RCSS နှင့် SSPP နှစ်ဖက်ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံရာတွင် ထိပ်တိုက်တွေ့မှုကို ရှောင်ရန် အချက်လည်း ပါဝင်ခဲ့

657

သုတကျော် (NP News) - မတ် ၇
ရှမ်းပြည်နယ်၊ ကွန်ဟိန်းမြို့နယ်တွင် RCSS/ SSA နှင့် SSPP/SSA တို့မှ နှစ်ဖက်ထိပ် သီးခေါင်းဆောင်များ တွေ့ဆုံစဉ် ဆွေးနွေးရာ၌ ထိပ်တိုက်တွေ့မှုကိုရှောင်ရန် အချက်အလက်လည်း ပါဝင်ကြောင်း ယင်းနှင့်ပတ်သက်၍ ထဲထဲဝင်ဝင် သိရှိ သူသတင်းရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
ယင်းသို့ တွေ့ဆုံခြင်းကို မတ်လ (၂) ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်သော်လည်း ယခုရက်ပိုင်းမှသာ သတင်း ကျယ် ကျယ်ပြန့်ပြန့်ထွက်လာခြင်းဖြစ်ကာ RCSS/SSA ဘက်မှ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဦးဆောင်ပြီး SSPP/ SSA ဘက်တွင် ဒုတိယ ဥက္ကဋ္ဌ (၃) ဒုတိယဗိုလ်ချုပ်ကြီး ဆေပိုင်ဖက ဦး ဆောင်ခဲ့ခြင်းဖြစ်သည်။
“သဘောတူညီချက်တွေ လုပ်ခဲ့တယ်” အဆိုပါ သတင်းရင်းမြစ်ကဆိုပြီး ယင်းတွင် ပါဝင်သည့် အချက်များကို NP News က ဆက်လက်မေးမြန်းရာ ယင်းအချက်မှာမူ လတ်တလော ထုတ်ပြန်ပြောကြားနိုင်ခြင်း မရှိသေးကြောင်း ၎င်းက ဆိုသည်။ နှစ်ဖက်အခြေအနေများကြောင့် ဆွေးနွေးခဲ့သည့်အချက်များကို တရားဝင်ထုတ်ပြန်ခြင်းမျိုး ရှိနိုင်ဖွယ် မရှိသေးကြောင်းလည်း ၎င်းကဆိုသည်။
“အကြမ်းဖျင်းအားဖြင့်တော့ နှစ်ဖက်ထိပ် တိုက်တွေ့မှုကို ရှောင်ရှားနိုင်တဲ့ အနေအထားတစ်ခုပေါ့။ အပြန် အလှန် သတင်းဖလှယ် ချိတ်ဆက်မှု သဘောပေါ့။ တရားဝင် ချပြဖို့ကတော့ အဆင်မပြေတဲ့ ကာလပါ။ မကြာခင်တော့ ထုတ်ပြန်ပါလိမ့်မယ်” ဟု ယခုသတင်းရေးသားချိန် မတ်လ (၆) ရက်တွင် ၎င်းကပြောသည်။ ယင်းတွေ့ဆုံခြင်းနှင့် ပတ်သက်၍ ဗီဒီယိုထွက်ပေါ်လာခဲ့ရာ အဆိုပါဗီဒီယိုအတွင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ရှမ်းပြည်နယ်ကို အခြားဒေသ တွင်း နေထိုင်သော တိုင်းရင်းသားများလည်း ပါဝင် ခြင်းဖြစ်ပြီး ယခင်က အေးချမ်းခဲ့ကြောင်းပြောကြား သည်။
“အခုအချင်းချင်းကြား ဘာကြောင့် တိုက်ခိုက်နေတာလဲ၊ နောက်ကွယ်က သွေးထိုးလှုံ့ဆော်နေ တဲ့သူတွေ ရှိလို့ပဲ” ဟူသော အဓိပ္ပာယ်ရသည့် စကားကိုလည်း ပြောကြားခဲ့သည်။ RCSS သည် တစ်နိုင်ငံ လုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် လက်မှတ်ထိုးထားသော အဖွဲ့ဖြစ်ပြီး RCSS နှင့် SSPP ကြား ယခင်က စစ်ရေးတင်းမာမှု ရှိခဲ့သော်လည်း ယခုအခါ တင်းမာမှုလျော့ကျနေသည်။

