အနီရောင်မြို့တော် (သို့မဟုတ်) မောရိုကို၏ အင်ပါယာမြို့တော် (၄) ခုထဲက တစ်ခုဖြစ်သည့် မာရာကတ်ရှ်မြို့

142

Pika (NP News) - မတ် ၂
မာရာကတ်ရှ်မြို့သည် မော်ရိုကိုနိုင်ငံတွင်းတွင် လေးခုမြောက်အကြီးဆုံးမြို့တစ်မြို့ဖြစ်ပြီး ပြတိုက်များ၊ ပြခန်းများ၊ သမိုင်းဝင် အထိမ်းအမှတ်အဆောက်အအုံများနှင့် ယဉ်ကျေးမှုအမွေအနှစ်များ ကြောင့် နာမည်ကျော်ကြားသည့် မြို့တစ်မြို့လည်းဖြစ်သည်။ မော်ရိုကိုနိုင်ငံ၏ အင်ပါယာမြို့တော်လေး ခုအနက် တစ်ခုဖြစ်ပြီး မာရာကတ်ရှ်-ဆာဖီဒေသ၏ မြို့တော်လည်းဖြစ်သည်။ မာရာကတ်ရှ်မြို့သည် အက်တ်လက်စ်တောင်တန်းများ၏အနောက်ဘက်ရှိ တောင်ခြေတွင်တည်ရှိ ကြောင်းလည်းသိရသည်။
သမိုင်းကြောင်း
မာရာကတ်ရှ်မြို့ကို (၁ဝ၇ဝ)ပြည့်နှစ်တွင် Abu Bakr ibn Umar ဆိုသည့်မျိုးနွယ်စု အကြီး အကဲတစ်ယောက်က Almoravid မင်းဆက်၏မြို့တော်အဖြစ် စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ Almoravid မင်းဆက်သည် မာရာကတ်ရှ်မြို့တွင်းတွင် ပထမဆုံးသော အဓိက အဆောက်အအုံများကို တည်ဆောက်ခဲ့ပြီး ရာစုနှစ်များစွာကြာအောင် ၎င်း၏အပြင်အဆင်ကို ပုံဖော်ခဲ့ကြ ကြောင်းသိရသည်။ (၁၁၂၂) ခုနှစ်နှင့် (၁၁၂၃)ခုနှစ် တွင် Almoravid မင်းဆက်၏ (၅)ယောက်မြောက် ဘုရင် Ali ibn Yusuf ကတည်ဆောက်ခဲ့သော မာရာကတ်ရှ်မြို့၏ အနီရောင်နံရံများနှင့် အနီရောင် သဲကျောက်များဖြင့် တည် ဆောက်ထားသည့် အဆောက်အအုံအမျိုးမျိုးကြောင့် မြို့ကို အနီရောင်မြို့ သို့မဟုတ် Ochre City မြို့ဟု အမည်ပြောင်ပေးခဲ့ကြကြောင်းသိရသည်။ နောက်ပိုင်းတွင် မာရာကတ်ရှ်မြို့သည် အလျင်အမြန် ကြီးထွား လာခဲ့ပြီး Maghreb ဒေသအတွက် ယဉ်ကျေးမှု၊ ဘာသာရေးနှင့် ကုန်သွယ်ရေးအချက်အချာနေရာ တစ်ခု ဖြစ်လာခဲ့ကြောင်းသိရသည်။ ထို့နောက် ပျက်စီးယိုယွင်းမှုကာလတစ်ခုအပြီး (၁၆)ရာစုအစောပိုင်းတွင် မာရာကတ်ရှ်မြို့သည် Saadian မင်းဆက်၏မြို့တော်ဖြစ်လာခဲ့ပြီး ဘုရင်များဖြစ်ကြသော Abdallah al-Ghalib နှင့် Ahmad al-Mansur တို့သည် မြို့ကို ခမ်းနားထည်ဝါသော အထိမ်းအမှတ်အဆောက်အအုံ များဖြင့် အလှဆင်ပုံဖော်ခဲ့ကြကြောင်းသိရသည်။
