အီရန်ကို လက်နက်ချမှုက လွဲပြီး အခြားသဘောတူညီချက် မပေးတော့ဟု အမေရိကန်သမ္မတ ရာဇသံပေး

 401

ဂျန်ဇက် (NP News) - မတ် ၇

​အရှေ့အလယ်ပိုင်းဒေသ စစ်ရေးပဋိပက္ခတွေ အမြင့်ဆုံးအခြေအနေကိုရောက်ရှိနေချိန်မှာ အီရန်အစိုးရအနေနဲ့ "ခြွင်းချက်မရှိ လက်နက်ချခြင်း" မှလွဲ၍ အခြား မည်သည့်သဘောတူညီချက်ကိုမျှ လက်ခံမည်မဟုတ်ကြောင်း အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြင်းထန်စွာသတိပေးပြောကြားလိုက်ပါတယ်။
အီရန်ဘက်မှ စစ်ပွဲရပ်တန့်ရန် နိုင်ငံအချို့မှတဆင့်ကြားဝင်စေ့စပ်ရန် ကြိုးပမ်းနေကြောင်း သတင်းများထွက်ပေါ်နေချိန်မှာ အမေရိကန်သမ္မတက အခုလိုမျိုး ထပ်မံသတိပေးလိုက်တာဖြစ်ပါတယ်။ "အီရန်အစိုးရအနေနဲ့ ခြွင်းချက်မရှိ လက်နက်ချပြီးပါက လက်ခံနိုင်ဖွယ်ရှိတဲ့ခေါင်းဆောင်သစ်များ" ကို ရွေးချယ်ရမယ်လို့ အမေရိကန်သမ္မထရမ့်က ဆိုပါတယ်။ အီရန်နိုင်ငံမှာ လက်ရှိအစိုးရအပြောင်းအလဲပြုလုပ်ဖို့ အမေရိကန်က ရည်ရွယ်ထားကြောင်းကို ပိုမိုထင်ရှားစေပါတယ်။
​ အဆိုပါအပြောင်းအလဲများဖြစ်ပေါ်လာပါက အမေရိကန်နဲ့ ၎င်းရဲ့မဟာမိတ်နိုင်ငံများ ပူးပေါင်းကာ အီရန်နိုင်ငံရဲ့ပျက်စီးယိုယွင်းနေတဲ့အခြေအနေမှ ကယ်တင်ကာ စီးပွားရေးအရ ယခင်ထက် ပိုမိုကောင်းမွန်အောင် ကူညီပေးမယ်လို့ အမေရိကန်သမ္မတ က ကတိပြုထားပါတယ်။ အမေရိကန်သမ္မတရဲ့ရာဇသံပေးမှုဟာ အမေရိကန်နှင့် အစ္စရေးတို့ ပူးပေါင်းကာ အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် သီတင်းပတ် တစ်ပတ်ခန့်အကြာတွင် ထွက်ပေါ်လာခြင်းဖြစ်ပါတယ်။

Zawgyi Version;
အီရန္ကို လက္နက္ခ်မႈက လြဲၿပီး အျခားသေဘာတူညီခ်က္ မေပးေတာ့ဟု အေမရိကန္သမၼတ ရာဇသံေပး
ဂ်န္ဇက္ (NP News) - မတ္ ၇
​အေရွ႕အလယ္ပိုင္းေဒသ စစ္ေရးပဋိပကၡေတြ အျမင့္ဆုံးအေျခအေနကိုေရာက္ရွိေနခ်ိန္မွာ အီရန္အစိုးရအေနနဲ႔ "ႁခြင္းခ်က္မရွိ လက္နက္ခ်ျခင္း" မွလြဲ၍ အျခား မည္သည့္သေဘာတူညီခ်က္ကိုမွ် လက္ခံမည္မဟုတ္ေၾကာင္း အေမရိကန္သမၼတေဒၚနယ္ထရမ့္က ျပင္းထန္စြာသတိေပးေျပာၾကားလိုက္ပါတယ္။
အီရန္ဘက္မွ စစ္ပြဲရပ္တန႔္ရန္ ႏိုင္ငံအခ်ိဳ႕မွတဆင့္ၾကားဝင္ေစ့စပ္ရန္ ႀကိဳးပမ္းေနေၾကာင္း သတင္းမ်ားထြက္ေပၚေနခ်ိန္မွာ အေမရိကန္သမၼတက အခုလိုမ်ိဳး ထပ္မံသတိေပးလိုက္တာျဖစ္ပါတယ္။ "အီရန္အစိုးရအေနနဲ႔ ႁခြင္းခ်က္မရွိ လက္နက္ခ်ၿပီးပါက လက္ခံႏိုင္ဖြယ္ရွိတဲ့ေခါင္းေဆာင္သစ္မ်ား" ကို ေ႐ြးခ်ယ္ရမယ္လို႔ အေမရိကန္သမၼထရမ့္က ဆိုပါတယ္။ အီရန္ႏိုင္ငံမွာ လက္ရွိအစိုးရအေျပာင္းအလဲျပဳလုပ္ဖို႔ အေမရိကန္က ရည္႐ြယ္ထားေၾကာင္းကို ပိုမိုထင္ရွားေစပါတယ္။
​ အဆိုပါအေျပာင္းအလဲမ်ားျဖစ္ေပၚလာပါက အေမရိကန္နဲ႔ ၎ရဲ႕မဟာမိတ္ႏိုင္ငံမ်ား ပူးေပါင္းကာ အီရန္ႏိုင္ငံရဲ႕ပ်က္စီးယိုယြင္းေနတဲ့အေျခအေနမွ ကယ္တင္ကာ စီးပြားေရးအရ ယခင္ထက္ ပိုမိုေကာင္းမြန္ေအာင္ ကူညီေပးမယ္လို႔ အေမရိကန္သမၼတ က ကတိျပဳထားပါတယ္။ အေမရိကန္သမၼတရဲ႕ရာဇသံေပးမႈဟာ အေမရိကန္ႏွင့္ အစၥေရးတို႔ ပူးေပါင္းကာ အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈမ်ား စတင္ခဲ့ၿပီးေနာက္ သီတင္းပတ္ တစ္ပတ္ခန႔္အၾကာတြင္ ထြက္ေပၚလာျခင္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.