အကောက်ခွန်ဦးစီးဌာနတွင် အခွန်များပေး၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီ မဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်

 164

Pearl (NP News) - မတ် ၇

အကောက်ခွန်ဦးစီးဌာနတွင် အခွန်များပေး၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များ ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများ အချိန်မီမဆောင်ရွက်ပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

မြန်မာနိုင်ငံအတွင်းသို့ ကုန်သွယ်ရေးဦးစီးဌာန၏ တင်သွင်းခွင့်ပြုချက်နှင့် အကောက်ခွန်ဦးစီးဌာနတို့တွင် အခွန်များပေးဆောင်၍ တင်သွင်းရောက်ရှိပြီးသော မော်တော်ယာဉ်များသည် ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် ကနဦး မှတ်ပုံတင်ဆောင်ရွက်ရမည်ဖြစ်သော်လည်း မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိဘဲ နံပါတ်ပြားအတုများ၊ အလှဆင်နံပါတ်ပြားများ တပ်ဆင်၍ အသုံးပြုနေသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မော်တော်ယာဉ်များသည် တည်ဆဲ ၂၀၂၀ ပြည့်နှစ်၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေနှင့်အညီ ကနဦး မှတ်ပုံတင်ခြင်းလုပ်ငန်းများကို မဖြစ်မနေဆောင်ရွက်ရမည်ဖြစ်သောကြောင့် ကုန်သွယ်ရေးဦးစီးဌာနမှ ၂၀၁၈ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင်ထုတ်ပေးထားသောယာဉ်များသည် လာမည့် ဧပြီလ (၃၀)ရက် နောက်ဆုံးထား၍ ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ရန် သတိပေးထားသည်။

ထို့အတူ ၂၀၁၉ ခုနှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် မေလ (၃၁)ရက်နေ့နောက်ဆုံးထား၍လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း တင်သွင်းခွင့်လိုင်စင် ထုတ်ပေးထားသောယာဉ်များသည် ဇွန်လ (၃၀) ရက်နေ့နောက်ဆုံးထား၍လည်းကောင်း ကနဦးမှတ်ပုံတင်ခြင်းလုပ်ငန်းများ ပြီးပြတ်အောင်ဆောင်ရွက်ကြရန် သတိပေးထားသည်။

သတ်မှတ်ကာလ ကျော်လွန်ပါက ကနဦးမှတ်ပုံတင်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးမည်မဟုတ်ပါကြောင်းနှင့် မှတ်ပုံတင်ခြင်းလုပ်ငန်းများ အချိန်မီဆောင်ရွက်ခြင်းမပြုပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက အသိပေးထားသည်။

Zawgyi Version;
အေကာက္ခြန္ဦးစီးဌာနတြင္ အခြန္မ်ားေပး၍ တင္သြင္းေရာက္ရွိၿပီးေသာ ေမာ္ေတာ္ယာဥ္မ်ား ကနဦးမွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား အခ်ိန္မီ မေဆာင္႐ြက္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူမည္
Pearl (NP News) - မတ္ ၇
အေကာက္ခြန္ဦးစီးဌာနတြင္ အခြန္မ်ားေပး၍ တင္သြင္းေရာက္ရွိၿပီးေသာ ေမာ္ေတာ္ယာဥ္မ်ား ကနဦးမွတ္ပုံတင္ျခင္း လုပ္ငန္းမ်ား အခ်ိန္မီမေဆာင္႐ြက္ပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။

ျမန္မာႏိုင္ငံအတြင္းသို႔ ကုန္သြယ္ေရးဦးစီးဌာန၏ တင္သြင္းခြင့္ျပဳခ်က္ႏွင့္ အေကာက္ခြန္ဦးစီးဌာနတို႔တြင္ အခြန္မ်ားေပးေဆာင္၍ တင္သြင္းေရာက္ရွိၿပီးေသာ ေမာ္ေတာ္ယာဥ္မ်ားသည္ ကုန္းလမ္းပို႔ေဆာင္ေရးၫႊန္ၾကားမႈဦးစီးဌာနတြင္ ကနဦး မွတ္ပုံတင္ေဆာင္႐ြက္ရမည္ျဖစ္ေသာ္လည္း မွတ္ပုံတင္ေဆာင္႐ြက္ျခင္းမရွိဘဲ နံပါတ္ျပားအတုမ်ား၊ အလွဆင္နံပါတ္ျပားမ်ား တပ္ဆင္၍ အသုံးျပဳေနသည္ကိုေတြ႕ရွိရေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

အဆိုပါ ေမာ္ေတာ္ယာဥ္မ်ားသည္ တည္ဆဲ ၂၀၂၀ ျပည့္ႏွစ္၊ ယာဥ္အႏၲရာယ္ကင္းရွင္းေရးႏွင့္ေမာ္ေတာ္ယာဥ္စီမံခန႔္ခြဲမႈဥပေဒႏွင့္အညီ ကနဦး မွတ္ပုံတင္ျခင္းလုပ္ငန္းမ်ားကို မျဖစ္မေနေဆာင္႐ြက္ရမည္ျဖစ္ေသာေၾကာင့္ ကုန္သြယ္ေရးဦးစီးဌာနမွ ၂၀၁၈ ခုႏွစ္အတြင္း တင္သြင္းခြင့္လိုင္စင္ထုတ္ေပးထားေသာယာဥ္မ်ားသည္ လာမည့္ ဧၿပီလ (၃၀)ရက္ ေနာက္ဆုံးထား၍ ကနဦးမွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား ၿပီးျပတ္ေအာင္ေဆာင္႐ြက္ရန္ သတိေပးထားသည္။

ထို႔အတူ ၂၀၁၉ ခုႏွစ္အတြင္း တင္သြင္းခြင့္လိုင္စင္ ထုတ္ေပးထားေသာယာဥ္မ်ားသည္ ေမလ (၃၁)ရက္ေန႔ေနာက္ဆုံးထား၍လည္းေကာင္း၊ ၂၀၂၀ ျပည့္ႏွစ္အတြင္း တင္သြင္းခြင့္လိုင္စင္ ထုတ္ေပးထားေသာယာဥ္မ်ားသည္ ဇြန္လ (၃၀) ရက္ေန႔ေနာက္ဆုံးထား၍လည္းေကာင္း ကနဦးမွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား ၿပီးျပတ္ေအာင္ေဆာင္႐ြက္ၾကရန္ သတိေပးထားသည္။

သတ္မွတ္ကာလ ေက်ာ္လြန္ပါက ကနဦးမွတ္ပုံတင္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေပးမည္မဟုတ္ပါေၾကာင္းႏွင့္ မွတ္ပုံတင္ျခင္းလုပ္ငန္းမ်ား အခ်ိန္မီေဆာင္႐ြက္ျခင္းမျပဳပါက တည္ဆဲဥပေဒမ်ားႏွင့္အညီ အေရးယူေဆာင္႐ြက္မည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာနက အသိေပးထားသည္။

Related news

© 2021. All rights reserved.