မာရာကတ်ရှ်မြို့တွင် ရောင်းချသူများနှင့် ၎င်းတို့၏ဆိုင်ခန်းများဖြင့်ပြည့်နှက်နေသည့် ရှေး ဟောင်း ခံတပ်မြို့တစ်မြို့ရှိကြောင်းလည်းသိရသည်။
medina ရပ်ကွက်သည် ယူနက်စကို အဖွဲ့၏ ကမ္ဘာ့အမွေအနှစ်နေရာတစ်ခုဖြစ်ပြီး Jemaa el-Fnaa ရင်ပြင်၊ ဈေးများ၊ Kutubiyya ဗလီ၊ အခြား သမိုင်းဝင်နှင့်ယဉ်ကျေးမှုဆိုင်ရာနေရာများစွာ ပါဝင် ကြောင်း သိရသည်။ ထို့ပြင် မာရာကတ်ရှ်မြို့သည် အဓိကစီးပွားရေးဆိုင်ရာ အချက်အချာနေရာနှင့် ခရီး သွားနေရာတစ်ခုအဖြစ်တာဝန်ယူထားသည့် မြို့တစ်မြို့လည်းဖြစ်ပြီး အိမ်ခြံမြေနှင့် ဟိုတယ် ဖွံ့ဖြိုးတိုး တက်မှုသည် (၂၁)ရာစုတွင် သိသိ သာသာကြီးထွားလာခဲ့ကြောင်းသိရသည့်အပြင် ပြင်သစ် လူမျိုးများ ကြားတွင် အလွန်ရေပန်းစားပြီး ပြင်သစ်နာမည်ကျော်အများအပြားသည် မြို့တွင်းတွင် အိမ်ခြံမြေများ ဝယ်ထားကြကြောင်း သိရသည်။
မာရာကတ်ရှ်မြို့တွင် ကာဆာဘလန်ကာ မြို့နှင့် မော်ရိုကိုမြို့မြောက်ပိုင်းကိုဆက်သွယ်ပေး သော မာရာကတ်ရှ်မီနာရာလေဆိပ်နှင့် မာရာကတ်ရှ် ရထားဘူတာရုံတို့ရှိသည်။ မာရာကတ်ရှ်မြို့တွင် Cadi Ayyad တက္ကသိုလ်အပါအဝင် တက္ကသိုလ်များနှင့် ကျောင်းများ အများအပြားရှိကြောင်းသိရသည်။ Najm de Marrakech? KAC Marrakech? Mouloudia de Marrakech နှင့် Chez Ali Club de Marrakech ဘောလုံးအသင်းတို့အပါ အဝင် မော်ရိုကိုဘောလုံးအသင်းအများအပြားသည် မာရာကတ်ရှ် မြို့တွင်အခြေစိုက်ကြကြောင်းလည်းသိရသည်။ ထို့ပြင် Marrakesh Street Circuit ကား ပြိုင်ကွင်းတွင် World Touring Car Championship ၊ Auto GP နှင့် FIA Formula Two Championship ပြိုင်ပွဲများ ကို လက်ခံကျင်းပလေ့ရှိကြောင်းလည်း သိရသည်။
