အီရန်နိုင်ငံ၏အဆင့်မြင့်ဆုံး ဘာသာရေးခေါင်းဆောင် ခါမေနီကို မလုပ်ကြံခင် လုံခြုံရေးကင်မရာများကို Hack လုပ်ကာ စောင့်ကြည့်လုပ်ကြံခဲ့ဟုဆို

440

ဂျန်ဇက် (NP News) - မတ် ၄
အစ္စရေး ထောက်လှမ်းရေး မောဆက် (Mossad) ဟာ ခါမေနီကို မတိုက်ခိုက်မီ တီဟီရန်မြို့တော်ရဲ့ လုံခြုံရေးကင်မရာ (CCTV) ကွန်ရက်တစ်ခုလုံးကို Hack လုပ်ပြီး ထိန်းချုပ်ခဲ့တယ်လို့
Financial Times (FT) သတင်းဌာနက ဖော်ပြထားပါတယ်။
မောဆက်ဖွဲ့ဟာ လုံခြုံရေးကင်မရာကို ဟတ် လုပ်နိုင်ခဲ့ပြီးနောက် ခါမေနီရဲ့သွားလာလှုပ်ရှားမှုတွေကို စက္ကန့်မလပ် စောင့်ကြည့်နေခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှု စတင်တဲ့အချိန်မှာ အစ္စရေးဟာ အီရန်လုံခြုံရေးတပ်ဖွဲ့တွေရဲ့ကင်မရာမြင်ကွင်းတွေကို အမှောင်ချခြင်း (သို့) ပုံသေကားချပ် (Loop) ပြုလုပ်ခြင်းဖြင့် အီရန်ဘက်က ဘာဖြစ်နေမှန်းမသိအောင် ပြုလုပ်ခဲ့ပါတယ်။
အမေရိကန် နဲ့ အစ္စရေးတို့ဟာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုစတင်ပြီးနောက် ၂၄ နာရီအတွင်းမှာပဲ
အီရန်နိုင်ငံရဲ့အမြင့်ဆုံး ဘာသာရေးခေါင်းဆောင်ကို အစ္စရေးထောက်လှမ်းအဖွဲ့ဟာ လုံခြုံရေး ကင်မရာတွေကို Hack လုပ်နိုင်ခဲ့တာကြောင့် ခါမေနီ ရှိနေတဲ့ ဘန်ကာ (သို့မဟုတ်) အဆောက်အအုံရဲ့ အတိအကျတည်နေရာကို ရယူပြီး ဘန်ကာဖျက်ဗုံးများနဲ့ တိတိကျကျ ပစ်ခတ်နိုင်ခဲ့တာဖြစ်ပါတယ်။ အီရန်ရဲ့အဆင့်မြင့် ဆိုက်ဘာလုံခြုံရေးစနစ်တွေဟာ အစ္စရေးရဲ့ရှေ့တန်းရောက် နည်းပညာကို မယှဉ်နိုင်ဘူးဆိုတာကို သက်သေပြလိုက်တာဖြစ်ပြီး အီရန်စစ်ဘက်အတွင်းမှာ ထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပေါ်နေပါတယ်။

Zawgyi Version;
အီရန္ႏိုင္ငံ၏အဆင့္ျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ ခါေမနီကို မလုပ္ႀကံခင္ လုံၿခဳံေရးကင္မရာမ်ားကို Hack လုပ္ကာ ေစာင့္ၾကည့္လုပ္ႀကံခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၄
အစၥေရး ေထာက္လွမ္းေရး ေမာဆက္ (Mossad) ဟာ ခါေမနီကို မတိုက္ခိုက္မီ တီဟီရန္ၿမိဳ႕ေတာ္ရဲ႕ လုံၿခဳံေရးကင္မရာ (CCTV) ကြန္ရက္တစ္ခုလုံးကို Hack လုပ္ၿပီး ထိန္းခ်ဳပ္ခဲ့တယ္လို႔
Financial Times (FT) သတင္းဌာနက ေဖာ္ျပထားပါတယ္။
ေမာဆက္ဖြဲ႕ဟာ လုံၿခဳံေရးကင္မရာကို ဟတ္ လုပ္ႏိုင္ခဲ့ၿပီးေနာက္ ခါေမနီရဲ႕သြားလာလႈပ္ရွားမႈေတြကို စကၠန႔္မလပ္ ေစာင့္ၾကည့္ေနခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အီရန္ႏိုင္ငံအေပၚတိုက္ခိုက္မႈ စတင္တဲ့အခ်ိန္မွာ အစၥေရးဟာ အီရန္လုံၿခဳံေရးတပ္ဖြဲ႕ေတြရဲ႕ကင္မရာျမင္ကြင္းေတြကို အေမွာင္ခ်ျခင္း (သို႔) ပုံေသကားခ်ပ္ (Loop) ျပဳလုပ္ျခင္းျဖင့္ အီရန္ဘက္က ဘာျဖစ္ေနမွန္းမသိေအာင္ ျပဳလုပ္ခဲ့ပါတယ္။
အေမရိကန္ နဲ႔ အစၥေရးတို႔ဟာ အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈစတင္ၿပီးေနာက္ ၂၄ နာရီအတြင္းမွာပဲ
အီရန္ႏိုင္ငံရဲ႕အျမင့္ဆုံး ဘာသာေရးေခါင္းေဆာင္ကို အစၥေရးေထာက္လွမ္းအဖြဲ႕ဟာ လုံၿခဳံေရး ကင္မရာေတြကို Hack လုပ္ႏိုင္ခဲ့တာေၾကာင့္ ခါေမနီ ရွိေနတဲ့ ဘန္ကာ (သို႔မဟုတ္) အေဆာက္အအုံရဲ႕ အတိအက်တည္ေနရာကို ရယူၿပီး ဘန္ကာဖ်က္ဗုံးမ်ားနဲ႔ တိတိက်က် ပစ္ခတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ အီရန္ရဲ႕အဆင့္ျမင့္ ဆိုက္ဘာလုံၿခဳံေရးစနစ္ေတြဟာ အစၥေရးရဲ႕ေရွ႕တန္းေရာက္ နည္းပညာကို မယွဥ္ႏိုင္ဘူးဆိုတာကို သက္ေသျပလိုက္တာျဖစ္ၿပီး အီရန္စစ္ဘက္အတြင္းမွာ ထိတ္လန႔္တုန္လႈပ္မႈေတြျဖစ္ေပၚေနပါတယ္။