ကရင်ပြည်နယ်အတွင်းသို့ (၂ဝ၂၅)ခုနှစ်အတွင်း ပြည်တွင်း၊ပြည်ပခရီးသွာ(၇)သိန်းဝန်းကျင်လာရောက်

277

ကိုဖြိုး (NP News) ဖေဖော်ဝါရီ -၂၈
ကရင်ပြည်နယ်သို့ ယခင် (၂၀၂၅) ခုနှစ်အတွင်း ပြည်တွင်း၊ ပြည်ပခရီးသွား (၇) သိန်းဝန်းကျင် လာရောက် လည်ပတ်ခဲ့ပြီး ခရီးသွားဧည့်သည် ပိုမိုများပြားလာကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
ခရီးသွားလည်ပတ်မှုအနေဖြင့် (၂၀၂၄) ခုနှစ်အတွင်းဝင်ရောက်မှုနှင့် နှိုင်းယှဉ်ပါက (၂၀၂၅) ခုနှစ်တွင် ပြည်တွင်း ခရီးသွားဝင်ရောက်မှု (၄၉) ရာခိုင်နှုန်းနှင့် ပြည်ပခရီးသွားဝင်ရောက်မှု (၄၈) ဒသမ ၈ ရာခိုင်နှုန်း ပိုမိုတိုးတက် များပြားလာကြောင်း နှင့် လက်ရှိ (၂၀၂၆) ခုနှစ်တွင် ခရီးသွားဝင်ရောက်မှု ထပ်မံတိုးတက်ရန် မျှော်မှန်းထားကြောင်း သိရသည်။
ကရင်ပြည်နယ်သို့ (၂၀၂၄) ခုနှစ်အတွင်း ပြည်တွင်းခရီးသွား (၄၆၈,၉၉၁) ဦးနှင့် ပြည်ပခရီးသွား (၂၉၃) ဦး၊ စုစုပေါင်း (၄၆၉,၂၈၄) ဦး ဝင်ရောက်ခဲ့ကြောင်း၊ (၂၀၂၅) ခုနှစ်အတွင်း ပြည်တွင်းခရီးသွား (၆၉၈,၈၁၄) ဦးနှင့် ပြည်ပခရီးသွား (၄၃၆) ဦး၊ စုစုပေါင်း (၆၉၉,၂၅၀) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း ၎င်းဌာန၏ စာရင်းများအရ သိရသည်။
ကရင်ပြည်နယ်အတွင်း ခရီးသွားများတိုးတက်ဝင်ရောက်လာမှုကြောင့် ဒေသအတွင်းရှိ ဟိုတယ်နှင့် တည်းခိုရိပ်သာ များ၏ ဝင်ငွေရရှိမှုသည် (၂၀၂၄) ခုနှစ်ထက် (၂၀၂၅) ခုနှစ်တွင် (၉၄ ဒသမ ၆၃) ရာခိုင်နှုန်းတိုးတက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် ထိုင်းနိုင်ငံနှင့်ကပ်လျက် မြဝတီမြို့ရှိ အမှတ် (၁) ချစ်ကြည်ရေးတံတားအား (၂၀၂၃) ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်တွင် ပြန်လည်ဖွင့်လှစ်ပေးခဲ့ပြီး ထိုသို့ ပြန်လည်ဖွင့်လှစ်ပေးချိန်မှစတင်ကာ (၂၀၂၅) ခုနှစ် နှစ်ကုန်အထိ မြဝတီ မြို့သို့ ထိုင်းနိုင်ငံသား (၁၃၈,၉၆၄) ဦး ဝင်ရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ပြည်နယ်အတွင်း ဟိုတယ်နှင့်ခရီးသွားလာရေး လုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ကရင်ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီဖွဲ့စည်း ထားသည့်အပြင် အဓိကခရီးစဉ်ဒေသ (၁၇) ခုအတွက် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့များ ဖွဲ့စည်းထားပြီး စနစ်တကျစီမံဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version;