စီးပွားရေး
မာရာကတ်ရှ်မြို့သည် မော်ရိုကိုနိုင်ငံ၏ စီးပွားရေးနှင့်ယဉ်ကျေးမှုအတွက် အရေးကြီးသော အစိတ်အပိုင်းတစ်ခုလည်းဖြစ်သည်။ ကာဆာ ဘလန်ကာ၊ အာဂါဒါနှင့် ဒေသတွင်းလေဆိပ် သို့ အဝေး ပြေးလမ်းမကြီးများ တိုးတက်ကောင်းမွန်လာမှုကြောင့် မြို့တွင်းခရီးသွားလုပ်ငန်း သိသိသာသာတိုးတက် လာခဲ့ပြီး နှစ်စဉ် ခရီးသွား(၂)သန်းကျော်ကို ဆွဲဆောင်လျက်ရှိကြောင်းသိရသည်။ မော်ရိုကိုနိုင်ငံ၏ စီးပွား ရေးအတွက် ခရီးသွားလုပ်ငန်း၏အရေးပါမှုကြောင့် ဘုရင် Mohammed VI သည် ကမ္ဘာလှည့် ခရီးသွား အရေအတွက်ကို နှစ်ဆတိုးမြှင့်ရန်အတွက် ခရီးသွားလုပ်ငန်းကိုမြှင့်တင်ရန် ကတိပြုခဲ့ကြောင်းလည်း သိရသည်။ မာရာကတ်ရှ်မြို့သည် ပြင်သစ်လူမျိုးများကြားတွင် အလွန်ရေပန်းစားပြီး ဖက်ရှင်လောက၏ ထင်ရှားကျော်ကြားသူများဖြစ်သည့် Yves St Laurent ESihf Jean-Paul Gaultier တို့အပါအဝင် ပြင်သစ်နာမည်ကြီးများစွာသည် မြို့တွင်းတွင် အိမ်ခြံ မြေများဝယ်ယူခဲ့ကြကြောင်းသိရသည်။ (၁၉၉ဝ) ပြည့်နှစ်များအတွင်း မာရာကတ်ရှ်မြို့တွင် နိုင်ငံခြားသားအနည်းငယ်သာနေထိုင်ခဲ့ကြပြီး အိမ်ခြံမြေဖွံ့ဖြိုး တိုးတက်မှုများသည် ပြီးခဲ့သည့်(၁၅)နှစ်အတွင်း သိသိသာသာမြင့်တက်လာခဲ့သည်။ ခရီးသွားလုပ်ငန်း တွင် ဖွံ့ဖြိုးတိုးတက်မှုများရှိလာသော်လည်း မြို့သူမြို့သားအများစုမှာ ဆင်းရဲနွမ်းပါးနေဆဲဖြစ်ပြီး အိမ် ထောင်စု(၂ဝဝဝဝ)ခန့်မှာ ရေ သို့မဟုတ် လျှပ်စစ်မီးမရရှိသေးကြောင်းသိရသည်။
(၂ဝ၁၁)ခုနှစ်တွင် ကမ္ဘာ့စီးပွားပျက်ကပ် ကြီးနှင့် (၂ဝဝ၈)ခုနှစ် ဘဏ္ဍာရေးအကျပ်အတည်း အပြီး တွင် မာရာကတ်ရှ်မြို့ရှိ အိမ်ခြံမြေရင်းနှီးမြှုပ်နံှမှုများသည် ခရီးသွားနေရာထိုင်ခင်းနှင့် လူမှုရေးအိမ်ရာ နှစ်ခုလုံးတွင် သိသိသာသာတိုးတက်လာခဲ့ပြီး အဓိကဖွံ့ဖြိုးတိုးတက်မှုများမှာ ဂေါက်ကွင်းများနှင့် ကျန်း မာရေး spa များကဲ့သို့သော ဟိုတယ်များနှင့် အပန်းဖြေစင်တာများအပါအဝင် ခရီးသွားလုပ်ငန်းအတွက် အဆောက်အအုံများတွင်ဖြစ်ပြီး (၂ဝ၁၁)ခုနှစ်တွင် အမေရိကန်ဒေါ်လာ(၁ ဒသမ၂၈)ဘီလျံ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ခဲ့ကြောင်းသိရသည်။
