KIA က မြစ်ကြီးနားလေဆိပ်ကို အသေခံဒရုန်းဖြင့် တိုက်ခိုက်ရာ ခရီးသည်လေယာဥ်တစ်စီး အမြီးပိုင်း ထိခိုက်ကြောင်း ကနဦး သိရ

594
သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၀
KIA က မြစ်ကြီးနား လေဆိပ်ကို ယနေ့ (ဖေဖော်ဝါရီလ ၂၀ ရက်) ညပိုင်းတွင် အသေခံဒရုန်း ဖြင့် တိုက်ခိုက်ရာ ခရီးသည်လေယာဥ်တစ်စီး အမြီးပိုင်း ထိခိုက်သွားကြောင်း ဒေသခံအချို့ထံ မေးမြန်းထားချက်အရ ကနဦးသတင်း ရရှိသည်။
အဆိုပါဖြစ်စဥ်သည် ၉ နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ခြင်း မရှိကြောင်း သိရသည်။
အဆိုပါဖြစ်စဥ်နှင့်ပတ်သက်၍ လက်မခံနိုင်ကြောင်း မြို့ခံများက လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားခြင်းများ ရှိနေသည်။
Zawgyi Version;
KIA က ျမစ္ႀကီးနားေလဆိပ္ကို အေသခံဒ႐ုန္းျဖင့္ တိုက္ခိုက္ရာ ခရီးသည္ေလယာဥ္တစ္စီး အၿမီးပိုင္း ထိခိုက္ေၾကာင္း ကနဦး သိရ
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၀
KIA က ျမစ္ႀကီးနား ေလဆိပ္ကို ယေန႔ (ေဖေဖာ္ဝါရီလ ၂၀ ရက္) ညပိုင္းတြင္ အေသခံဒ႐ုန္း ျဖင့္ တိုက္ခိုက္ရာ ခရီးသည္ေလယာဥ္တစ္စီး အၿမီးပိုင္း ထိခိုက္သြားေၾကာင္း ေဒသခံအခ်ိဳ႕ထံ ေမးျမန္းထားခ်က္အရ ကနဦးသတင္း ရရွိသည္။
အဆိုပါျဖစ္စဥ္သည္ ၉ နာရီအခ်ိန္ခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ၿပီး လူထိခိုက္ျခင္း မရွိေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ပတ္သက္၍ လက္မခံႏိုင္ေၾကာင္း ၿမိဳ႕ခံမ်ားက လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားျခင္းမ်ား ရွိေနသည္။