အီရန် ဒရုန်းတင်သင်္ဘောကို အမေရိကန် တိုက်ခိုက်

150

Pika (NP News) - မတ် ၇
အီရန်ဒရုန်းတင်သင်္ဘော IRIS Shahid Bagheri ကို တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို အမေရိကန် အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ်(CENTCOM) က ထုတ်ပြန်ပြသခဲ့တယ်လို့ သိရပါတယ်။ အဲဒီဗီဒီယိုဖိုင်ထဲမှာ ပင်လယ်ပြင်မှာရှိတဲ့သင်္ဘောကြီးတစ်စီးပေါ်မှာ ပေါက်ကွဲမှုနှစ်ခါဖြစ်ပွားပြီး လှုပ်ခါသွားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
(CENTCOM) က “ဒုတိယကမ္ဘာစစ်လေယာဉ်တင်သင်္ဘောအရွယ်အစားခန့်ရှိတဲ့ အီရန်ဒရုန်းတင်သင်္ဘောတစ်စီးကို ထိရောက်တဲ့တိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ယခင်က ကွန်တိန်နာသင်္ဘောဖြစ်ခဲ့တဲ့အီရန်ဒရုန်းတင်သင်္ဘော IRIS Shahid Bagheri ဟာ (၂၀၂၅)ခုနှစ်မှာ အီရန် စစ်တပ်သို့ ဝင်ရောက်ခဲ့တာဖြစ်ပြီး မီတာ(၁၈၀)ရှည်လျားတဲ့၎င်းရဲ့လေယာဉ်ပြေးလမ်းကို စောင့်ကြည့်ရေးနဲ့ တိုက်ခိုက်ရေးဒရုန်းတွေ၊ ရဟတ်ယာဉ်တွေထားရှိဖို့ ဒီဇိုင်းထုတ်ထားတာ ဖြစ်တယ်လို့လည်း သိရပါတယ်။
အမေရိကန်ရေငုပ်သင်္ဘောတစ်စီးက အီရန်ဖရီးဂိတ်သင်္ဘော IRIS Dena ကို သီရိလင်္ကာအနီးက နိုင်ငံတကာ ရေပိုင်နက်မှာ တိုက်ခိုက်နှစ်မြှုပ်ခဲ့ပြီးနောက် ယခုလိုတိုက်ခိုက်မှုတွေ ထပ်မံထွက်ပေါ်လာတာဖြစ်ပါတယ်။
အမေရိကန်ရေငုပ်သင်္ဘောရဲ့တိုက်ခိုက်မှုအတွင်း အီရန်ဖရီးဂိတ်သင်္ဘော IRIS Dena ရဲ့သင်္ဘောသား အနည်းဆုံး (၈၇)ဦး ခန့်သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္ ဒ႐ုန္းတင္သေဘၤာကို အေမရိကန္ တိုက္ခိုက္
Pika (NP News) - မတ္ ၇
အီရန္ဒ႐ုန္းတင္သေဘၤာ IRIS Shahid Bagheri ကို တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့တဲ့ ဗီဒီယိုဖိုင္တစ္ခုကို အေမရိကန္ အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္(CENTCOM) က ထုတ္ျပန္ျပသခဲ့တယ္လို႔ သိရပါတယ္။ အဲဒီဗီဒီယိုဖိုင္ထဲမွာ ပင္လယ္ျပင္မွာရွိတဲ့သေဘၤာႀကီးတစ္စီးေပၚမွာ ေပါက္ကြဲမႈႏွစ္ခါျဖစ္ပြားၿပီး လႈပ္ခါသြားတာကိုလည္း ေတြ႕ျမင္ခဲ့ရပါတယ္။
(CENTCOM) က “ဒုတိယကမာၻစစ္ေလယာဥ္တင္သေဘၤာအ႐ြယ္အစားခန႔္ရွိတဲ့ အီရန္ဒ႐ုန္းတင္သေဘၤာတစ္စီးကို ထိေရာက္တဲ့တိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ယခင္က ကြန္တိန္နာသေဘၤာျဖစ္ခဲ့တဲ့အီရန္ဒ႐ုန္းတင္သေဘၤာ IRIS Shahid Bagheri ဟာ (၂၀၂၅)ခုႏွစ္မွာ အီရန္ စစ္တပ္သို႔ ဝင္ေရာက္ခဲ့တာျဖစ္ၿပီး မီတာ(၁၈၀)ရွည္လ်ားတဲ့၎ရဲ႕ေလယာဥ္ေျပးလမ္းကို ေစာင့္ၾကည့္ေရးနဲ႔ တိုက္ခိုက္ေရးဒ႐ုန္းေတြ၊ ရဟတ္ယာဥ္ေတြထားရွိဖို႔ ဒီဇိုင္းထုတ္ထားတာ ျဖစ္တယ္လို႔လည္း သိရပါတယ္။
အေမရိကန္ေရငုပ္သေဘၤာတစ္စီးက အီရန္ဖရီးဂိတ္သေဘၤာ IRIS Dena ကို သီရိလကၤာအနီးက ႏိုင္ငံတကာ ေရပိုင္နက္မွာ တိုက္ခိုက္ႏွစ္ျမႇဳပ္ခဲ့ၿပီးေနာက္ ယခုလိုတိုက္ခိုက္မႈေတြ ထပ္မံထြက္ေပၚလာတာျဖစ္ပါတယ္။
အေမရိကန္ေရငုပ္သေဘၤာရဲ႕တိုက္ခိုက္မႈအတြင္း အီရန္ဖရီးဂိတ္သေဘၤာ IRIS Dena ရဲ႕သေဘၤာသား အနည္းဆုံး (၈၇)ဦး ခန႔္ေသဆုံးခဲ့တယ္လို႔လည္း သိရပါတယ္။