ကုန်သွယ်ရေးနှင့် လက်မှုပညာများသည် ဒေသတွင်းခရီးသွားလုပ်ငန်းအတွက် အလွန်အရေးကြီး သည့်အရာများဖြစ်ပြီး မာရာကတ်ရှ်မြို့တွင် ဈေး စုစုပေါင်း(၁၈)ခုရှိကာ မြေအိုး၊ ကြေးနီထည်၊ သားရေ နှင့်အခြားလက်မှုပညာများတွင် လူပေါင်း (၄ဝဝဝဝ)ကျော်ကို အလုပ်ခန့်ထားကြောင်းသိရသည်။ အဆိုပါ ဈေးများတွင် အိန္ဒိယ သို့မဟုတ် တရုတ်မှတင်သွင်းသော ပလတ်စတစ်ဖိနပ်များ၊ ပါ လက်စတိုင်း စတိုင် ပဝါများအထိ ပစ္စည်းအမျိုးမျိုးရှိ ပြီး ဒေသခံဈေးဆိုင်ငယ်လေးများသည် မော်ရိုကို ပစ္စည်းများကိုအသုံးပြု ကာ အနောက်တိုင်းစတိုင်အ ဝတ်အစားများပြုလုပ်ရာတွင်ကျွမ်းကျင်ကြောင်းသိရသည်။ ထို့ပြင် မာရာ ကတ်ရှ်မြို့ရှိဈေးဆိုင်များ သည် ကျဉ်းမြောင်းသည့်လမ်းအများကြီးနှင့်အတူ မယုံနိုင်လောက်အောင် အံ့သြစရာကောင်းသည့် ဈေးဝယ်အတွေ့အကြုံများကိုပေးစွမ်းကြောင်း သတင်းစာအများအပြားက ရေးသားဖော်ပြခဲ့သည်။ မာရာကတ်ရှ်မြို့တွင် Marjane Acima၊ Asswak Salam နှင့် Carrefour အပါအဝင် စူပါမားကက်အများအပြားနှင့် အဓိကဈေးဝယ် စင်တာသုံးခုဖြစ်သည့် Al Mazar Mall? Plaza Marrakech နှင့် Marjane Square တို့လည်းရှိသည်။
တောရိုင်းတိရစ္ဆာန်ရောင်းဝယ်ဖောက်ကားမှုအများစုမှာ တရားမဝင်သော်လည်း မာရာကတ်ရှ် မြို့သည် မြောက်အာဖရိက၏ အကြီးဆုံး တောရိုင်းတိရစ္ဆာန်ကုန်သွယ်မှုအချက်အချာနေရာများထဲမှ တစ်ခုလည်းဖြစ်သည်။ ယင်းကုန်သွယ်မှုအ များစုကို မဒီနာရပ်ကွက်နှင့် အနီးအနားရှိရင်ပြင်များတွင် တွေ့ရှိနိုင်ပြီး အိမ်မွေးတိရစ္ဆာန်အဖြစ်ရောင်းချမှုအတွက် လိပ်များက အထူးရေပန်းစားပြီး Barbary macaques မျောက်မျိုးစိတ်နှင့် မြွေများကိုလည်း တွေ့မြင်နိုင်ကြောင်းသိရသည်။

