ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်နေတဲ့တိုက်ခိုက်မှုတွေကိုရပ်တန့်ဖို့ အီရန်ကို ဥရောပသမဂ္ဂ နဲ့ ပင်လယ်ကွေ့နိုင်ငံတွေ တိုက်တွန်း

96

Pika (NP News) - မတ် ၇
အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ ဒေသတစ်ဝှမ်းမှာရှိတဲ့ နိုင်ငံတွေအပေါ် တိုက်ခိုက်မှုတွေလုပ်ဆောင်နေတာကို ချက်ချင်းရပ်တန့်ဖို့ အီရန်ကို ဥရောပသမဂ္ဂနဲ့ပင်လယ်ကွေ့နိုင်ငံတွေက တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။
ဒါ့ပြင် အီရန်ကသာ တိုက်ခိုက်မှုတွေကို မရပ်တန့်ဘူးဆိုရင် ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကလည်း အန္တရာယ်ရှိနေ တယ်လို့ ၎င်းတို့က ပြောကြားခဲ့ပါတယ်။ အီရန်က ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင်နိုင်ငံတွေ ဖြစ်တဲ့ ဘာရိန်း၊ ဆော်ဒီအာရေးဗျ၊ ကာတာ၊ ယူအေအီး၊ ကူဝိတ် နဲ့ အိုမန်နိုင်ငံတို့ကို တိုက်ခိုက်မှုတွေ တိုးမြှင့် လုပ်ဆောင်နေချိန်မှာပဲ ယခုလိုတောင်းဆိုမှုတွေထွက်ပေါ်လာတာဖြစ်ပါတယ်။
ပူးတွဲထုတ်ပြန်ချက်မှာ “ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးကို ခြိမ်းခြောက်နေသော ပင်လယ်ကွေ့ပူးပေါင်း ဆောင်ရွက်ရေး ကောင်စီဝင်နိုင်ငံတွေအပေါ် အီရန်ရဲ့မတရားရဲ့တိုက်ခိုက်မှုတွေကို ဥရောပသမဂ္ဂနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေက ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချပါတယ်။ အီရန်က ဒီလိုမျိုးတိုက်ခိုက်နေတာတွေကို ချက်ချင်း ရပ်တန့်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။
ဒါ့ပြင် အီရန်တိုက်ခိုက်မှုတွေရဲ့ အကျိုးဆက်တွေကို ကိုင်တွယ်ဖြေရှင်းရာမှာ ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီဝင်နိုင်ငံတွေက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်ပိုင်ခွင့်ရှိတယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားဖော်ပြထားပါတယ်။

Zawgyi Version;
ကမာၻလုံးဆိုင္ရာလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနတဲ့တိုက္ခိုက္မႈေတြကိုရပ္တန႔္ဖို႔ အီရန္ကို ဥေရာပသမဂၢ နဲ႔ ပင္လယ္ေကြ႕ႏိုင္ငံေတြ တိုက္တြန္း
Pika (NP News) - မတ္ ၇
အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ ေဒသတစ္ဝွမ္းမွာရွိတဲ့ ႏိုင္ငံေတြအေပၚ တိုက္ခိုက္မႈေတြလုပ္ေဆာင္ေနတာကို ခ်က္ခ်င္းရပ္တန႔္ဖို႔ အီရန္ကို ဥေရာပသမဂၢနဲ႔ပင္လယ္ေကြ႕ႏိုင္ငံေတြက ေတာင္းဆိုခဲ့တယ္လို႔ သိရပါတယ္။
ဒါ့ျပင္ အီရန္ကသာ တိုက္ခိုက္မႈေတြကို မရပ္တန႔္ဘူးဆိုရင္ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးကလည္း အႏၲရာယ္ရွိေန တယ္လို႔ ၎တို႔က ေျပာၾကားခဲ့ပါတယ္။ အီရန္က ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီဝင္ႏိုင္ငံေတြ ျဖစ္တဲ့ ဘာရိန္း၊ ေဆာ္ဒီအာေရးဗ်၊ ကာတာ၊ ယူေအအီး၊ ကူဝိတ္ နဲ႔ အိုမန္ႏိုင္ငံတို႔ကို တိုက္ခိုက္မႈေတြ တိုးျမႇင့္ လုပ္ေဆာင္ေနခ်ိန္မွာပဲ ယခုလိုေတာင္းဆိုမႈေတြထြက္ေပၚလာတာျဖစ္ပါတယ္။
ပူးတြဲထုတ္ျပန္ခ်က္မွာ “ေဒသတြင္းနဲ႔ ကမာၻလုံးဆိုင္ရာလုံၿခဳံေရးကို ၿခိမ္းေျခာက္ေနေသာ ပင္လယ္ေကြ႕ပူးေပါင္း ေဆာင္႐ြက္ေရး ေကာင္စီဝင္ႏိုင္ငံေတြအေပၚ အီရန္ရဲ႕မတရားရဲ႕တိုက္ခိုက္မႈေတြကို ဥေရာပသမဂၢနဲ႔ ပင္လယ္ေကြ႕ ႏိုင္ငံေတြက ျပင္းျပင္းထန္ထန္ ျပစ္တင္ရႈတ္ခ်ပါတယ္။ အီရန္က ဒီလိုမ်ိဳးတိုက္ခိုက္ေနတာေတြကို ခ်က္ခ်င္း ရပ္တန႔္ဖို႔ ကြၽန္ေတာ္တို႔ေတာင္းဆိုပါတယ္” လို႔ ေရးသားေဖာ္ျပခဲ့ပါတယ္။
ဒါ့ျပင္ အီရန္တိုက္ခိုက္မႈေတြရဲ႕ အက်ိဳးဆက္ေတြကို ကိုင္တြယ္ေျဖရွင္းရာမွာ ပင္လယ္ေကြ႕ပူးေပါင္းေဆာင္႐ြက္ေရးေကာင္စီဝင္ႏိုင္ငံေတြက ကိုယ့္ကိုယ္ကိုယ္ကာကြယ္ဖို႔ လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္ပိုင္ခြင့္ရွိတယ္လို႔လည္း ထုတ္ျပန္ခ်က္မွာ ေရးသားေဖာ္ျပထားပါတယ္။