အီရန်-အစ္စရေးပဋိပက္ခနှင့် ရှေ့အလားအလာ

 273

တက္ကသိုလ်မောင်ရူပ (NP News) - မတ် ၈

(၂၀၂၆)ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်က အမေရိကန်နဲ့အစ္စရေးတို့ပူးတွဲပြီး အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှု တွေစတင်ပြုလုပ်ခဲ့ပါတယ်။ အီရန်နိုင်ငံကလည်း လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက် ပဋိပက္ခဟာ အရှိန် ပိုမိုမြင့်လာတဲ့အနေအထား မှာရှိနေပါတယ်။ တိုက်ခိုက်မှုတွေအတွင်း အီရန်နိုင်ငံရဲ့ဘာသာရေးခေါင်းဆောင် အလီခါမေနီ အပါအဝင် ထိပ်တန်းခေါင်းဆောင်ကြီးတွေ အသက်ဆုံးရှုံးခဲ့ရသလို အမေရိကန်တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးမှုတွေရှိခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အခုဆိုရင် ကမ္ဘာ့ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ဟော်မုဇ်ရေလက်ကြားကို ပိတ် ဆို့ကြောင်း နဲ့ ဒီရေလက်ကြားက ဖြတ်သန်းမယ့် မည်သည့်သင်္ဘောကိုမဆို ပစ်ခတ်နှစ်မြှုပ်သွားမယ်လို့ ပြောကြားထားတဲ့အတွက် ရေနံလောင်စာဆီအပါ အဝင်ကမ္ဘာ့ကုန်သွယ်မှုအတွက် ထိခိုက်မှုတွေဖြစ် လာတော့မှာကို ကမ္ဘာ့နိုင်ငံတွေ စိုးရိမ်ပူပန် လာနေကြ ပြီဖြစ်ပါတယ်။ ဒီပဋိပက္ခနဲ့ နောက်ဆက်တွဲအကျိုး သက်ရောက်မှုတွေ အမြန်ဆုံးအဆုံးသတ်နိုင်ဖို့ နည်း လမ်းတွေရှိလာနိုင်မလားဆိုတာ လေ့လာတင်ပြလိုက်ပါတယ်။ ဒီပဋိပက္ခကြောင့် မကြာမြင့်မီကာလအတွင်း မှာ ဖြစ်လာနိုင်တဲ့အလားအလာ (၃)ရပ်ရှိနေပါတယ်။

အလားအလာ (၁)
အီရန် လက်နက်ချ အရှုံးပေးခြင်း
ဒီတိုက်ခိုက်မှုတွေကိုစတင်ခဲ့တဲ့ အမေရိကန်နဲ့ အစ္စရေးနိုင်ငံတို့အနေနဲ့ လိုလားချက် (၃)ရပ်ရှိပါတယ်။ အီရန်နိုင်ငံ အနေနဲ့ အဏုမြူလက်နက်ထုတ် လုပ်နိုင်ဖို့ ကြိုးပမ်းမှုတွေအားလုံးကို စွန့်လွှတ်သွားဖို့ရယ်၊ မဟာဗျူဟာ မြောက်ဒုံး ကျည်တွေနဲ့ တခြားလက် နက်တွေထုတ်လုပ်နေတဲ့ အီရန်နိုင်ငံရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေကို ဖျက်သိမ်း နိုင်ဖို့ရယ်၊ အီရန်အနေနဲ့ လက်ဘနွန်နိုင်ငံမှာရှိတဲ့ ဟစ်ဇ်ဘိုလာအဖွဲ့ကို ထောက်ပံ့ပေးနေမှုကို ရပ်ဆိုင်းသွားနိုင်ဖို့ရယ် ဖြစ်ပါတယ်။ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ အမြင်မှာတော့ အီရန်နိုင်ငံ အပြည့်အဝ လက်နက်ချအရှုံးပေးတာကို အလိုလား ဆုံးဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အမေရိ ကန်ဟာ အီရန်နိုင်ငံရဲ့ စစ်ရေယာဉ် (၉) စင်းကို ဖျက် ဆီးခဲ့သလို အီရန်ရေတပ်စစ်ဌာနချုပ် အစိတ်အပိုင်း တချို့ကိုလည်း ဖျက်ဆီးနိုင်ခဲ့တယ်လို့ မတ်လ (၁) ရက်က ပြောကြားခဲ့ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ဗင်နီဇွဲလားနိုင်ငံ သမ္မတဟောင်း နီကို လက်စ်မာဒူရိုကို အမေရိကန်က စစ်ရေး အင်အား အသာစီးရယူပြီး ဝင်ရောက်ဖမ်းဆီးခဲ့တဲ့ပုံစံမျိုး အလားတူလုပ်နိုင်ကြောင်း အမေရိကန်က ပြန်လည်တုံ့ ပြန်သွားမယ်လို့ပြောကြားထားတဲ့ အီရန်နိုင်ငံရဲ့ စိတ် ဆန္ဒစွမ်းအားကို ရိုက်ချိုးလိုတဲ့သဘော ပြသခဲ့တာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ အခုအချိန်အထိ အီရန်နိုင်ငံဟာ အလျှော့ပေးမယ့်လက္ခဏာ ပြသခြင်းမရှိသေးတာကို တွေ့နိုင်ပါတယ်။ အီရန် နိုင်ငံဟာ အစ္စရေးနိုင်ငံအပေါ် လက်တုံ့ပြန်တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့သလို ဒေသတွင်းမှာ အမေရိကန် စစ်အခြေစိုက် စခန်းတွေ လက်ခံထားရှိတဲ့ ကာတာနဲ့ ယူအေအီးနိုင်ငံတွင်းရှိ အမေရိကန်စစ်စခန်းတွေကိုလည်း ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
အမေရိကန်က အီရန်နိုင်ငံအပေါ် တိုက်ခိုက်မှု တွေ ပြုလုပ်စဉ်အတွင်း အမေရိကန်စစ်သား (၃) ဦး သေဆုံးပြီး (၅) ဦး ပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့ အမေရိကန်စစ်ရုံးချုပ်က မတ်လ (၁) ရက်က ထုတ်ဖော်ပြောကြား ခဲ့ပါတယ်။ ဒါဟာ အီရန်နိုင်ငံ အပေါ် တိုက်ခိုက်မှုတွေ စတင်ပြုလုပ်ပြီးနောက်ပိုင်း အမေရိကန်စစ်သားတွေ သေဆုံးမှုကို ပထမဆုံးအကြိမ်အတည်ပြုခဲ့တာဖြစ်ပါတယ်။ ပဋိပက္ခကြောင့် အသက်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာမယ်ဆိုရင် နှစ် ဖက်စလုံးအနေနဲ့ ချုပ်တည်းနိုင်စွမ်းတွေ လျော့နည်း လာပြီး ပဋိပက္ခကို ပိုမိုအရှိန်မြှင့်တင်လာကြမယ့် အလားအလာတွေ ပိုမိုရှိလာနိုင်ပါတယ်။
(အမေရိကန်နှင့် အစ္စရေးတို့၏တိုက်ခိုက်မှုများကို အီရန်နိုင်ငံသားများက တီဟီရန်မြို့တွင် ဖေဖော်ဝါရီ လ (၂၈) ရက်က ဆန္ဒပြနေကြစဉ်)