Zawgyi Version;
အနီေရာင္ၿမိဳ႕ေတာ္ (သို႔မဟုတ္) ေမာ႐ိုကို၏ အင္ပါယာၿမိဳ႕ေတာ္ (၄) ခုထဲက တစ္ခုျဖစ္သည့္ မာရာကတ္ရွ္ၿမိဳ႕
Pika (NP News) - မတ္ ၂
မာရာကတ္ရွ္ၿမိဳ႕သည္ ေမာ္႐ိုကိုႏိုင္ငံတြင္းတြင္ ေလးခုေျမာက္အႀကီးဆုံးၿမိဳ႕တစ္ၿမိဳ႕ျဖစ္ၿပီး ျပတိုက္မ်ား၊ ျပခန္းမ်ား၊ သမိုင္းဝင္ အထိမ္းအမွတ္အေဆာက္အအုံမ်ားႏွင့္ ယဥ္ေက်းမႈအေမြအႏွစ္မ်ား ေၾကာင့္ နာမည္ေက်ာ္ၾကားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္သည္။ ေမာ္႐ိုကိုႏိုင္ငံ၏ အင္ပါယာၿမိဳ႕ေတာ္ေလး ခုအနက္ တစ္ခုျဖစ္ၿပီး မာရာကတ္ရွ္-ဆာဖီေဒသ၏ ၿမိဳ႕ေတာ္လည္းျဖစ္သည္။ မာရာကတ္ရွ္ၿမိဳ႕သည္ အက္တ္လက္စ္ေတာင္တန္းမ်ား၏အေနာက္ဘက္ရွိ ေတာင္ေျခတြင္တည္ရွိ ေၾကာင္းလည္းသိရသည္။
သမိုင္းေၾကာင္း
မာရာကတ္ရွ္ၿမိဳ႕ကို (၁ဝ၇ဝ)ျပည့္ႏွစ္တြင္ Abu Bakr ibn Umar ဆိုသည့္မ်ိဳးႏြယ္စု အႀကီး အကဲတစ္ေယာက္က Almoravid မင္းဆက္၏ၿမိဳ႕ေတာ္အျဖစ္ စတင္တည္ေထာင္ခဲ့ျခင္း ျဖစ္သည္။ Almoravid မင္းဆက္သည္ မာရာကတ္ရွ္ၿမိဳ႕တြင္းတြင္ ပထမဆုံးေသာ အဓိက အေဆာက္အအုံမ်ားကို တည္ေဆာက္ခဲ့ၿပီး ရာစုႏွစ္မ်ားစြာၾကာေအာင္ ၎၏အျပင္အဆင္ကို ပုံေဖာ္ခဲ့ၾက ေၾကာင္းသိရသည္။ (၁၁၂၂) ခုႏွစ္ႏွင့္ (၁၁၂၃)ခုႏွစ္ တြင္ Almoravid မင္းဆက္၏ (၅)ေယာက္ေျမာက္ ဘုရင္ Ali ibn Yusuf ကတည္ေဆာက္ခဲ့ေသာ မာရာကတ္ရွ္ၿမိဳ႕၏ အနီေရာင္နံရံမ်ားႏွင့္ အနီေရာင္ သဲေက်ာက္မ်ားျဖင့္ တည္ ေဆာက္ထားသည့္ အေဆာက္အအုံအမ်ိဳးမ်ိဳးေၾကာင့္ ၿမိဳ႕ကို အနီေရာင္ၿမိဳ႕ သို႔မဟုတ္ Ochre City ၿမိဳ႕ဟု အမည္ေျပာင္ေပးခဲ့ၾကေၾကာင္းသိရသည္။ ေနာက္ပိုင္းတြင္ မာရာကတ္ရွ္ၿမိဳ႕သည္ အလ်င္အျမန္ ႀကီးထြား လာခဲ့ၿပီး Maghreb ေဒသအတြက္ ယဥ္ေက်းမႈ၊ ဘာသာေရးႏွင့္ ကုန္သြယ္ေရးအခ်က္အခ်ာေနရာ တစ္ခု ျဖစ္လာခဲ့ေၾကာင္းသိရသည္။ ထို႔ေနာက္ ပ်က္စီးယိုယြင္းမႈကာလတစ္ခုအၿပီး (၁၆)ရာစုအေစာပိုင္းတြင္ မာရာကတ္ရွ္ၿမိဳ႕သည္ Saadian မင္းဆက္၏ၿမိဳ႕ေတာ္ျဖစ္လာခဲ့ၿပီး ဘုရင္မ်ားျဖစ္ၾကေသာ Abdallah al-Ghalib ႏွင့္ Ahmad al-Mansur တို႔သည္ ၿမိဳ႕ကို ခမ္းနားထည္ဝါေသာ အထိမ္းအမွတ္အေဆာက္အအုံ မ်ားျဖင့္ အလွဆင္ပုံေဖာ္ခဲ့ၾကေၾကာင္းသိရသည္။
