ပြည်တွင်းစက်သုံးဆီပြတ်လပ်မှုမရှိစေရေး မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းမပြုရန် စွမ်းအင်ဝန်ကြီးဌာန မေတ္တာရပ်ခံ

 94

သန့်မင်းအိမ် (NP News) - မတ် ၇

ပြည်တွင်း၌ စက်သုံးဆီပြတ်လပ်မှု မရှိစေရေးနှင့် သုံးစွဲသူပြည်သူများထံသို့ စက်သုံးဆီများ အဆင်ပြေချောမွေ့စွာ ရောက်ရှိစေရေးအတွက် ကွင်းဆက်တစ်လျှောက် အနီးကပ်စစ်ဆေးကြပ်မတ်မှုများ တိုးမြှင့် ဆောင်ရွက်လျက်ရှိ ကြောင်း စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
စွမ်းအင်ဝန်ကြီးဌာနသည် ပြည်ပမှ စက်သုံးဆီများ စဉ်ဆက်မပြတ် ဝင်ရောက်လာစေရေးအတွက် စီမံဆောင်ရွက် နေသည့်အပြင် စက်သုံးဆီအရောင်းဆိုင်များတွင် ဆီပြတ်လပ်မှုမရှိစေရန် အချိန်နှင့်တစ်ပြေးညီ ဖြည့်တင်း ပေးလျက်ရှိကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ပြင် ဖြည့်တင်းပေးလိုက်သည့် ဆီများအား သုံးစွဲသူများထံ အမှန်တကယ်ရောက်ရှိစေရန်အတွက် စက်သုံးဆီ ဖြည့်တင်းမှုကွင်းဆက် တစ်လျှောက် စစ်ဆေးကြပ်မတ်ခြင်း၊ စက်သုံးဆီဆိုင်များ၏ လက်ကျန်အခြေအနေကို ရုတ်တရက် ဝင်ရောက်စစ်ဆေးခြင်း၊ သီလဝါဆိပ်ကမ်းရှိ Terminal များမှ ဆီထုတ်ယူမှု နှင့် ဆိုင်များသို့ ရောက်ရှိမှု အခြေအနေများကို စိစစ်ကြပ်မတ်ခြင်း စသည့် လုပ်ငန်းစဉ်များကို စွမ်းအင်ဝန်ကြီးဌာနဝန်ထမ်းများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ယခုကဲ့သို့ စနစ်တကျကြပ်မတ်ဆောင်ရွက်နေမှုများကြောင့် ယနေ့ညနေပိုင်းမှစတင်ကာ မြို့နယ်အသီးသီးရှိ စက်သုံးဆီအရောင်းဆိုင်များတွင် ဆီတန်းစီဝယ်ယူသည့် ယာဉ်အရေအတွက် သိသိသာသာလျော့နည်းကျဆင်း လာကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့ကြေငာ့် ပြည်သူလူထုအနေဖြင့် စိုးရိမ်ပူပန်မှုကြောင့် မလိုအပ်ဘဲ တန်းစီဝယ်ယူခြင်းများ မပြုလုပ်ကြရန်နှင့် ထိုသို့ တန်းစီခြင်းကြောင့် အချိန်ကုန်ခြင်းနှင့် အခြားမလိုလားအပ်သောအခက်အခဲများဖြစ်ပေါ်နိုင်သည့်အတွက် ဝန်ကြီးဌာနနှင့်အတူ ပူးပေါင်းကူညီဆောင်ရွက်ပေးကြရန်လည်း စွမ်းအင်ဝန်ကြီးဌာနက မေတ္တာရပ်ခံထားသည်။

