ရုရှားကို အောင်ပွဲပေးတာမျိုးမလုပ်ဖို့ အမေရိကန်ကို ယူကရိန်းသမ္မတဇီလန်စကီးတိုက်တွန်း

 193

Pika (NP News) ဖေဖော်ဝါရီလ ၁၉

ရုရှားရဲ့တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့အတွက် ၎င်းကိုဖိအားပေးတာမျိုးမလုပ်ကြဖို့ အမေရိကန်ကြားဝင်စေ့စပ်ပေးရေးအဖွဲ့ကို ယူကရိန်းသမ္မတဇီလန်စကီးက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ တတိယအကြိမ်မြောက် ရုရှား၊အမေရိကန်၊ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို စတင်ခဲ့ပြီးနောက် ဇီလန်စကီးက ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ယူကရိန်းနိုင်ငံသားတွေက သဘောမကျတဲ့အရာကို လက်ခံဖို့ ၎င်းကိုအတင်းအကျပ်ဖိအားပေးတာမျိုးမလုပ်ဆောင်ဖို့ အမေရိကန်အထူးသံတမန်စတိဗ်ဝစ်အော့ဖ်နဲ့ ဒေါ်နယ်ထရမ့်ရဲ့သားမက်ဂျဲကူရှနာတို့ကို ဇီလန်စကီးက တောင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် ရေရှည်တည်တံ့တဲ့ငြိမ်းချမ်းရေးကို ရရှိဖို့အတွက် ဒေါ်နယ်ထရမ့်က ရုရှားသမ္မတပူတင်ကို အောင်ပွဲမပေးသင့်ဘူးလို့လည်း ဇီလန်စကီးက မှတ်ချက်ပြုပြောဆိုခဲ့ပါတယ်။ရုရှားနဲ့တောင်းဆိုချက်တွေကို လိုက်လျောပေးဖို့ ယူကရိန်းကိုတွန်းအားပေးခဲ့တဲ့ ဒေါ်နယ်ထရမ့်ကို ဇီလန်စကီးက ပြစ်တင်ဝေဖန်ခဲ့တယ်လို့လည်း သိရပါတယ်။

ဇီလန်စကီးက”ဒီလိုမျိုးတွန်းအားပေးတာက ဒေါ်နယ်ထရမ့်ရဲ့ နည်းဗျူဟာတွေပဲဖြစ်ပြီး ဆုံးဖြတ်ချက်တွေမဖြစ်စေဖို့ ကျွန်တော်မျှော်လင့်ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။

zawgyi version

႐ုရွားကို ေအာင္ပြဲေပးတာမ်ိဳးမလုပ္ဖို႔ အေမရိကန္ကို ယူကရိန္းသမၼတဇီလန္စကီးတိုက္တြန္း

Pika (NP News) ေဖေဖာ္ဝါရီလ ၁၉

႐ုရွားရဲ႕ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာေပးဖို႔အတြက္ ၎ကိုဖိအားေပးတာမ်ိဳးမလုပ္ၾကဖို႔ အေမရိကန္ၾကားဝင္ေစ့စပ္ေပးေရးအဖြဲ႕ကို ယူကရိန္းသမၼတဇီလန္စကီးက တိုက္တြန္းခဲ့တယ္လို႔ သိရပါတယ္။

ဆြစ္ဇာလန္ႏိုင္ငံ ဂ်ီနီဗာၿမိဳ႕မွာ တတိယအႀကိမ္ေျမာက္ ႐ုရွား၊အေမရိကန္၊ယူကရိန္း သုံးပြင့္ဆိုင္ေဆြးေႏြးပြဲကို စတင္ခဲ့ၿပီးေနာက္ ဇီလန္စကီးက ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ယူကရိန္းႏိုင္ငံသားေတြက သေဘာမက်တဲ့အရာကို လက္ခံဖို႔ ၎ကိုအတင္းအက်ပ္ဖိအားေပးတာမ်ိဳးမလုပ္ေဆာင္ဖို႔ အေမရိကန္အထူးသံတမန္စတိဗ္ဝစ္ေအာ့ဖ္နဲ႔ ေဒၚနယ္ထရမ့္ရဲ႕သားမက္ဂ်ဲကူရွနာတို႔ကို ဇီလန္စကီးက ေတာင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ ေရရွည္တည္တံ့တဲ့ၿငိမ္းခ်မ္းေရးကို ရရွိဖို႔အတြက္ ေဒၚနယ္ထရမ့္က ႐ုရွားသမၼတပူတင္ကို ေအာင္ပြဲမေပးသင့္ဘူးလို႔လည္း ဇီလန္စကီးက မွတ္ခ်က္ျပဳေျပာဆိုခဲ့ပါတယ္။႐ုရွားနဲ႔ေတာင္းဆိုခ်က္ေတြကို လိုက္ေလ်ာေပးဖို႔ ယူကရိန္းကိုတြန္းအားေပးခဲ့တဲ့ ေဒၚနယ္ထရမ့္ကို ဇီလန္စကီးက ျပစ္တင္ေဝဖန္ခဲ့တယ္လို႔လည္း သိရပါတယ္။

ဇီလန္စကီးက”ဒီလိုမ်ိဳးတြန္းအားေပးတာက ေဒၚနယ္ထရမ့္ရဲ႕ နည္းဗ်ဴဟာေတြပဲျဖစ္ၿပီး ဆုံးျဖတ္ခ်က္ေတြမျဖစ္ေစဖို႔ ကြၽန္ေတာ္ေမွ်ာ္လင့္ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.