ကန်ပိုင်တည်မှ တရုတ်သို့ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် (၁၅၇၀၀၀) ကျော် တင်ပို့နိုင်ခဲ့

 638

စိမ့်စမ်းရေ (NP News) - ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်ရှိ ကန်ပိုင်တည်နယ်စပ် ကုန်သွယ်ရေးစခန်းမှတစ်ဆင့် ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် ဇန်နဝါရီလအတွင်း တရုတ်နိုင်ငံသို့ တစ်သျှူးငှက်ပျော မက်ထရစ်တန်ချိန် (၁၅၇၀၀၀) ကျော် တင်ပို့နိုင်ခဲ့ကြောင်း ကချင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာန၏ အချက်အလက်အရ သိရသည်။
ယခု ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလကုန်အထိ တစ်သျှူးငှက်ပျော တင်ပို့မှုပမာဏမှာ မက်ထရစ်တန် (၁၅၇၂၀၀) ရှိပြီး ယခင်နှစ်တွင် မက်ထရစ်တန် (၂၈၇၈၇၂) တင်ပို့နိုင်ခဲ့ကာ ဈေးနှုန်းအနေဖြင့် ယခုနှစ်တွင် တစ်သျှူးငှက်ပျော မက်ထရစ်တန် (၁) တန်လျှင် တရုတ်ယွမ် (၂၅၂၀) ခန့် (မြန်မာကျပ် ၁၁၃၄၀၀၀ ခန့်) ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

တင်ပို့လမ်းကြောင်းအနေဖြင့် ဝိုင်းမော်-ကန်ပိုင်တည်လမ်းကြောင်းနှင့် ဗန်းမော်-မိုးမောက်-လွယ်ဂျယ် လမ်းကြောင်းတို့ဖြစ်ပြီး လက်ရှိတွင် ကန်ပိုင်တည်ဂိတ်မှတစ်ဆင့် အဓိကတင်ပို့နေကြောင်း သိရသည်။
ထို့ပြင် တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် JACC အသိအမှတ်ပြုလက်မှတ် ရရှိထားရန် လိုအပ်ပြီး ကချင်ပြည်နယ်တွင် တစ်သျှူးငှက်ပျောထုတ်လုပ်ရေးကုမ္ပဏီ (၄၆) ခုမှာ လက်မှတ်ရရှိထားသော်လည်း လက်ရှိတင်ပို့နေသည့် ကုမ္ပဏီမှာ (၁၅) ခုသာရှိကြောင်း သိရသည်။
အချို့ စိုက်ခင်းများ နှင့် ကုမ္ပဏီများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများ တွေ့ရှိမှုကြောင့် JACC စည်းကမ်းများအရ တင်ပို့မှုကို ယာယီရပ်နားထားရခြင်းများရှိနေပြီး လက်ရှိတွင် စည်းကမ်းနှင့်ကိုက်ညီသော ကုမ္ပဏီများသာ ကန်ပိုင်တည်လမ်းကြောင်းမှတစ်ဆင့် ဆက်လက်တင်ပို့နေကြောင်း သိရသည်။

Zawgyi Version;
ကန္ပိုင္တည္မွ တ႐ုတ္သို႔ တစ္သွ်ဴးငွက္ေပ်ာ မက္ထရစ္တန္ခ်ိန္ (၁၅၇၀၀၀) ေက်ာ္ တင္ပို႔ႏိုင္ခဲ့
စိမ့္စမ္းေရ (NP News) - ေဖေဖာ္ဝါရီ ၂၈
ကခ်င္ျပည္နယ္ရွိ ကန္ပိုင္တည္နယ္စပ္ ကုန္သြယ္ေရးစခန္းမွတစ္ဆင့္ ၂၀၂၅ ခုႏွစ္ ဧၿပီလမွ ၂၀၂၆ ခုႏွစ္ ဇန္နဝါရီလအတြင္း တ႐ုတ္ႏိုင္ငံသို႔ တစ္သွ်ဴးငွက္ေပ်ာ မက္ထရစ္တန္ခ်ိန္ (၁၅၇၀၀၀) ေက်ာ္ တင္ပို႔ႏိုင္ခဲ့ေၾကာင္း ကခ်င္ျပည္နယ္ စိုက္ပ်ိဳးေရးဦးစီးဌာန၏ အခ်က္အလက္အရ သိရသည္။
ယခု ၂၀၂၅-၂၀၂၆ ဘ႑ာေရးႏွစ္ ဇန္နဝါရီလကုန္အထိ တစ္သွ်ဴးငွက္ေပ်ာ တင္ပို႔မႈပမာဏမွာ မက္ထရစ္တန္ (၁၅၇၂၀၀) ရွိၿပီး ယခင္ႏွစ္တြင္ မက္ထရစ္တန္ (၂၈၇၈၇၂) တင္ပို႔ႏိုင္ခဲ့ကာ ေဈးႏႈန္းအေနျဖင့္ ယခုႏွစ္တြင္ တစ္သွ်ဴးငွက္ေပ်ာ မက္ထရစ္တန္ (၁) တန္လွ်င္ တ႐ုတ္ယြမ္ (၂၅၂၀) ခန႔္ (ျမန္မာက်ပ္ ၁၁၃၄၀၀၀ ခန႔္) ျဖင့္ ေရာင္းခ်လ်က္ရွိေၾကာင္း သိရသည္။

တင္ပို႔လမ္းေၾကာင္းအေနျဖင့္ ဝိုင္းေမာ္-ကန္ပိုင္တည္လမ္းေၾကာင္းႏွင့္ ဗန္းေမာ္-မိုးေမာက္-လြယ္ဂ်ယ္ လမ္းေၾကာင္းတို႔ျဖစ္ၿပီး လက္ရွိတြင္ ကန္ပိုင္တည္ဂိတ္မွတစ္ဆင့္ အဓိကတင္ပို႔ေနေၾကာင္း သိရသည္။
ထို႔ျပင္ တ႐ုတ္ႏိုင္ငံသို႔ တင္ပို႔ရာတြင္ JACC အသိအမွတ္ျပဳလက္မွတ္ ရရွိထားရန္ လိုအပ္ၿပီး ကခ်င္ျပည္နယ္တြင္ တစ္သွ်ဴးငွက္ေပ်ာထုတ္လုပ္ေရးကုမၸဏီ (၄၆) ခုမွာ လက္မွတ္ရရွိထားေသာ္လည္း လက္ရွိတင္ပို႔ေနသည့္ ကုမၸဏီမွာ (၁၅) ခုသာရွိေၾကာင္း သိရသည္။
အခ်ိဳ႕ စိုက္ခင္းမ်ား ႏွင့္ ကုမၸဏီမ်ားတြင္ ပိုးသတ္ေဆးဓာတ္ႂကြင္းမ်ား ေတြ႕ရွိမႈေၾကာင့္ JACC စည္းကမ္းမ်ားအရ တင္ပို႔မႈကို ယာယီရပ္နားထားရျခင္းမ်ားရွိေနၿပီး လက္ရွိတြင္ စည္းကမ္းႏွင့္ကိုက္ညီေသာ ကုမၸဏီမ်ားသာ ကန္ပိုင္တည္လမ္းေၾကာင္းမွတစ္ဆင့္ ဆက္လက္တင္ပို႔ေနေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.