KIA ၊ PDF ၏ အရပ်ဘက်လေကြောင်းလိုင်းကို တိုက်ခိုက်မှုသည် War Crime ကျူးလွန်ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနထုတ်ပြန်

 923

Pearl (NP News) - ဖေဖော်ဝါရီ ၂၃

KIA ၊ PDF ၏ အရပ်ဘက်လေကြောင်းလိုင်းကို တိုက်ခိုက်မှုသည် War Crime ကျူးလွန်ခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက (MOFA) က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၀ ရက်က KIA နှင့် PDF သူပူးပေါင်းအဖွဲ့သည် မြစ်ကြီးနားမှ မန္တလေးသို့ ထွက်ခွာရန် ခရီးသည်များ တင်ဆောင်ထားသည့် MNA လေယာဉ်အား မြစ်ကြီးနား လေဆိပ်၌ FPV Suicide Drone အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သိရသည်။


ထို့ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ခရီးသွားများအား ဘေးကင်းရာသို့ အမြန်ရွှေ့ပြောင်း ကယ်ဆယ် ပေးခဲ့ရပြီး ယင်းသို့ အပြစ်မဲ့ခရီးသွားပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းကြောင့် ခရီးသည်များနှင့် လေယာဉ်အမှုထမ်းများ အကြီးအကျယ်တုန်လှုပ်ခြောက်ခြား စိတ်ဒဏ်ရာရခြင်း ဖြစ်ပေါ်ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

ထို့ပြင် လေယာဉ်၏ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်းနှင့် နောက်မီးပိုင်းတို့တွင် ဗုံးစ ထိမှန်၍ အနည်းငယ် ပျက်စီးခဲ့ပြီး စစ်ရေးနှင့် မသက်ဆိုင်သည့် အရပ်ဘက်လေကြောင်းလိုင်းနှင့် အပြစ်မဲ့ ခရီးသွား ပြည်သူ များအား ရည်ရွယ်ချက်ရှိစွာဖြင့် ပစ်မှတ်ထားတိုက်ခိုက်ခြင်းသည် ဂျီနီဗာ ကွန်ဗင်းရှင်းများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ တို့အရ စစ်ရာဇာဝတ်မှု (War Crime) ကျူးလွန်ခြင်းဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။

ထို့ကြောင့် ပြည်သူများနှင့် နိုင်ငံတော်လုံခြုံရေးအတွက် ထိရောက်သည့် တုံပြန်မှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

Zawgyi Version:

KIA ၊ PDF ၏ အရပ္ဘက္ေလေၾကာင္းလိုင္းကို တိုက္ခိုက္မႈသည္ War Crime က်ဴးလြန္ျခင္း ျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက (MOFA) က ထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၀ ရက္က KIA ႏွင့္ PDF သူပူးေပါင္းအဖြဲ႕သည္ ျမစ္ႀကီးနားမွ မႏၲေလးသို႔ ထြက္ခြာရန္ ခရီးသည္မ်ား တင္ေဆာင္ထားသည့္ MNA ေလယာဥ္အား ျမစ္ႀကီးနား ေလဆိပ္၌ FPV Suicide Drone အသုံးျပဳ တိုက္ခိုက္ခဲ့ေၾကာင္း သိရသည္။ ထို႔ေၾကာင့္ လုံၿခဳံေရး တပ္ဖြဲ႕ဝင္မ်ားက ခရီးသြားမ်ားအား ေဘးကင္းရာသို႔ အျမန္ေ႐ႊ႕ေျပာင္း ကယ္ဆယ္ ေပးခဲ့ရၿပီး ယင္းသို႔ အျပစ္မဲ့ခရီးသြားျပည္သူမ်ားအား ပစ္မွတ္ထားတိုက္ခိုက္ခဲ့ျခင္းေၾကာင့္ ခရီးသည္မ်ားႏွင့္ ေလယာဥ္အမႈထမ္းမ်ား အႀကီးအက်ယ္တုန္လႈပ္ေျခာက္ျခား စိတ္ဒဏ္ရာရျခင္း ျဖစ္ေပၚခဲ့ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ဆိုသည္။
ထို႔ျပင္ ေလယာဥ္၏ ေခါင္းပိုင္း၊ ကိုယ္ထည္အလယ္ပိုင္းႏွင့္ ေနာက္မီးပိုင္းတို႔တြင္ ဗုံးစ ထိမွန္၍ အနည္းငယ္ ပ်က္စီးခဲ့ၿပီး စစ္ေရးႏွင့္ မသက္ဆိုင္သည့္ အရပ္ဘက္ေလေၾကာင္းလိုင္းႏွင့္ အျပစ္မဲ့ ခရီးသြား ျပည္သူ မ်ားအား ရည္႐ြယ္ခ်က္ရွိစြာျဖင့္ ပစ္မွတ္ထားတိုက္ခိုက္ျခင္းသည္ ဂ်ီနီဗာ ကြန္ဗင္းရွင္းမ်ားႏွင့္ အျပည္ျပည္ဆိုင္ရာဥပေဒ တို႔အရ စစ္ရာဇာဝတ္မႈ (War Crime) က်ဴးလြန္ျခင္းျဖစ္ေၾကာင္း ႏိုင္ငံျခားေရးဝန္ႀကီးဌာနက သတိေပးထားသည္။
ထို႔ေၾကာင့္ ျပည္သူမ်ားႏွင့္ ႏိုင္ငံေတာ္လုံၿခဳံေရးအတြက္ ထိေရာက္သည့္ တုံျပန္မႈမ်ား ေဆာင္႐ြက္သြားမည္ ျဖစ္ေၾကာင္းလည္း ထုတ္ျပန္ခ်က္တြင္ အသိေပးထားသည္။

Related news

© 2021. All rights reserved.