အလားအလာ (၂)
အနုမြူ လက်နက်အရေး အပါအဝင် ဆွေးနွေးမှုများ ပြန်လည် စတင်လာ နိုင်ခြေရှိခြင်း
ဒုတိယဖြစ်နိုင်ခြေကတော့ အမေရိကန်နဲ့ အီရန်အကြား ဆွေးနွေးမှုတွေ ပြန်လည်စတင်လာနိုင်တဲ့ အလား အလာဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ ဘာသာရေး ခေါင်းဆောင် အလီခါမေနီ သေဆုံးပြီးတဲ့နောက်မှာ အီရန်နိုင်ငံရဲ့ ကြားကာလခေါင်းဆောင်တွေနဲ့ တွေ့ ဆုံဆွေးနွေးသွားဖို့ သဘောတူထားတယ်လို့ အမေရိ ကန်သမ္မတ ဒေါ်နယ်ထရမ့်က မတ်လ (၁) ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သမ္မတထရမ့်က အီရန်ဘက်က ဆွေးနွေးချင်တယ်လို့ သိရတဲ့အတွက် သူ့ဘက်ကလည်း သဘောတူထားကြောင်း အမေရိ ကန်မဂ္ဂဇင်းတစ်စောင်ဖြစ်တဲ့ The Atlantic သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
ဆွေးနွေးပွဲတွေ ဘယ်တော့ဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း မရှိသေးသလို အီရန်နိုင်ငံရဲ့ လုံခြုံရေး အရာရှိချုပ်ဖြစ်တဲ့ အလီ လာရီဂျာနီကလည်း အီရန်နိုင်ငံအနေနဲ့ အမေရိကန်နဲ့ စေ့စပ်ဆွေးနွေးမှာ မဟုတ်ဘူးလို့ သူ့ရဲ့ X account မှာ ရေးသားခဲ့ပါတယ်။ အကယ်၍ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေ အမှန်တကယ်ဖြစ်မြောက်လာခဲ့ရင် အမေရိကန်ရဲ့ အဓိကတောင်းဆိုချက်ဖြစ်တဲ့ အီရန်နိုင်ငံရဲ့ အနုမြူ ဖွံ့ဖြိုးရေး အစီအစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးပွဲ တွေ ပြန်လည်စတင်နိုင်ဖို့ လမ်းဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။ အမေရိကန်သမ္မတ ထရမ့်အနေနဲ့ အီရန်နိုင်ငံမှာ ခေါင်းဆောင် ပိုင်းအပြောင်းအလဲဖြစ်လာဖို့ လိုလားတဲ့အသွင်ပြနေပေမယ့် အီရန်နိုင်ငံမှာ ရှီယိုက် ဘာသာရေးခေါင်းဆောင်တွေက ဦးဆောင်နေတဲ့ စနစ်ကိုဖျက်သိမ်းဖို့နဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်နဲ့ အစားထိုးဖို့အထိ ဆုံးဖြတ်ထားတယ်လို့တော့ ယုံ ကြည်သူ နည်းပါးပါတယ်။
