အီရန်နှင့် လပေါင်းများစွာကြာသည့်စစ်ပွဲကို ဆင်နွှဲရန် အမေရိကန်ပြင်ဆင်နေဟုဆို

 400

Pika (NP News) - မတ် ၇

အီရန်အပေါ် အနည်းဆုံးနောက်ထပ်ရက် ပေါင်း(၁၀ဝ)သို့မဟုတ် စက်တင်ဘာလအထိ စစ်ပွဲဆင်နွှဲရန် အမေရိ ကန်က မျှော်လင့်ထားကြောင်း Politico သတင်းစာက ရေးသားဖော်ပြခဲ့သည်။ အီရန်တွင်လုပ်ဆောင်နေသည့် စစ်ဆင် ရေးများကို ပံ့ပိုးရန်အတွက် ဖလော်ရီဒါပြည်နယ် Tampa မြို့ရှိ ၎င်း၏ဌာနချုပ်သို့ စစ်ထောက်လှမ်းရေးအရာရှိများကို အနည်းဆုံးရက်ပေါင်း(၁၀ဝ)အထိ စေလွှတ်ထားရန် အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ကို အမေရိကန် အလယ်ပိုင်း ကွပ်ကဲမှုဌာချုပ် (CENTCOM) က တောင်းဆိုခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး Politico က ရေးသား ဖော်ပြ ခဲ့သည်။ ထို့ပြင် (CENTCOM) က အရှေ့အလယ်ပိုင်းဒေသ တစ်ဝန်းရှိ ၎င်း၏စစ်ဘက်ဆိုင်ရာနေရာများသို့ နောက်ထပ် လေကြောင်းရန်ကာကွယ်ရေးစနစ်များ တင်ပို့ရန် ကြိုးပမ်းနေကြောင်း အမည်မဖော်လို သည့်အမေရိကန်အရာရှိများကို ကိုးကားပြီး Politico က ရေးသားဖော်ပြခဲ့သည်။ အဆိုပါပို့ ဆောင်မှုမှာ အီရန်ဒရုန်းများကို ကြားဖြတ်ဟန့်တားရန် အတွက် လက်ရှိအသုံးပြုနေသော ဈေးကြီးသည့် လေကြောင်းရန်ကာကွယ်ရေးဒုံးကျည်များနေရာတွင် အစားထိုးမည့် ဈေးသက်သာသော ဒရုန်းတိုက်ဖျက်ရေးစစ်လက်နက်ပစ္စည်းများအပေါ် အာရုံစိုက်ထားကြောင်း သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။ ပြီးခဲ့သည့်ရက်ပိုင်းတွင် အမေရိကန်နှင့် အစ္စရေးတို့က အီရန်အပေါ် လေကြောင်း တိုက်ခိုက်မှု များကို စတင်လုပ်ဆောင်ခဲ့ကာ အီရန်ထိပ်တန်းခေါင်းဆောင် အလီခါမေနီကိုသတ်ပစ်ခဲ့ပြီးနောက် အရှေ့အလယ်ပိုင်း ဒေသတွင် ကျယ်ပြန့်သည့်စစ်ရေးပဋိ ပက္ခကြီးတစ်ခုပေါ်ပေါက်လာခြင်းလည်းဖြစ်သည်။လက်ရှိအချိန်တွင် အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုများ ဆက် တိုက်ဖြစ်ပွားနေပြီး တင်းမာမှုများမှာလည်း အဆိုး ဆုံးအဆင့်အထိ မြင့်တက်လာခဲ့ကြောင်း သိရသည်။

Zawgyi Version;
အီရန္ႏွင့္ လေပါင္းမ်ားစြာၾကာသည့္စစ္ပြဲကို ဆင္ႏႊဲရန္ အေမရိကန္ျပင္ဆင္ေနဟုဆို
Pika (NP News) - မတ္ ၇
အီရန္အေပၚ အနည္းဆုံးေနာက္ထပ္ရက္ ေပါင္း(၁၀ဝ)သို႔မဟုတ္ စက္တင္ဘာလအထိ စစ္ပြဲဆင္ႏႊဲရန္ အေမရိ ကန္က ေမွ်ာ္လင့္ထားေၾကာင္း Politico သတင္းစာက ေရးသားေဖာ္ျပခဲ့သည္။ အီရန္တြင္လုပ္ေဆာင္ေနသည့္ စစ္ဆင္ ေရးမ်ားကို ပံ့ပိုးရန္အတြက္ ဖေလာ္ရီဒါျပည္နယ္ Tampa ၿမိဳ႕ရွိ ၎၏ဌာနခ်ဳပ္သို႔ စစ္ေထာက္လွမ္းေရးအရာရွိမ်ားကို အနည္းဆုံးရက္ေပါင္း(၁၀ဝ)အထိ ေစလႊတ္ထားရန္ အေမရိကန္စစ္ဌာနခ်ဳပ္ ပင္တဂြန္ကို အေမရိကန္ အလယ္ပိုင္း ကြပ္ကဲမႈဌာခ်ဳပ္ (CENTCOM) က ေတာင္းဆိုခဲ့ေၾကာင္း သတင္းရင္းျမစ္မ်ားကို ကိုးကားၿပီး Politico က ေရးသား ေဖာ္ျပ ခဲ့သည္။ ထို႔ျပင္ (CENTCOM) က အေရွ႕အလယ္ပိုင္းေဒသ တစ္ဝန္းရွိ ၎၏စစ္ဘက္ဆိုင္ရာေနရာမ်ားသို႔ ေနာက္ထပ္ ေလေၾကာင္းရန္ကာကြယ္ေရးစနစ္မ်ား တင္ပို႔ရန္ ႀကိဳးပမ္းေနေၾကာင္း အမည္မေဖာ္လို သည့္အေမရိကန္အရာရွိမ်ားကို ကိုးကားၿပီး Politico က ေရးသားေဖာ္ျပခဲ့သည္။ အဆိုပါပို႔ ေဆာင္မႈမွာ အီရန္ဒ႐ုန္းမ်ားကို ၾကားျဖတ္ဟန႔္တားရန္ အတြက္ လက္ရွိအသုံးျပဳေနေသာ ေဈးႀကီးသည့္ ေလေၾကာင္းရန္ကာကြယ္ေရးဒုံးက်ည္မ်ားေနရာတြင္ အစားထိုးမည့္ ေဈးသက္သာေသာ ဒ႐ုန္းတိုက္ဖ်က္ေရးစစ္လက္နက္ပစၥည္းမ်ားအေပၚ အာ႐ုံစိုက္ထားေၾကာင္း သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။ ၿပီးခဲ့သည့္ရက္ပိုင္းတြင္ အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္အေပၚ ေလေၾကာင္း တိုက္ခိုက္မႈ မ်ားကို စတင္လုပ္ေဆာင္ခဲ့ကာ အီရန္ထိပ္တန္းေခါင္းေဆာင္ အလီခါေမနီကိုသတ္ပစ္ခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္း ေဒသတြင္ က်ယ္ျပန႔္သည့္စစ္ေရးပဋိ ပကၡႀကီးတစ္ခုေပၚေပါက္လာျခင္းလည္းျဖစ္သည္။လက္ရွိအခ်ိန္တြင္ အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈမ်ား ဆက္ တိုက္ျဖစ္ပြားေနၿပီး တင္းမာမႈမ်ားမွာလည္း အဆိုး ဆုံးအဆင့္အထိ ျမင့္တက္လာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.