မာရာကတ္ရွ္ၿမိဳ႕တြင္ ေရာင္းခ်သူမ်ားႏွင့္ ၎တို႔၏ဆိုင္ခန္းမ်ားျဖင့္ျပည့္ႏွက္ေနသည့္ ေရွး ေဟာင္း ခံတပ္ၿမိဳ႕တစ္ၿမိဳ႕ရွိေၾကာင္းလည္းသိရသည္။
medina ရပ္ကြက္သည္ ယူနက္စကို အဖြဲ႕၏ ကမာၻ႔အေမြအႏွစ္ေနရာတစ္ခုျဖစ္ၿပီး Jemaa el-Fnaa ရင္ျပင္၊ ေဈးမ်ား၊ Kutubiyya ဗလီ၊ အျခား သမိုင္းဝင္ႏွင့္ယဥ္ေက်းမႈဆိုင္ရာေနရာမ်ားစြာ ပါဝင္ ေၾကာင္း သိရသည္။ ထို႔ျပင္ မာရာကတ္ရွ္ၿမိဳ႕သည္ အဓိကစီးပြားေရးဆိုင္ရာ အခ်က္အခ်ာေနရာႏွင့္ ခရီး သြားေနရာတစ္ခုအျဖစ္တာဝန္ယူထားသည့္ ၿမိဳ႕တစ္ၿမိဳ႕လည္းျဖစ္ၿပီး အိမ္ၿခံေျမႏွင့္ ဟိုတယ္ ဖြံ႕ၿဖိဳးတိုး တက္မႈသည္ (၂၁)ရာစုတြင္ သိသိ သာသာႀကီးထြားလာခဲ့ေၾကာင္းသိရသည့္အျပင္ ျပင္သစ္ လူမ်ိဳးမ်ား ၾကားတြင္ အလြန္ေရပန္းစားၿပီး ျပင္သစ္နာမည္ေက်ာ္အမ်ားအျပားသည္ ၿမိဳ႕တြင္းတြင္ အိမ္ၿခံေျမမ်ား ဝယ္ထားၾကေၾကာင္း သိရသည္။
မာရာကတ္ရွ္ၿမိဳ႕တြင္ ကာဆာဘလန္ကာ ၿမိဳ႕ႏွင့္ ေမာ္႐ိုကိုၿမိဳ႕ေျမာက္ပိုင္းကိုဆက္သြယ္ေပး ေသာ မာရာကတ္ရွ္မီနာရာေလဆိပ္ႏွင့္ မာရာကတ္ရွ္ ရထားဘူတာ႐ုံတို႔ရွိသည္။ မာရာကတ္ရွ္ၿမိဳ႕တြင္ Cadi Ayyad တကၠသိုလ္အပါအဝင္ တကၠသိုလ္မ်ားႏွင့္ ေက်ာင္းမ်ား အမ်ားအျပားရွိေၾကာင္းသိရသည္။ Najm de Marrakech? KAC Marrakech? Mouloudia de Marrakech ႏွင့္ Chez Ali Club de Marrakech ေဘာလုံးအသင္းတို႔အပါ အဝင္ ေမာ္႐ိုကိုေဘာလုံးအသင္းအမ်ားအျပားသည္ မာရာကတ္ရွ္ ၿမိဳ႕တြင္အေျခစိုက္ၾကေၾကာင္းလည္းသိရသည္။ ထို႔ျပင္ Marrakesh Street Circuit ကား ၿပိဳင္ကြင္းတြင္ World Touring Car Championship ၊ Auto GP ႏွင့္ FIA Formula Two Championship ၿပိဳင္ပြဲမ်ား ကို လက္ခံက်င္းပေလ့ရွိေၾကာင္းလည္း သိရသည္။