သမ္မတထရမ့်က အမေရိကန်နိုင်ငံအပေါ် ခြိမ်း ခြောက်မှုတွေကို ပပျောက်သွားအောင်လုပ်ဆောင် မှာဖြစ်ပေမယ့် ပြည်ပနိုင်ငံတွေရဲ့ ယဉ်ကျေးမှုတွေကို ပြောင်းလဲပစ်ဖို့ ဒါမှမဟုတ် ဒီမိုကရေစီ ပြန့်ပွားရေးကို အတင်းအကြပ် လုပ်ဆောင် သွားမှာမဟုတ်ဘူးလို့ အရင်ပြောကြားထားတာရှိပါတယ်။ ဗင်နီဇွဲလားနိုင်ငံ ကိစ္စကို ပြန်ကြည့်ရင် အရင်အမေရိကန် နိုင်ငံကို ဆန့်ကျင်ခဲ့တဲ့ သမ္မတ မာဒူရိုလက်ထက်မှာ ဒုတိယသမ္မတ အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒယ်လ်စီ ရိုဒရီဂူ အက်ဇ်ဟာ ကြားကာလသမ္မတ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်ရဲ့မဟာဗျူဟာက စစ်ရေးအရ အသာစီး ရယူပြီး အမေရိကန်ဆန့်ကျင်သူတွေကို နှိမ်နင်းဖို့ ဖြစ် ပြီး အမေရိကန်နဲ့ လက်တွဲပူးပေါင်းဆောင်ရွက်မယ့် ရုပ်သေးအစိုးရတစ်ရပ် ထူထောင်ဖို့ဖြစ်ပါတယ်။ အီရန်နိုင်ငံမှာ အနုမြူနဲ့ ဒုံးကျည်ထုတ်လုပ်ရေး အစီအစဉ်တွေကို ဖျက်သိမ်းမယ့် အမေရိကန်လို လားတဲ့ အစိုးရတစ်ရပ်ထွက်ပေါ်လာတယ်ဆိုရင် အမေရိကန် အတွက် အောင်မြင်မှုလို့သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

အလားအလာ (၃)
တွေ့ဆုံဆွေးနွေးမှုတွေ ပျက်ပြားပြီး ပိုမိုရှုပ်ထွေး တဲ့အခြေအနေတွေ ထွက်ပေါ်လာနိုင်ခြင်း
ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့ သံတမန်ရေးအရ ကြိုးပမ်းမှုတွေဟာ ဆောင်ရွက်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ အကယ်၍များ သံတမန်နည်းအရ ဆွေးနွေးမှုတွေ မအောင်မြင်ဘဲ ပျက်ပြားခဲ့မယ်ဆိုရင် အမေရိကန်ရော၊ အီရန် နှစ်ဖက်စလုံးဟာ ရေရှည်ပဋိပက္ခ တွေနဲ့ ရင်ဆိုင်ကြရမှာဖြစ်ပါတယ်။ အမေရိကန် သမ္မတထရမ့်က အမေရိကန်အနေနဲ့ အရှေ့အလယ် ပိုင်းဒေသနဲ့ တစ်ကမ္ဘာလုံးမှာ ငြိမ်းချမ်းရေးရရှိစေဖို့ ရည်မှန်းချက် ပြည့်မြောက်ရေးအတွက် လာမယ့်ရက် သတ္တပတ်တွေအတွင်းမှာရော၊ လိုအပ်တဲ့အချိန်ကာလ အတိုင်းအတာအထိရော ပစ်မှတ်ထားဗုံးကြဲမှုတွေကို အကြီး အကျယ် ဆက်လက်ပြုလုပ်သွားမှာဖြစ်တယ် လို့ သူ့ရဲ့လူမှုကွန်ရက် The Truth account မှာ ဖေဖော်ဝါရီလ (၂၈) ရက်က ရေးသားခဲ့ပါတယ်။
သမ္မတ ထရမ့်အနေနဲ့ စစ်ဆင်ရေးတွေကို ရက်သတ္တ (၄) ပတ်လောက်အထိ ဆက်လက်ဆောင် ရွက်သွား နိုင်ဖွယ်ရှိတယ်လို့ပြောကြားခဲ့ကြောင်း ဗြိတိန်သတင်းစာဖြစ်တဲ့ Daily Mail က (၁-၃-၂၀၂၆) ရက်က ဖော်ပြခဲ့ပါတယ်။
