ကရင်ပြည်နယ်သို့ ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်အတွင်း ခရီးသွား (၇) သိန်းနီးပါးဝင်ရောက်ခဲ့ပြီး သိသိသာသာတိုးတက်

 145

စိမ့်စမ်းရေ (NP News) - မတ် ၂
ပြီးခဲ့သည့် (၂၀၂၅) ခုနှစ်အတွင်း ကရင်ပြည်နယ်သို့ ပြည်တွင်းနှင့် ပြည်ပခရီးသွား စုစုပေါင်း (၇) သိန်းနီးပါး ဝင်ရောက်လည်ပတ်ခဲ့ရာ ယင်းမတိုင်မီ နှစ်နှင့် နှိုင်းယှဉ်ပါက သိသိသာသာ တိုးတက်ကြောင်း ကရင်ပြည်နယ် ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
(၂၀၂၄) ခုနှစ်နှင့် နှိုင်းယှဉ်ပါက ခရီးသွားဝင်ရောက်မှုမှာ သိသိသာသာ တိုးတက်လာခဲ့ပြီး ပြည်တွင်းခရီးသွားဝင်ရောက်မှုမှာ (၄၉) ရာခိုင်နှုန်းခန့် တိုးမြင့်လာသည့် အပြင် ပြည်ပခရီးသွားဝင်ရောက်မှုမှာလည်း (၄၈.၈) ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။
စာရင်းများအရ (၂၀၂၄) ခုနှစ်အတွင်း ပြည်တွင်းခရီးသွား (၄၆၈၉၉၁) ဦး၊ ပြည်ပခရီးသွား (၂၉၃) ဦး စုစုပေါင်း (၄၆၉၂၈၄) ဦး ဝင်ရောက်ခဲ့ပြီး (၂၀၂၅) ခုနှစ်တွင် ပြည်တွင်းခရီးသွား (၆၉၈၈၁၄) ဦးနှင့် ပြည်ပခရီးသွား (၄၃၆) ဦး စုစုပေါင်း (၆၉၉၂၅၀) ဦးအထိ ဝင်ရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ခရီးသွားဝင်ရောက်မှု တိုးတက်လာမှုနှင့်အတူ ဒေသတွင်း ဟိုတယ်နှင့် တည်းခိုရိပ်သာများ၏ ဝင်ငွေရရှိမှုလည်း တိုးလာခဲ့ပြီး (၂၀၂၅) ခုနှစ်တွင် (၂၀၂၄) ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၉၄.၆၃) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် မြဝတီမြို့ရှိ မြဝတီအမှတ် (၁) ချစ်ကြည်ရေးတံတားကို (၂၀၂၃) ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်ခဲ့ပြီးနောက် (၂၀၂၅) ခုနှစ်ကုန်အထိ ထိုင်းနိုင်ငံသား (၁၃၈၉၆၄) ဦး လာရောက်လည်ပတ်ခဲ့ကြောင်း သိရသည်။
ကရင်ပြည်နယ်အတွင်း ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီများကို ဖွဲ့စည်းထားပြီး အဓိကဒေသ (၁၇) ခုအတွက် စီမံခန့်ခွဲရေးအဖွဲ့များဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:
ကရင္ျပည္နယ္သို႔ ၿပီးခဲ့သည့္ ႏွစ္အတြင္း ခရီးသြား (၇) သိန္းနီးပါးဝင္ေရာက္ခဲ့ၿပီး သိသိသာသာတိုးတက္
စိမ့္စမ္းေရ (NP News) - မတ္ ၂
ၿပီးခဲ့သည့္ (၂၀၂၅) ခုႏွစ္အတြင္း ကရင္ျပည္နယ္သို႔ ျပည္တြင္းႏွင့္ ျပည္ပခရီးသြား စုစုေပါင္း (၇) သိန္းနီးပါး ဝင္ေရာက္လည္ပတ္ခဲ့ရာ ယင္းမတိုင္မီ ႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက သိသိသာသာ တိုးတက္ေၾကာင္း ကရင္ျပည္နယ္ ဟိုတယ္ႏွင့္ ခရီးသြားၫႊန္ၾကားမႈဦးစီးဌာန၏ စာရင္းမ်ားအရ သိရသည္။
(၂၀၂၄) ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက ခရီးသြားဝင္ေရာက္မႈမွာ သိသိသာသာ တိုးတက္လာခဲ့ၿပီး ျပည္တြင္းခရီးသြားဝင္ေရာက္မႈမွာ (၄၉) ရာခိုင္ႏႈန္းခန႔္ တိုးျမင့္လာသည့္ အျပင္ ျပည္ပခရီးသြားဝင္ေရာက္မႈမွာလည္း (၄၈.၈) ရာခိုင္ႏႈန္းအထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။
စာရင္းမ်ားအရ (၂၀၂၄) ခုႏွစ္အတြင္း ျပည္တြင္းခရီးသြား (၄၆၈၉၉၁) ဦး၊ ျပည္ပခရီးသြား (၂၉၃) ဦး စုစုေပါင္း (၄၆၉၂၈၄) ဦး ဝင္ေရာက္ခဲ့ၿပီး (၂၀၂၅) ခုႏွစ္တြင္ ျပည္တြင္းခရီးသြား (၆၉၈၈၁၄) ဦးႏွင့္ ျပည္ပခရီးသြား (၄၃၆) ဦး စုစုေပါင္း (၆၉၉၂၅၀) ဦးအထိ ဝင္ေရာက္ခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
ခရီးသြားဝင္ေရာက္မႈ တိုးတက္လာမႈႏွင့္အတူ ေဒသတြင္း ဟိုတယ္ႏွင့္ တည္းခိုရိပ္သာမ်ား၏ ဝင္ေငြရရွိမႈလည္း တိုးလာခဲ့ၿပီး (၂၀၂၅) ခုႏွစ္တြင္ (၂၀၂၄) ခုႏွစ္ႏွင့္ ႏႈိင္းယွဥ္ပါက (၉၄.၆၃) ရာခိုင္ႏႈန္း ျမင့္တက္ခဲ့ေၾကာင္း သိရသည္။
ထို႔အျပင္ ထိုင္းႏိုင္ငံႏွင့္ နယ္နိမိတ္ခ်င္းထိစပ္ေနသည့္ ျမဝတီၿမိဳ႕ရွိ ျမဝတီအမွတ္ (၁) ခ်စ္ၾကည္ေရးတံတားကို (၂၀၂၃) ခုႏွစ္ ဇန္နဝါရီလ (၁၂) ရက္ေန႔တြင္ ျပန္လည္ဖြင့္လွစ္ခဲ့ၿပီးေနာက္ (၂၀၂၅) ခုႏွစ္ကုန္အထိ ထိုင္းႏိုင္ငံသား (၁၃၈၉၆၄) ဦး လာေရာက္လည္ပတ္ခဲ့ေၾကာင္း သိရသည္။
ကရင္ျပည္နယ္အတြင္း ခရီးသြားလုပ္ငန္းက႑ ဖြံ႕ၿဖိဳးတိုးတက္ေစရန္ ေဒသဆိုင္ရာ ခရီးသြားလုပ္ငန္းေကာ္မတီမ်ားကို ဖြဲ႕စည္းထားၿပီး အဓိကေဒသ (၁၇) ခုအတြက္ စီမံခန႔္ခြဲေရးအဖြဲ႕မ်ားျဖင့္ စနစ္တက် ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.