စီးပြားေရး
မာရာကတ္ရွ္ၿမိဳ႕သည္ ေမာ္႐ိုကိုႏိုင္ငံ၏ စီးပြားေရးႏွင့္ယဥ္ေက်းမႈအတြက္ အေရးႀကီးေသာ အစိတ္အပိုင္းတစ္ခုလည္းျဖစ္သည္။ ကာဆာ ဘလန္ကာ၊ အာဂါဒါႏွင့္ ေဒသတြင္းေလဆိပ္ သို႔ အေဝး ေျပးလမ္းမႀကီးမ်ား တိုးတက္ေကာင္းမြန္လာမႈေၾကာင့္ ၿမိဳ႕တြင္းခရီးသြားလုပ္ငန္း သိသိသာသာတိုးတက္ လာခဲ့ၿပီး ႏွစ္စဥ္ ခရီးသြား(၂)သန္းေက်ာ္ကို ဆြဲေဆာင္လ်က္ရွိေၾကာင္းသိရသည္။ ေမာ္႐ိုကိုႏိုင္ငံ၏ စီးပြား ေရးအတြက္ ခရီးသြားလုပ္ငန္း၏အေရးပါမႈေၾကာင့္ ဘုရင္ Mohammed VI သည္ ကမာၻလွည့္ ခရီးသြား အေရအတြက္ကို ႏွစ္ဆတိုးျမႇင့္ရန္အတြက္ ခရီးသြားလုပ္ငန္းကိုျမႇင့္တင္ရန္ ကတိျပဳခဲ့ေၾကာင္းလည္း သိရသည္။ မာရာကတ္ရွ္ၿမိဳ႕သည္ ျပင္သစ္လူမ်ိဳးမ်ားၾကားတြင္ အလြန္ေရပန္းစားၿပီး ဖက္ရွင္ေလာက၏ ထင္ရွားေက်ာ္ၾကားသူမ်ားျဖစ္သည့္ Yves St Laurent ESihf Jean-Paul Gaultier တို႔အပါအဝင္ ျပင္သစ္နာမည္ႀကီးမ်ားစြာသည္ ၿမိဳ႕တြင္းတြင္ အိမ္ၿခံ ေျမမ်ားဝယ္ယူခဲ့ၾကေၾကာင္းသိရသည္။ (၁၉၉ဝ) ျပည့္ႏွစ္မ်ားအတြင္း မာရာကတ္ရွ္ၿမိဳ႕တြင္ ႏိုင္ငံျခားသားအနည္းငယ္သာေနထိုင္ခဲ့ၾကၿပီး အိမ္ၿခံေျမဖြံ႕ၿဖိဳး တိုးတက္မႈမ်ားသည္ ၿပီးခဲ့သည့္(၁၅)ႏွစ္အတြင္း သိသိသာသာျမင့္တက္လာခဲ့သည္။ ခရီးသြားလုပ္ငန္း တြင္ ဖြံ႕ၿဖိဳးတိုးတက္မႈမ်ားရွိလာေသာ္လည္း ၿမိဳ႕သူၿမိဳ႕သားအမ်ားစုမွာ ဆင္းရဲႏြမ္းပါးေနဆဲျဖစ္ၿပီး အိမ္ ေထာင္စု(၂ဝဝဝဝ)ခန႔္မွာ ေရ သို႔မဟုတ္ လွ်ပ္စစ္မီးမရရွိေသးေၾကာင္းသိရသည္။
(၂ဝ၁၁)ခုႏွစ္တြင္ ကမာၻ႔စီးပြားပ်က္ကပ္ ႀကီးႏွင့္ (၂ဝဝ၈)ခုႏွစ္ ဘ႑ာေရးအက်ပ္အတည္း အၿပီး တြင္ မာရာကတ္ရွ္ၿမိဳ႕ရွိ အိမ္ၿခံေျမရင္းႏွီးျမႇဳပ္နံွမႈမ်ားသည္ ခရီးသြားေနရာထိုင္ခင္းႏွင့္ လူမႈေရးအိမ္ရာ ႏွစ္ခုလုံးတြင္ သိသိသာသာတိုးတက္လာခဲ့ၿပီး အဓိကဖြံ႕ၿဖိဳးတိုးတက္မႈမ်ားမွာ ေဂါက္ကြင္းမ်ားႏွင့္ က်န္း မာေရး spa မ်ားကဲ့သို႔ေသာ ဟိုတယ္မ်ားႏွင့္ အပန္းေျဖစင္တာမ်ားအပါအဝင္ ခရီးသြားလုပ္ငန္းအတြက္ အေဆာက္အအုံမ်ားတြင္ျဖစ္ၿပီး (၂ဝ၁၁)ခုႏွစ္တြင္ အေမရိကန္ေဒၚလာ(၁ ဒသမ၂၈)ဘီလ်ံ ရင္းႏွီးျမႇဳပ္ႏွံမႈ ျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