ဗြိတိန်နိုင်ငံမှာအခြေစိုက်တဲ့ International Institute for Strategic Studies အဖွဲ့ကြီးရဲ့ ထုတ် ပြန် ချက်တွေအရ အီရန်နိုင်ငံမှာ တပ်ဖွဲ့ဝင်ပေါင်း (၆၁၀,ဝဝဝ) ရှိတဲ့အတွက် ဗင်နီဇွဲလားနိုင်ငံရဲ့အင်အား ထက်(၅) ဆ သာလွန်မှုရှိပြီး အရှေ့အလယ်ပိုင်း ဒေသမှာ စစ်ရေးအရ အင်အားအကြီးဆုံးနိုင်ငံတွေ အနက် တစ်နိုင်ငံ ဖြစ်ပါတယ်။ အစ္စရေးနိုင်ငံအနေနဲ့ အမေရိကန်နိုင်ငံထုတ် F-35 ကိုယ်ပျောက်တိုက် လေယာဉ်အုပ်စုတွေအပါအဝင် လေကြောင်း စွမ်းအားမှာ အသားစီးရရှိထားပေမယ့် အီရန်နိုင်ငံကလည်း တင့်ကားအရေအတွက်အပါအဝင် တခြားစစ်ဘက် ဆိုင်ရာ တိုက်ခိုက်ရေးလက်နက်တွေ ပိုမိုသာလွန်ပြီး ပိုင်ဆိုင်ထားရှိပါတယ်။ ဒါကြောင့် စစ်ရေးကျွမ်းကျင် သူတွေက အီရန် နိုင်ငံဟာ ကြည်းတပ်ဖွဲ့မှာ အင်အား ပိုမိုတောင့်တင်းတယ်လို့ ရှုမြင်ကြပါတယ်။ အကယ်၍များ လက်ရှိစစ်ပွဲမှာ နှစ်ဖက်အသက်ဆုံးရှုံးမှုတွေ ပိုမိုများပြားလာခဲ့မယ်ဆိုရင် ပဋိပက္ခဟာ “အကန့်အသတ်မဲ့စစ်ပွဲ” တစ်ရပ်အသွင်အထိ ကြီးမားကျယ်ပြန့် လာနိုင်ပါတယ်။ သမ္မတထရမ့်ကတော့ ဒီလိုအခြေ အနေမျိုးကို မလိုလားဘူးလို့ ယခင်က ထုတ်ဖော်ပြော ကြားဖူးပါတယ်။ အမေရိကန်နိုင်ငံ နိုင်ငံတကာ ဆက် ဆံရေးကောင်စီက အမျိုးသမီးနဲ့ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာ အကြီးတန်းသုတေသီဖြစ်တဲ့ လင်ဒါ ရော်ဘင် ဆန်က အီရန်နိုင်ငံရဲ့ ဘာသာရေးခေါင်းဆောင် အယာတိုလာ ခါမေနီ သေဆုံးသွားခြင်းဟာ ခေါင်း ဆောင်ပိုင်းအပြောင်းအလဲဖြစ်တာ မဟုတ်ကြောင်း၊ အီရန်နိုင်ငံမှာ IGRC လို့ခေါ်တဲ့ The Islamic Revolutionary Guard Corps အဖွဲ့ကသာလျှင် ခေါင်းဆောင်ပိုင်းဖြစ်ကြောင်း၊ ဒါကြောင့် လေကြောင်း တိုက်ခိုက်မှုတစ်ခုတည်းနဲ့ အီရန်နိုင်ငံမှာ ခေါင်းဆောင်ပိုင်းအပြောင်းအလဲဖြစ်လာဖို့ အလားအလာ အလွန်နည်းပါး ကြောင်း ဖေဖော်ဝါရီလ (၂၈) ရက်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
IGRC အဖွဲ့ကိုတိုက်ခိုက်နိုင်ဖို့ အမေရိကန်နိုင်ငံက မြေပြင်တပ်ဖွဲ့တွေစေလွှတ်ခဲ့မယ်ဆိုရင် အမေရိကန်နိုင်ငံ သားတွေ အသက်ဆုံးရှုံးမှုပမာဏ အကြီးအကျယ် မြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ ဒါကြောင့် အမေရိကန်အနေနဲ့ အီရန်နိုင်ငံမှာ ဖြစ်ချင်တဲ့ ရည်မှန်းချက်ကို လျှော့ချသွားမလား၊ ဒါမှမဟုတ် ရေရှည်အဆုံးအရှုံးတွေနဲ့ မအောင်မြင်တဲ့ စစ်ဆင်ရေး အလားအလာကို ရင်ဆိုင်သွားမလားဆိုတာ ရွေးချယ် ဆုံးဖြတ်သွားရမှာဖြစ်တယ်လို့ လင်ဒါ ရော်ဘင်ဆန် က သတိပေးခဲ့ပါတယ်။
