အမေရိကန်နှင့် အစ္စရေးတို့က အာရပ်နိုင်ငံတွေကို ကျယ်ပြန့်သည့်ပဋိပက္ခထဲသို့ ဆွဲခေါ်နေဟု ရုရှားဆို

148

Pika (NP News) - မတ် ၇
အမေရိကန်နှင့် အစ္စရေးတို့က အီရန်ကို ဒေသတွင်းရှိပစ်မှတ်များကို တိုက်ခိုက်မှုများ လုပ် ဆောင်ရန် လှုံ့ဆော် ပေးခြင်းဖြင့် အာရပ်နိုင်ငံများကို ပိုမိုကျယ်ပြန့်သည့် အရှေ့အလယ်ပိုင်းပဋိပက္ခထဲသို့ ဆွဲခေါ်ရန် ကြိုးပမ်းနေကြောင်း ရုရှားအစိုးရက စွပ်စွဲ ပြောဆိုခဲ့သည်။
ထို့ပြင် ယင်းကဲ့သို့ကြိုးပမ်းမှုများနှင့်ပတ်သက်ပြီး အမေရိကန်နှင့်အစ္စရေးတို့က လက်လျှော့ မည့်ပုံလည်းမပေါ် ကြောင်း ရုရှားအစိုးရက ထပ်မံပြော ဆိုခဲ့သည်။ ပင်လယ်ကွေ့တွင်ရှိသော အာရပ်နိုင်ငံများသည် အမေရိကန်၏ နီးကပ် သောမိတ်ဖက်နိုင်ငံများဖြစ်ပြီး အချို့မှာ ရုရှားနှင့်လည်း နီးကပ်သော ဆက်ဆံ ရေးမျိုးရှိကာ အမေရိကန်နှင့်အစ္စရေးတို့က အီရန်အပေါ် လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီးနောက် ပိုင်းတည်းက အီရန်၏ဒရုန်း၊ဒုံးကျည်များနှင့် တိုက် ခိုက်မှုများ ကို ခံခဲ့ရကြောင်းသိရသည်။
ရုရှားသမ္မတပူတင်သည် အာရပ်နိုင်ငံ (၄)နိုင်ငံ၏ ခေါင်းဆောင်များကိုဖုန်းဖြင့် စကားပြောခဲ့ပြီး ဒေသတွင်းရှိ ရေနံအခြေခံအဆောက်အအုံများအပေါ် အီရန်၏တိုက်ခိုက်မှုများနှင့်ပတ်သက်သည့် စိုးရိမ်ပူပန်မှုများကို ပေးပို့ရန် အတွက် ရုရှား၏ အီရန် နှင့်ဆက်ဆံရေးကို အသုံးပြုသွားမည်ဟု ကမ်းလှမ်းခဲ့ ကြောင်းသိရသည်။
ထို့ပြင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ကြေညာချက်တစ်ခုတွင် အမေရိ ကန်နှင့်အစ္စရေးတို့ က အာရပ်ပင်လယ်ကွေ့ နိုင်ငံများ ကို ပိုမိုကျယ်ပြန့်သောပဋိပက္ခထဲသို့ ရည်ရွယ်ချက် ရှိရှိဆွဲခေါ်ရန် ကြိုးပမ်းနေကြောင်း စွပ်စွဲပြောဆိုထားသည်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ‘အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ကို အာရပ်နိုင်ငံတချို့ မှာရှိတဲ့ပစ်မှတ်တွေအပေါ် လက်စားချေတိုက်ခိုက်မှုတွေလုပ်ဖို့ ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ခဲ့ပါတယ်။ ဒီလို မျိုးလှုံ့ဆော်မှု တွေကြောင့်ပဲ လူသားနှင့်ပစ္စည်းဆုံးရှုံးမှုတွေကို ဖြစ်ပေါ်စေခဲ့တဲ့အတွက် ရုရှားကတကယ်ကို စိတ်မကောင်းဖြစ်မိပါတယ်’ ဟုပြောဆိုခဲ့သည်။