ကုန္သြယ္ေရးႏွင့္ လက္မႈပညာမ်ားသည္ ေဒသတြင္းခရီးသြားလုပ္ငန္းအတြက္ အလြန္အေရးႀကီး သည့္အရာမ်ားျဖစ္ၿပီး မာရာကတ္ရွ္ၿမိဳ႕တြင္ ေဈး စုစုေပါင္း(၁၈)ခုရွိကာ ေျမအိုး၊ ေၾကးနီထည္၊ သားေရ ႏွင့္အျခားလက္မႈပညာမ်ားတြင္ လူေပါင္း (၄ဝဝဝဝ)ေက်ာ္ကို အလုပ္ခန႔္ထားေၾကာင္းသိရသည္။ အဆိုပါ ေဈးမ်ားတြင္ အိႏၵိယ သို႔မဟုတ္ တ႐ုတ္မွတင္သြင္းေသာ ပလတ္စတစ္ဖိနပ္မ်ား၊ ပါ လက္စတိုင္း စတိုင္ ပဝါမ်ားအထိ ပစၥည္းအမ်ိဳးမ်ိဳးရွိ ၿပီး ေဒသခံေဈးဆိုင္ငယ္ေလးမ်ားသည္ ေမာ္႐ိုကို ပစၥည္းမ်ားကိုအသုံးျပဳ ကာ အေနာက္တိုင္းစတိုင္အ ဝတ္အစားမ်ားျပဳလုပ္ရာတြင္ကြၽမ္းက်င္ေၾကာင္းသိရသည္။ ထို႔ျပင္ မာရာ ကတ္ရွ္ၿမိဳ႕ရွိေဈးဆိုင္မ်ား သည္ က်ဥ္းေျမာင္းသည့္လမ္းအမ်ားႀကီးႏွင့္အတူ မယုံႏိုင္ေလာက္ေအာင္ အံ့ၾသစရာေကာင္းသည့္ ေဈးဝယ္အေတြ႕အႀကဳံမ်ားကိုေပးစြမ္းေၾကာင္း သတင္းစာအမ်ားအျပားက ေရးသားေဖာ္ျပခဲ့သည္။ မာရာကတ္ရွ္ၿမိဳ႕တြင္ Marjane Acima၊ Asswak Salam ႏွင့္ Carrefour အပါအဝင္ စူပါမားကက္အမ်ားအျပားႏွင့္ အဓိကေဈးဝယ္ စင္တာသုံးခုျဖစ္သည့္ Al Mazar Mall? Plaza Marrakech ႏွင့္ Marjane Square တို႔လည္းရွိသည္။
ေတာ႐ိုင္းတိရစာၦန္ေရာင္းဝယ္ေဖာက္ကားမႈအမ်ားစုမွာ တရားမဝင္ေသာ္လည္း မာရာကတ္ရွ္ ၿမိဳ႕သည္ ေျမာက္အာဖရိက၏ အႀကီးဆုံး ေတာ႐ိုင္းတိရစာၦန္ကုန္သြယ္မႈအခ်က္အခ်ာေနရာမ်ားထဲမွ တစ္ခုလည္းျဖစ္သည္။ ယင္းကုန္သြယ္မႈအ မ်ားစုကို မဒီနာရပ္ကြက္ႏွင့္ အနီးအနားရွိရင္ျပင္မ်ားတြင္ ေတြ႕ရွိႏိုင္ၿပီး အိမ္ေမြးတိရစာၦန္အျဖစ္ေရာင္းခ်မႈအတြက္ လိပ္မ်ားက အထူးေရပန္းစားၿပီး Barbary macaques ေမ်ာက္မ်ိဳးစိတ္ႏွင့္ ေႁမြမ်ားကိုလည္း ေတြ႕ျမင္ႏိုင္ေၾကာင္းသိရသည္။