Zawgyi Version;
ျပည္တြင္းစက္သုံးဆီျပတ္လပ္မႈမရွိေစေရး မလိုအပ္ဘဲ တန္းစီဝယ္ယူျခင္းမျပဳရန္ စြမ္းအင္ဝန္ႀကီးဌာန ေမတၱာရပ္ခံ
သန႔္မင္းအိမ္ (NP News) - မတ္ ၇
ျပည္တြင္း၌ စက္သုံးဆီျပတ္လပ္မႈ မရွိေစေရးႏွင့္ သုံးစြဲသူျပည္သူမ်ားထံသို႔ စက္သုံးဆီမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေရာက္ရွိေစေရးအတြက္ ကြင္းဆက္တစ္ေလွ်ာက္ အနီးကပ္စစ္ေဆးၾကပ္မတ္မႈမ်ား တိုးျမႇင့္ ေဆာင္႐ြက္လ်က္ရွိ ေၾကာင္း စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္အရ သိရသည္။
စြမ္းအင္ဝန္ႀကီးဌာနသည္ ျပည္ပမွ စက္သုံးဆီမ်ား စဥ္ဆက္မျပတ္ ဝင္ေရာက္လာေစေရးအတြက္ စီမံေဆာင္႐ြက္ ေနသည့္အျပင္ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ဆီျပတ္လပ္မႈမရွိေစရန္ အခ်ိန္ႏွင့္တစ္ေျပးညီ ျဖည့္တင္း ေပးလ်က္ရွိေၾကာင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ျပင္ ျဖည့္တင္းေပးလိုက္သည့္ ဆီမ်ားအား သုံးစြဲသူမ်ားထံ အမွန္တကယ္ေရာက္ရွိေစရန္အတြက္ စက္သုံးဆီ ျဖည့္တင္းမႈကြင္းဆက္ တစ္ေလွ်ာက္ စစ္ေဆးၾကပ္မတ္ျခင္း၊ စက္သုံးဆီဆိုင္မ်ား၏ လက္က်န္အေျခအေနကို ႐ုတ္တရက္ ဝင္ေရာက္စစ္ေဆးျခင္း၊ သီလဝါဆိပ္ကမ္းရွိ Terminal မ်ားမွ ဆီထုတ္ယူမႈ ႏွင့္ ဆိုင္မ်ားသို႔ ေရာက္ရွိမႈ အေျခအေနမ်ားကို စိစစ္ၾကပ္မတ္ျခင္း စသည့္ လုပ္ငန္းစဥ္မ်ားကို စြမ္းအင္ဝန္ႀကီးဌာနဝန္ထမ္းမ်ားႏွင့္ သက္ဆိုင္ရာဌာနဆိုင္ရာပူးေပါင္းအဖြဲ႕မ်ားက ကြင္းဆင္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။
ယခုကဲ့သို႔ စနစ္တက်ၾကပ္မတ္ေဆာင္႐ြက္ေနမႈမ်ားေၾကာင့္ ယေန႔ညေနပိုင္းမွစတင္ကာ ၿမိဳ႕နယ္အသီးသီးရွိ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ဆီတန္းစီဝယ္ယူသည့္ ယာဥ္အေရအတြက္ သိသိသာသာေလ်ာ့နည္းက်ဆင္း လာေၾကာင္း ေတြ႕ရွိရသည္ဟု ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
ထို႔ေၾကငာ့္ ျပည္သူလူထုအေနျဖင့္ စိုးရိမ္ပူပန္မႈေၾကာင့္ မလိုအပ္ဘဲ တန္းစီဝယ္ယူျခင္းမ်ား မျပဳလုပ္ၾကရန္ႏွင့္ ထိုသို႔ တန္းစီျခင္းေၾကာင့္ အခ်ိန္ကုန္ျခင္းႏွင့္ အျခားမလိုလားအပ္ေသာအခက္အခဲမ်ားျဖစ္ေပၚႏိုင္သည့္အတြက္ ဝန္ႀကီးဌာနႏွင့္အတူ ပူးေပါင္းကူညီေဆာင္႐ြက္ေပးၾကရန္လည္း စြမ္းအင္ဝန္ႀကီးဌာနက ေမတၱာရပ္ခံထားသည္။

Related news

© 2021. All rights reserved.