက္ဟာဆန္ယူဆြတ္ရဲ႕ သား အရင္း ဟာ (၁၉၉၀) ျပည့္ႏွစ္မွာ ခရစ္ယာန္ဘာသာကိုကူးေျပာင္းသြားၿပီး ႏွစ္ျခင္းခံယုူခဲ့ပါတယ္။ အလားတူ အစၥလာမ္ဘာသာမွ ခရစ္ယာန္အျဖစ္- တစ္ဖန္ ခရစ္ယာန္မွ အစၥလာမ္အျဖစ္ကူးေျပာင္းျခင္းမ်ားဟာ အေရွ႕အလယ္ပိုင္းနဲ႔ အာဖရိကႏိုင္ငံတခ်ိဳ႕မွာ ရွိတတ္ပါတယ္။
ဒါေပမဲ့ အေရွ႕အလယ္ပိုင္းႏိုင္ငံအမ်ားစုမွာ အစၥလာမ္မွ ခရစ္ယာန္ကူးေျပာင္းျခင္းဟာ တရားေရး ဆိုင္ရာျပႆနာေတြနဲ႔ မိသားစုဝိုင္းပယ္ခံရျခင္းမ်ား ျဖစ္တတ္ပါတယ္။ အေနာက္ႏိုင္ငံေတြမွာေတာ့ အစၥ လာမ္ဘာသာဝင္အျဖစ္ကူးေျပာင္းျခင္းကို ဘာသာေရးလြတ္လပ္ခြင့္ဥပေဒက အကာအကြယ္ေပးထားပါ တယ္။
အေရွ႕အလယ္ပိုင္း ဂါဇာစစ္ပြဲျဖစ္ပြားၿပီးေနာက္ ၿဗိတိန္ႏိုင္ငံမွာ အစၥလာမ္ဘာသာသို႔ ကူးေျပာင္း သူ မ်ားျပားလာေၾကာင္း “တယ္လီဂရပ္ဖ္ သတင္းစာ” (2 December 2025)ကေရးပါတယ္။ အဲဒီလိုျဖစ္ ရျခင္းမွာ အဖြဲ႕အစည္းတစ္ခုခုက ေဟာေျပာစည္း႐ုံးေၾကာင္း အေထာက္အထား မေတြ႕ရဘူးလို႔ဆိုပါ တယ္။ ဘာသာေရးဆိုင္ရာ စနစ္တက် စည္း႐ုံးေဟာေျပာျခင္းမ်ားေၾကာင့္မဟုတ္ဘဲ လူမူေရး စိတ္ ခံစားခ်က္အေၾကာင္းရင္းခံမ်ားအရျဖစ္ေၾကာင္း၊ ဂါဇာေန ပါလက္ စတိုင္းတို႔အေပၚ လူမႈဖိႏွိပ္ျခင္းကို အသိအျမင္တိုးပြားလာျခင္း၊ ကူညီစာနာစိတ္ေၾကာင့္ျဖစ္ေၾကာင္း၊ ပါလက္စတိုင္းလိုလားသူေတြရဲ႕ ဆႏၵျပပြဲေတြကို တိမ္းၫႊတ္ျခင္း၊ လူမႈကြန္ရက္မ်ားမွာ အစၥလာမ္ဓေလ့ ယဥ္ေက်းမႈ၊ စာေပေရးရာ အျပဳ သေဘာေဆာင္ ေဟာေျပာမႈမ်ားအရျဖစ္ေၾကာင္း IIFL ေခၚ ယုံၾကည္မႈဆိုင္ရာသုေတသနအဖြဲ႕အစီရင္ ခံစာမွာ ေဖာ္ျပထားပါတယ္။
အစၥလာမ္ဘာသာသို႔ ကူးေျပာင္းၾကသူမ်ားရဲ႕ (၂၀%)ဟာ ကမာၻ႔စစ္ေရးတင္းမာမႈမ်ားေၾကာင့္ျဖစ္ ၿပီး ေန႔စဥ္ဘဝကို အေႏွာင့္အယွက္ျဖစ္ေစတဲ့ အ ေတြးအျမင္ေတြေၾကာင့္ (၁၈%)ရွိေနပါတယ္။ မီဒီယာ တို႔အေပၚ ယုံၾကည္ရန္ခက္ခဲၿပီး ကမာၻႀကီးဟာ တရားမွ်တျခင္း ေျဖာင့္မတ္မွန္ကန္ျခင္းမရွိေၾကာင္း၊ အစၥလာမ္ဟာ အဓိပၸာယ္ေဖာ္ျပခ်က္နဲ႔ စည္းကမ္းစနစ္ ပါဝင္ၿပီး တိက်တဲ့ဘဝေနနည္းပါဝင္ျခင္းေၾကာင့္ ျဖစ္တယ္လို႔သိရွိရပါတယ္။ ဒီလိုပါပဲ ကြၽန္ေတာ္တို႔ေတြဟာ ဘုရားကိုအယုံအၾကည္မရွိ-ဘာသာမဲ့ ျဖစ္ ေၾကာင္း ဘယ္လိုပဲ ေႂကြးေၾကာ္ၾကပါေစ ရင္ဆိုင္ရန္ ခက္ခဲတဲ့ မတရားမႈေတြနဲ႔ အားကိုးရာမဲ့ျဖစ္တဲ့အခါ ကိုးကြယ္ရာ ဘာသာတရားတစ္ခုခုဆီကို ဦးတည္ဖို႔ ျဖစ္လာတတ္ပါတယ္။