အမေရိကန်သမ္မတ ထရမ့်ဟာ မသေချာ မရေ ရာတဲ့ အခြေအနေတစ်ရပ်ဆီကို လျှောက်လှမ်းခဲ့ပြီ ဖြစ်ပါတယ်။ သူ့ရဲ့ လူမှုကွန်ရက် The Truth account မှာ ရေးသားဖော်ပြချက်တွေအရ အီရန်နိုင်ငံမှာ သူဖြစ်စေချင်သလို ဖြစ်လာဖို့ ဆန္ဒရှိနေတာကို တွေ့ရပါတယ်။ ဖေဖော်ဝါရီလ (၂၈) ရက်က သူ့ရေး သားချက်အရ အီရန်နိုင်ငံရဲ့ IGRC အဖွဲ့ဟာ အီရန် မျိုးချစ်တွေနဲ့ ငြိမ်းချမ်းစွာပူးပေါင်းပြီး အီရန်နိုင်ငံအတွက် ထိုက်တန်တဲ့ကြီးမြတ်မှုပြန်လည်ရရှိဖို့ ပူးပေါင်း ဆောင်ရွက် သွားမယ်လို့မျှော်လင့်ကြောင်း ဖော်ပြခဲ့ပါ တယ်။
သုံးသပ်ချက်
အီရန်နိုင်ငံနဲ့ အစ္စရေးလ်နိုင်ငံတို့ဟာ အီရန်မှာ တော်လှန်ရေးဖြစ်ပွားတဲ့ (၁၉၇၉) ခုနှစ်ကတည်းက စတင်ပြီး သံတမန်အဆက်အသွယ် ဖြတ်တောက် ထားကြတဲ့နိုင်ငံတွေဖြစ်ကြပြီး သမိုင်းကြောင်းတစ် လျှောက် ရန်ဘက်များအဖြစ် ရပ်တည်လာခဲ့ကြတာ ဖြစ်ပါတယ်။ အထူးသဖြင့် (၁၉၉၁) ခုနှစ် ပင်လယ် ကွေ့ စစ်ပွဲဖြစ်ပွားပြီးကတည်းက အပြန်အလှန် ရန် လိုမှုတွေ ကြီးမားလာခဲ့ပါတယ်။
အီရန်နိုင်ငံဟာ အစ္စရေးနိုင်ငံကို နိုင်ငံတစ်နိုင်ငံအဖြစ် တရားဝင်အသိအမှတ်ပြုမှုကို ငြင်းဆိုထားပြီး အစ္စရေးနိုင်ငံပျက်သုဉ်းရေးကို အစဉ်တောင်းဆိုတိုက် တွန်းနေတာဖြစ်ပါတယ်။ အစ္စရေးနိုင်ငံကလည်း အီရန်နိုင်ငံဟာ အရှေ့အလယ်ပိုင်းဒေသတည်ငြိမ် အေးချမ်းရေးကို ခြိမ်းခြောက်နေတဲ့နိုင်ငံအဖြစ် ရှုမြင် လျက်ရှိပါတယ်။ (၂၀၂၅) ခုနှစ်အတွင်းကလည်း အစ္စရေးနိုင်ငံဟာ အီရန်နိုင်ငံတွင်းက စစ်ဘက်ဆိုင် ရာပစ်မှတ်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ အခု (၂၀၂၆) ခုနှစ်မှာတော့ အစ္စရေးနဲ့အမေရိကန်တို့ ပူးတွဲပြီး အီရန်နိုင်ငံကိုတိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါ တယ်။