Zawgyi Version;
RCSS ႏွင့္ SSPP ႏွစ္ဖက္ထိပ္သီးေခါင္းေဆာင္မ်ား ေတြ႕ဆုံရာတြင္ ထိပ္တိုက္ေတြ႕မႈကို ေရွာင္ရန္ အခ်က္လည္း ပါဝင္ခဲ့
သုတေက်ာ္ (NP News) - မတ္ ၇
ရွမ္းျပည္နယ္၊ ကြန္ဟိန္းၿမိဳ႕နယ္တြင္ RCSS/ SSA ႏွင့္ SSPP/SSA တို႔မွ ႏွစ္ဖက္ထိပ္ သီးေခါင္းေဆာင္မ်ား ေတြ႕ဆုံစဥ္ ေဆြးေႏြးရာ၌ ထိပ္တိုက္ေတြ႕မႈကိုေရွာင္ရန္ အခ်က္အလက္လည္း ပါဝင္ေၾကာင္း ယင္းႏွင့္ပတ္သက္၍ ထဲထဲဝင္ဝင္ သိရွိ သူသတင္းရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
ယင္းသို႔ ေတြ႕ဆုံျခင္းကို မတ္လ (၂) ရက္က ျပဳလုပ္ခဲ့ျခင္းျဖစ္ေသာ္လည္း ယခုရက္ပိုင္းမွသာ သတင္း က်ယ္ က်ယ္ျပန႔္ျပန႔္ထြက္လာျခင္းျဖစ္ကာ RCSS/SSA ဘက္မွ ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ဦးေဆာင္ၿပီး SSPP/ SSA ဘက္တြင္ ဒုတိယ ဥကၠ႒ (၃) ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေဆပိုင္ဖက ဦး ေဆာင္ခဲ့ျခင္းျဖစ္သည္။
“သေဘာတူညီခ်က္ေတြ လုပ္ခဲ့တယ္” အဆိုပါ သတင္းရင္းျမစ္ကဆိုၿပီး ယင္းတြင္ ပါဝင္သည့္ အခ်က္မ်ားကို NP News က ဆက္လက္ေမးျမန္းရာ ယင္းအခ်က္မွာမူ လတ္တေလာ ထုတ္ျပန္ေျပာၾကားႏိုင္ျခင္း မရွိေသးေၾကာင္း ၎က ဆိုသည္။ ႏွစ္ဖက္အေျခအေနမ်ားေၾကာင့္ ေဆြးေႏြးခဲ့သည့္အခ်က္မ်ားကို တရားဝင္ထုတ္ျပန္ျခင္းမ်ိဳး ရွိႏိုင္ဖြယ္ မရွိေသးေၾကာင္းလည္း ၎ကဆိုသည္။
“အၾကမ္းဖ်င္းအားျဖင့္ေတာ့ ႏွစ္ဖက္ထိပ္ တိုက္ေတြ႕မႈကို ေရွာင္ရွားႏိုင္တဲ့ အေနအထားတစ္ခုေပါ့။ အျပန္ အလွန္ သတင္းဖလွယ္ ခ်ိတ္ဆက္မႈ သေဘာေပါ့။ တရားဝင္ ခ်ျပဖို႔ကေတာ့ အဆင္မေျပတဲ့ ကာလပါ။ မၾကာခင္ေတာ့ ထုတ္ျပန္ပါလိမ့္မယ္” ဟု ယခုသတင္းေရးသားခ်ိန္ မတ္လ (၆) ရက္တြင္ ၎ကေျပာသည္။ ယင္းေတြ႕ဆုံျခင္းႏွင့္ ပတ္သက္၍ ဗီဒီယိုထြက္ေပၚလာခဲ့ရာ အဆိုပါဗီဒီယိုအတြင္း ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ရွမ္းျပည္နယ္ကို အျခားေဒသ တြင္း ေနထိုင္ေသာ တိုင္းရင္းသားမ်ားလည္း ပါဝင္ ျခင္းျဖစ္ၿပီး ယခင္က ေအးခ်မ္းခဲ့ေၾကာင္းေျပာၾကား သည္။
“အခုအခ်င္းခ်င္းၾကား ဘာေၾကာင့္ တိုက္ခိုက္ေနတာလဲ၊ ေနာက္ကြယ္က ေသြးထိုးလႈံ႕ေဆာ္ေန တဲ့သူေတြ ရွိလို႔ပဲ” ဟူေသာ အဓိပၸာယ္ရသည့္ စကားကိုလည္း ေျပာၾကားခဲ့သည္။ RCSS သည္ တစ္ႏိုင္ငံ လုံးပစ္ခတ္ တိုက္ခိုက္မႈ ရပ္စဲေရး သေဘာတူစာခ်ဳပ္ (NCA) တြင္ လက္မွတ္ထိုးထားေသာ အဖြဲ႕ျဖစ္ၿပီး RCSS ႏွင့္ SSPP ၾကား ယခင္က စစ္ေရးတင္းမာမႈ ရွိခဲ့ေသာ္လည္း ယခုအခါ တင္းမာမႈေလ်ာ့က်ေနသည္။