ကရင္ျပည္နယ္အတြင္းသို႔ (၂ဝ၂၅)ခုႏွစ္အတြင္း ျပည္တြင္း၊ျပည္ပခရီးသြာ(၇)သိန္းဝန္းက်င္လာေရာက္
ကိုၿဖိဳး (NP News) ေဖေဖာ္ဝါရီ -၂၈
ကရင္ျပည္နယ္သို႔ ယခင္ (၂၀၂၅) ခုႏွစ္အတြင္း ျပည္တြင္း၊ ျပည္ပခရီးသြား (၇) သိန္းဝန္းက်င္ လာေရာက္ လည္ပတ္ခဲ့ၿပီး ခရီးသြားဧည့္သည္ ပိုမိုမ်ားျပားလာေၾကာင္း ကရင္ျပည္နယ္ ဟိုတယ္ႏွင့္ခရီးသြားၫႊန္ၾကားမႈဦးစီး ဌာနမွ သိရသည္။
ခရီးသြားလည္ပတ္မႈအေနျဖင့္ (၂၀၂၄) ခုႏွစ္အတြင္းဝင္ေရာက္မႈႏွင့္ ႏႈိင္းယွဥ္ပါက (၂၀၂၅) ခုႏွစ္တြင္ ျပည္တြင္း ခရီးသြားဝင္ေရာက္မႈ (၄၉) ရာခိုင္ႏႈန္းႏွင့္ ျပည္ပခရီးသြားဝင္ေရာက္မႈ (၄၈) ဒသမ ၈ ရာခိုင္ႏႈန္း ပိုမိုတိုးတက္ မ်ားျပားလာေၾကာင္း ႏွင့္ လက္ရွိ (၂၀၂၆) ခုႏွစ္တြင္ ခရီးသြားဝင္ေရာက္မႈ ထပ္မံတိုးတက္ရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရသည္။
ကရင္ျပည္နယ္သို႔ (၂၀၂၄) ခုႏွစ္အတြင္း ျပည္တြင္းခရီးသြား (၄၆၈,၉၉၁) ဦးႏွင့္ ျပည္ပခရီးသြား (၂၉၃) ဦး၊ စုစုေပါင္း (၄၆၉,၂၈၄) ဦး ဝင္ေရာက္ခဲ့ေၾကာင္း၊ (၂၀၂၅) ခုႏွစ္အတြင္း ျပည္တြင္းခရီးသြား (၆၉၈,၈၁၄) ဦးႏွင့္ ျပည္ပခရီးသြား (၄၃၆) ဦး၊ စုစုေပါင္း (၆၉၉,၂၅၀) ဦး ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း ၎ဌာန၏ စာရင္းမ်ားအရ သိရသည္။
ကရင္ျပည္နယ္အတြင္း ခရီးသြားမ်ားတိုးတက္ဝင္ေရာက္လာမႈေၾကာင့္ ေဒသအတြင္းရွိ ဟိုတယ္ႏွင့္ တည္းခိုရိပ္သာ မ်ား၏ ဝင္ေငြရရွိမႈသည္ (၂၀၂၄) ခုႏွစ္ထက္ (၂၀၂၅) ခုႏွစ္တြင္ (၉၄ ဒသမ ၆၃) ရာခိုင္ႏႈန္းတိုးတက္ခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ထိုင္းႏိုင္ငံႏွင့္ကပ္လ်က္ ျမဝတီၿမိဳ႕ရွိ အမွတ္ (၁) ခ်စ္ၾကည္ေရးတံတားအား (၂၀၂၃) ခုႏွစ္၊ ဇန္နဝါရီလ (၁၂) ရက္တြင္ ျပန္လည္ဖြင့္လွစ္ေပးခဲ့ၿပီး ထိုသို႔ ျပန္လည္ဖြင့္လွစ္ေပးခ်ိန္မွစတင္ကာ (၂၀၂၅) ခုႏွစ္ ႏွစ္ကုန္အထိ ျမဝတီ ၿမိဳ႕သို႔ ထိုင္းႏိုင္ငံသား (၁၃၈,၉၆၄) ဦး ဝင္ေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
ကရင္ျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာနအေနျဖင့္ ျပည္နယ္အတြင္း ဟိုတယ္ႏွင့္ခရီးသြားလာေရး လုပ္ငန္းက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ အတြက္ ကရင္ျပည္နယ္ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီဖြဲ႕စည္း ထားသည့္အျပင္ အဓိကခရီးစဥ္ေဒသ (၁၇) ခုအတြက္ ခရီးစဥ္ေဒသ စီမံခန႔္ခြဲေရးအဖြဲ႕မ်ား ဖြဲ႕စည္းထားၿပီး စနစ္တက်စီမံေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။