သီရိလင်္ကာရေပိုင်နက်ကို ဒုတိယမြောက် အီရန်စစ်သင်္ဘောတစ်စီး ဦးတည်သွားနေ

 550

Pika (NP News) - မတ် ၇

အီရန်ရဲ့ဒုတိယမြောက်စစ်သင်္ဘောတစ်စီးဟာ သီရိလင်္ကာရေပိုင်နက်ကို ဦးတည်သွားခဲ့တယ်လို့ သိရပါတယ်။ အီရန်ဖရီးဂိတ်သင်္ဘောတစ်စီးကို အမေရိကန်ရေငုပ်သင်္ဘောက တိုက်ခိုက်ဖျက်ဆီးခဲ့မှုနဲ့အတူ သင်္ဘောသား အနည်းဆုံး (၈၇)ဦး သေဆုံးခဲ့ပြီး‌နောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားလာတာဖြစ်ပါတယ်။
ဒုတိယမြောက် အီရန်စစ်သင်္ဘောဟာ သီရိလင်္ကာရေပိုင်နက်ပြင်ပမှာ ရောက်ရှိနေပြီလို့ သီရိလင်္ကာ ပြန်ကြားရေးဝန်ကြီး နာလင်ဒါဂျာယာတီဆာက ပြောကြားခဲ့ပေမယ့်လည်း နောက်ထပ်အသေးစိတ်အချက်အလက် တွေကိုတော့ ထုတ်ဖော်ပြောဆိုခဲ့တာမျိုး မရှိခဲ့ဘူးလို့ သိရပါတယ်။
ဒါ့ပြင် သီရိလင်္ကာရေပြင်ထဲကို ဘေးကင်းကင်းနဲ့ဝင်ရောက်ခွင့်ပေးဖို့ အီရန်ရဲ့တောင်းဆိုမှုကို တုံ့ပြန်ဖို့အတွက် သီရိလင်္ကာသမ္မတ Anura Kumara Dissanayake က ထိပ်တန်းအရာရှိတွေနဲ့ တွေ့ဆုံမှုတွေ လုပ်ဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။
အီရန်ရဲ့ဒုတိယမြောက်စစ်သင်္ဘောပေါ်မှာလည်း အဖွဲ့ဝင်(၁၀၀)ကျော်လောက်လိုက်ပါလာပြီး ပထမတစ်ခါနှစ်မြှုပ်ပစ်ခံခဲ့ရတဲ့ ဖရီးဂိတ်သင်္ဘောလိုမျိုး ပစ်မှတ်ထားခံရမှာနဲ့ပတ်သက်ပြီး စိုးရိမ်မိတယ်လို့လည်း သီရိလင်္ကာအစိုးရအရာရှိတွေက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
သီရိလကၤာေရပိုင္နက္ကို ဒုတိယေျမာက္ အီရန္စစ္သေဘၤာတစ္စီး ဦးတည္သြားေန
Pika (NP News) - မတ္ ၇
အီရန္ရဲ႕ဒုတိယေျမာက္စစ္သေဘၤာတစ္စီးဟာ သီရိလကၤာေရပိုင္နက္ကို ဦးတည္သြားခဲ့တယ္လို႔ သိရပါတယ္။ အီရန္ဖရီးဂိတ္သေဘၤာတစ္စီးကို အေမရိကန္ေရငုပ္သေဘၤာက တိုက္ခိုက္ဖ်က္ဆီးခဲ့မႈနဲ႔အတူ သေဘၤာသား အနည္းဆုံး (၈၇)ဦး ေသဆုံးခဲ့ၿပီး‌ေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားလာတာျဖစ္ပါတယ္။
ဒုတိယေျမာက္ အီရန္စစ္သေဘၤာဟာ သီရိလကၤာေရပိုင္နက္ျပင္ပမွာ ေရာက္ရွိေနၿပီလို႔ သီရိလကၤာ ျပန္ၾကားေရးဝန္ႀကီး နာလင္ဒါဂ်ာယာတီဆာက ေျပာၾကားခဲ့ေပမယ့္လည္း ေနာက္ထပ္အေသးစိတ္အခ်က္အလက္ ေတြကိုေတာ့ ထုတ္ေဖာ္ေျပာဆိုခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔ သိရပါတယ္။
ဒါ့ျပင္ သီရိလကၤာေရျပင္ထဲကို ေဘးကင္းကင္းနဲ႔ဝင္ေရာက္ခြင့္ေပးဖို႔ အီရန္ရဲ႕ေတာင္းဆိုမႈကို တုံ႔ျပန္ဖို႔အတြက္ သီရိလကၤာသမၼတ Anura Kumara Dissanayake က ထိပ္တန္းအရာရွိေတြနဲ႔ ေတြ႕ဆုံမႈေတြ လုပ္ေဆာင္ခဲ့တယ္လို႔လည္း သိရပါတယ္။
အီရန္ရဲ႕ဒုတိယေျမာက္စစ္သေဘၤာေပၚမွာလည္း အဖြဲ႕ဝင္(၁၀၀)ေက်ာ္ေလာက္လိုက္ပါလာၿပီး ပထမတစ္ခါႏွစ္ျမႇဳပ္ပစ္ခံခဲ့ရတဲ့ ဖရီးဂိတ္သေဘၤာလိုမ်ိဳး ပစ္မွတ္ထားခံရမွာနဲ႔ပတ္သက္ၿပီး စိုးရိမ္မိတယ္လို႔လည္း သီရိလကၤာအစိုးရအရာရွိေတြက ေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.