အစ္စရေးနဲ့အီရန်အကြားမှာ ပဋိပက္ခတွေ ဖြစ်ပွားလာမှာ၊ ကြီးမားလာမှာကို ကမ္ဘာ့နိုင်ငံအများစုက စိုးရိမ်ပူပန်ကြ ပါတယ်။ ဘာကြောင့်လဲဆိုတော့ အီရန်နိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသဟာ ရေနံထွက်ရှိရာဒေသကြီးဖြစ်သလို ကမ္ဘာ့ကုန်သွယ် ရေးအတွက် အရေးပါတဲ့ ဟော်မုဇ်ရေလက်ကြား ပိတ် ဆို့မှုတွေဖြစ်လာနိုင်တဲ့အတွက် ကမ္ဘာ့ကုန်သွယ် ရေးကိုလည်း အတားအဆီးဖြစ်လာမှာကြောင့်ဖြစ်ပါ တယ်။ ပင်လယ်ကွေ့ဒေသနဲ့ အာရေဗျပင်လယ်ကို ဆက်စပ်ပေးတဲ့ ဟော်မုဇ်ရေလက်ကြားဟာ အရှေ့ အလယ်ပိုင်းဒေသက ရေနံနဲ့သဘာဝဓာတ်ငွေ့ အဓိက တင်ပို့ရောင်းချသူတွေနဲ့ ဝယ်ယူသူတွေအကြား အသက်သွေးကြောတမျှအရေးပါတဲ့ ရေလမ်းကြောင်း ဖြစ်ပါတယ်။ (၂၀၂၅) ခုနှစ်အတွင်းမှာ ရေနံစိမ်းစည် ပေါင်း သန်း (၂၀) ဟာ ဟော်မုဇ်ရေလက်ကြားကို နေ့စဉ်ဖြတ်သန်းသွားခဲ့တယ်လို့ သိရပါတယ်။
တစ်နည်းအားဖြင့် ကမ္ဘာ့နိုင်ငံတွေသုံးစွဲနေတဲ့ ရေနံစိမ်းပမာဏစုစုပေါင်းရဲ့ (၅) ပုံ (၁) ပုံဟာ ဟော် မုဇ်ရေ လက်ကြားကို ဖြတ်သန်းသွားလာကြရတာ ဖြစ်ပါတယ်။ အခု (၂၀၂၆) အီရန်-အစ္စရေး ပဋိပက္ခ ကြောင့် အီရန်နိုင်ငံဟာ ဟော်မုဇ်ရေလက်ကြားကို ပိတ်ဆို့ကြောင်းနဲ့ ဒီရေလက်ကြားကနေ ရေနံစိမ်းတစ် စက်မျှတောင် ဖြတ်သန်း ခွင့်ပြုမှာမဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ အခုလိုပိတ်ဆို့လိုက်တဲ့အတွက် ရေနံစိမ်းဈေးနှုန်းတွေ စတင်တက် လာပြီဖြစ်ပါတယ်။ ဖေဖော်ဝါရီလ (၂၇) ရက်က ရေနံစိမ်းတစ်စည်ကို (၇၃) ဒေါ်လာရှိခဲ့ရာကနေ မတ်လ (၂) ရက်မှာ ရေနံစိမ်းတစ်စည်ဟာ (၇၉.၄) ဒေါ်လာအထိ မြင့်တက်လာခဲ့ပါတယ်။ အီရန်နိုင်ငံက ဟော်မုဇ်ရေလက် ကြားကိုပိတ် ဆို့ကြောင်း ကြေညာပြီးတဲ့နောက် ရေလက်ကြားအတွင်းမှာ ရေနံတင်သင်္ဘောစင်းရေ (၂၀ဝ) လောက် ပိတ်မိနေ တယ်လို့သိရပါတယ်။ အကယ်၍များ စစ်ပွဲဟာ ရေရှည်ဆက်လက်ဖြစ်ပွားနေဦးမယ်ဆိုရင် အခုလိုရေနံတင်ပို့မှုတွေ ရပ်ဆိုင်းသွား မှာဖြစ်ပြီး ရေနံစိမ်းဈေးကွက်အပေါ် အကြီးအကျယ် အကျိုးသက်ရောက်မှုတွေ ဖြစ်လာမှာဖြစ်ပါတယ်။ ရေနံအပြင် ကုန်စည်ဈေးနှုန်းတွေလည်း ကြီးမြင့်လာ မှာဖြစ်လို့ ကမ္ဘာ့နိုင်ငံအများစုကတော့ လက်ရှိ အီရန်-အစ္စရေး ပဋိပက္ခကို သံတမန်နည်းအရ ငြိမ်းချမ်းစွာနဲ့ စေ့စပ်ဆွေးနွေးဖြေရှင်းသွားကြဖို့ တိုက်တွန်းမှုတွေ ပိုမိုပြုလုပ်လာ ကြဖွယ်ရှိကြောင်း တင်ပြလိုက်ရပါတယ်။

Zawgyi Version;
အီရန္-အစၥေရးပဋိပကၡႏွင့္ ေရွ႕အလားအလာ
တကၠသိုလ္ေမာင္႐ူပ (NP News) - မတ္ ၈
