စစ်တွေမြို့နှင့်ပတ်သက်၍ အင်တာနက်တွင် ထွက်ပေါ်နေသည့်သတင်းများမှာ မြေပြင်နှင့်ကွဲပြား

478

သုတကျော် (NP News) - မတ် ၇
ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေနှင့်ပတ်သက်၍ အင်တာနက်တွင် ထွက်ပေါ်နေသော သတင်းများမှာ မြေပြင် နှင့် ကွဲပြားမှုရှိနေကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ မှ အကြီးတန်းအရာရှိတစ်ဦးထံ ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
လတ်တလောထွက်ပေါ်နေသောသတင်းများအနက် စစ်တွေမြို့၏ ရွှေမင်းဂံဆိပ်ကမ်းကို AA က ထိန်းချုပ်ကြောင်းအပြင် မြို့အနီးတိုက်ပွဲ ပြင်းထန်နေသည်ဟုလည်း ရေးသားနေကြခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ NP News က ဆက်သွယ်မေးမြန်းခဲ့ခြင်းဖြစ်သည်။
“မဟုတ်တာတွေပါ။ အရင်လည်း ပြောနေကြတာလေ။ အရင်တုန်းက အမြင့်ကျွန်းရွာကို သိမ်းလိုက်ပြီ ဘာညာ။ ပါဒလိပ်မှာ အမြောက်တပ်လည်း ရှိတယ်။ အဲဒါတွေက မဟုတ်ဘူး” ဟု ၎င်းက ဆိုသည်။
သို့သော် AA အဖွဲ့က ပစ်သည့်လက်နက်ကြီးကျည်သည် စစ်တွေပြည်သူ့ဆေးရုံကြီးရှိ ဆေးဂိုထောင်တစ်ခုကို ကျရောက်ခဲ့ကြောင်း သိရသည်။
“လူအထိအခိုက်မရှိဘူးလို့ သိရတယ်။ အဲဒီအတွက် အစိုးရအဖွဲ့ က ထုတ်ပြန်မယ်ထင်ပါတယ်။ ဘယ်က ပစ်လဲတော့ မသိဘူး။ မီးလောင်တယ်လို့ သိရတယ်” ဟု စစ်တွေမြို့ခံတစ်ဦးက ဆိုသည်။
လက်ရှိတွင် AA အနေဖြင့် စစ်တွေမြို့ကို တိုက်ခိုက်ရန်အတွက် ဆောင်ရွက်ခြင်းတို့ ရှိနေသော်လည်း မြေပြင်တွင် ဖြစ်ပွားနေသည်ထက် အင်တာနက်တွင် ပိုမိုချဲ့ကားစွာ ပြောကြားနေကြခြင်းမျိုးဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

Zawgyi Version;
စစ္ေတြၿမိဳ႕ႏွင့္ပတ္သက္၍ အင္တာနက္တြင္ ထြက္ေပၚေနသည့္သတင္းမ်ားမွာ ေျမျပင္ႏွင့္ကြဲျပား
သုတေက်ာ္ (NP News) - မတ္ ၇
ရခိုင္ျပည္နယ္၏ ၿမိဳ႕ေတာ္စစ္ေတြႏွင့္ပတ္သက္၍ အင္တာနက္တြင္ ထြက္ေပၚေနေသာ သတင္းမ်ားမွာ ေျမျပင္ ႏွင့္ ကြဲျပားမႈရွိေနေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႕ မွ အႀကီးတန္းအရာရွိတစ္ဦးထံ ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
လတ္တေလာထြက္ေပၚေနေသာသတင္းမ်ားအနက္ စစ္ေတြၿမိဳ႕၏ ေ႐ႊမင္းဂံဆိပ္ကမ္းကို AA က ထိန္းခ်ဳပ္ေၾကာင္းအျပင္ ၿမိဳ႕အနီးတိုက္ပြဲ ျပင္းထန္ေနသည္ဟုလည္း ေရးသားေနၾကျခင္းျဖစ္ၿပီး ယင္းႏွင့္ပတ္သက္၍ NP News က ဆက္သြယ္ေမးျမန္းခဲ့ျခင္းျဖစ္သည္။
“မဟုတ္တာေတြပါ။ အရင္လည္း ေျပာေနၾကတာေလ။ အရင္တုန္းက အျမင့္ကြၽန္း႐ြာကို သိမ္းလိုက္ၿပီ ဘာညာ။ ပါဒလိပ္မွာ အေျမာက္တပ္လည္း ရွိတယ္။ အဲဒါေတြက မဟုတ္ဘူး” ဟု ၎က ဆိုသည္။
သို႔ေသာ္ AA အဖြဲ႕က ပစ္သည့္လက္နက္ႀကီးက်ည္သည္ စစ္ေတြျပည္သူ႔ေဆး႐ုံႀကီးရွိ ေဆးဂိုေထာင္တစ္ခုကို က်ေရာက္ခဲ့ေၾကာင္း သိရသည္။
“လူအထိအခိုက္မရွိဘူးလို႔ သိရတယ္။ အဲဒီအတြက္ အစိုးရအဖြဲ႕ က ထုတ္ျပန္မယ္ထင္ပါတယ္။ ဘယ္က ပစ္လဲေတာ့ မသိဘူး။ မီးေလာင္တယ္လို႔ သိရတယ္” ဟု စစ္ေတြၿမိဳ႕ခံတစ္ဦးက ဆိုသည္။
လက္ရွိတြင္ AA အေနျဖင့္ စစ္ေတြၿမိဳ႕ကို တိုက္ခိုက္ရန္အတြက္ ေဆာင္႐ြက္ျခင္းတို႔ ရွိေနေသာ္လည္း ေျမျပင္တြင္ ျဖစ္ပြားေနသည္ထက္ အင္တာနက္တြင္ ပိုမိုခ်ဲ႕ကားစြာ ေျပာၾကားေနၾကျခင္းမ်ိဳးျဖစ္ေၾကာင္းလည္း ၎က ဆိုသည္။