Zawgyi Version;
အေမရိကန္ႏွင့္ အစၥေရးတို႔က အာရပ္ႏိုင္ငံေတြကို က်ယ္ျပန႔္သည့္ ပဋိပကၡထဲသို႔ ဆြဲေခၚေနဟု ႐ုရွားဆို
Pika (NP News) - မတ္ ၇
အေမရိကန္ႏွင့္ အစၥေရးတို႔က အီရန္ကို ေဒသတြင္းရွိပစ္မွတ္မ်ားကို တိုက္ခိုက္မႈမ်ား လုပ္ ေဆာင္ရန္ လႈံ႕ေဆာ္ ေပးျခင္းျဖင့္ အာရပ္ႏိုင္ငံမ်ားကို ပိုမိုက်ယ္ျပန႔္သည့္ အေရွ႕အလယ္ပိုင္းပဋိပကၡထဲသို႔ ဆြဲေခၚရန္ ႀကိဳးပမ္းေနေၾကာင္း ႐ုရွားအစိုးရက စြပ္စြဲ ေျပာဆိုခဲ့သည္။
ထို႔ျပင္ ယင္းကဲ့သို႔ႀကိဳးပမ္းမႈမ်ားႏွင့္ပတ္သက္ၿပီး အေမရိကန္ႏွင့္အစၥေရးတို႔က လက္ေလွ်ာ့ မည့္ပုံလည္းမေပၚ ေၾကာင္း ႐ုရွားအစိုးရက ထပ္မံေျပာ ဆိုခဲ့သည္။ ပင္လယ္ေကြ႕တြင္ရွိေသာ အာရပ္ႏိုင္ငံမ်ားသည္ အေမရိကန္၏ နီးကပ္ ေသာမိတ္ဖက္ႏိုင္ငံမ်ားျဖစ္ၿပီး အခ်ိဳ႕မွာ ႐ုရွားႏွင့္လည္း နီးကပ္ေသာ ဆက္ဆံ ေရးမ်ိဳးရွိကာ အေမရိကန္ႏွင့္အစၥေရးတို႔က အီရန္အေပၚ ေလေၾကာင္းတိုက္ခိုက္မႈစတင္ခဲ့ၿပီးေနာက္ ပိုင္းတည္းက အီရန္၏ဒ႐ုန္း၊ဒုံးက်ည္မ်ားႏွင့္ တိုက္ ခိုက္မႈမ်ား ကို ခံခဲ့ရေၾကာင္းသိရသည္။
႐ုရွားသမၼတပူတင္သည္ အာရပ္ႏိုင္ငံ (၄)ႏိုင္ငံ၏ ေခါင္းေဆာင္မ်ားကိုဖုန္းျဖင့္ စကားေျပာခဲ့ၿပီး ေဒသတြင္းရွိ ေရနံအေျခခံအေဆာက္အအုံမ်ားအေပၚ အီရန္၏တိုက္ခိုက္မႈမ်ားႏွင့္ပတ္သက္သည့္ စိုးရိမ္ပူပန္မႈမ်ားကို ေပးပို႔ရန္ အတြက္ ႐ုရွား၏ အီရန္ ႏွင့္ဆက္ဆံေရးကို အသုံးျပဳသြားမည္ဟု ကမ္းလွမ္းခဲ့ ေၾကာင္းသိရသည္။
ထို႔ျပင္ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ထုတ္ျပန္ခဲ့ေသာ ေၾကညာခ်က္တစ္ခုတြင္ အေမရိ ကန္ႏွင့္အစၥေရးတို႔ က အာရပ္ပင္လယ္ေကြ႕ ႏိုင္ငံမ်ား ကို ပိုမိုက်ယ္ျပန႔္ေသာပဋိပကၡထဲသို႔ ရည္႐ြယ္ခ်က္ ရွိရွိဆြဲေခၚရန္ ႀကိဳးပမ္းေနေၾကာင္း စြပ္စြဲေျပာဆိုထားသည္။ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီးဌာနက ‘အေမရိကန္နဲ႔ အစၥေရးတို႔ဟာ အီရန္ကို အာရပ္ႏိုင္ငံတခ်ိဳ႕ မွာရွိတဲ့ပစ္မွတ္ေတြအေပၚ လက္စားေခ်တိုက္ခိုက္မႈေတြလုပ္ဖို႔ ရည္႐ြယ္ခ်က္ရွိရွိ လႈံ႕ေဆာ္ခဲ့ပါတယ္။ ဒီလို မ်ိဳးလႈံ႕ေဆာ္မႈ ေတြေၾကာင့္ပဲ လူသားႏွင့္ပစၥည္းဆုံးရႈံးမႈေတြကို ျဖစ္ေပၚေစခဲ့တဲ့အတြက္ ႐ုရွားကတကယ္ကို စိတ္မေကာင္းျဖစ္မိပါတယ္’ ဟုေျပာဆိုခဲ့သည္။