(၂၀၂၆)ခုႏွစ္ ေဖေဖာ္ဝါရီလ (၂၈)ရက္က အေမရိကန္နဲ႔အစၥေရးတို႔ပူးတြဲၿပီး အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈ ေတြစတင္ျပဳလုပ္ခဲ့ပါတယ္။ အီရန္ႏိုင္ငံကလည္း လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့တဲ့အတြက္ ပဋိပကၡဟာ အရွိန္ ပိုမိုျမင့္လာတဲ့အေနအထား မွာရွိေနပါတယ္။ တိုက္ခိုက္မႈေတြအတြင္း အီရန္ႏိုင္ငံရဲ႕ဘာသာေရးေခါင္းေဆာင္ အလီခါေမနီ အပါအဝင္ ထိပ္တန္းေခါင္းေဆာင္ႀကီးေတြ အသက္ဆုံးရႈံးခဲ့ရသလို အေမရိကန္တပ္ဖြဲ႕ဝင္တခ်ိဳ႕လည္း ေသဆုံးမႈေတြရွိခဲ့ပါတယ္။
အီရန္ႏိုင္ငံဟာ အခုဆိုရင္ ကမာၻ႔ကုန္သြယ္ေရးလမ္းေၾကာင္းျဖစ္တဲ့ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ ဆို႔ေၾကာင္း နဲ႔ ဒီေရလက္ၾကားက ျဖတ္သန္းမယ့္ မည္သည့္သေဘၤာကိုမဆို ပစ္ခတ္ႏွစ္ျမႇဳပ္သြားမယ္လို႔ ေျပာၾကားထားတဲ့အတြက္ ေရနံေလာင္စာဆီအပါ အဝင္ကမာၻ႔ကုန္သြယ္မႈအတြက္ ထိခိုက္မႈေတြျဖစ္ လာေတာ့မွာကို ကမာၻ႔ႏိုင္ငံေတြ စိုးရိမ္ပူပန္ လာေနၾက ၿပီျဖစ္ပါတယ္။ ဒီပဋိပကၡနဲ႔ ေနာက္ဆက္တြဲအက်ိဳး သက္ေရာက္မႈေတြ အျမန္ဆုံးအဆုံးသတ္ႏိုင္ဖို႔ နည္း လမ္းေတြရွိလာႏိုင္မလားဆိုတာ ေလ့လာတင္ျပလိုက္ပါတယ္။ ဒီပဋိပကၡေၾကာင့္ မၾကာျမင့္မီကာလအတြင္း မွာ ျဖစ္လာႏိုင္တဲ့အလားအလာ (၃)ရပ္ရွိေနပါတယ္။

အလားအလာ (၁)
အီရန္ လက္နက္ခ် အရႈံးေပးျခင္း
ဒီတိုက္ခိုက္မႈေတြကိုစတင္ခဲ့တဲ့ အေမရိကန္နဲ႔ အစၥေရးႏိုင္ငံတို႔အေနနဲ႔ လိုလားခ်က္ (၃)ရပ္ရွိပါတယ္။ အီရန္ႏိုင္ငံ အေနနဲ႔ အဏုျမဴလက္နက္ထုတ္ လုပ္ႏိုင္ဖို႔ ႀကိဳးပမ္းမႈေတြအားလုံးကို စြန႔္လႊတ္သြားဖို႔ရယ္၊ မဟာဗ်ဴဟာ ေျမာက္ဒုံး က်ည္ေတြနဲ႔ တျခားလက္ နက္ေတြထုတ္လုပ္ေနတဲ့ အီရန္ႏိုင္ငံရဲ႕ ကာကြယ္ေရး စက္မႈလုပ္ငန္းေတြကို ဖ်က္သိမ္း ႏိုင္ဖို႔ရယ္၊ အီရန္အေနနဲ႔ လက္ဘႏြန္ႏိုင္ငံမွာရွိတဲ့ ဟစ္ဇ္ဘိုလာအဖြဲ႕ကို ေထာက္ပံ့ေပးေနမႈကို ရပ္ဆိုင္းသြားႏိုင္ဖို႔ရယ္ ျဖစ္ပါတယ္။ အေမရိကန္နဲ႔ အစၥေရးတို႔ရဲ႕ အျမင္မွာေတာ့ အီရန္ႏိုင္ငံ အျပည့္အဝ လက္နက္ခ်အရႈံးေပးတာကို အလိုလား ဆုံးျဖစ္ပါတယ္။
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အေမရိ ကန္ဟာ အီရန္ႏိုင္ငံရဲ႕ စစ္ေရယာဥ္ (၉) စင္းကို ဖ်က္ ဆီးခဲ့သလို အီရန္ေရတပ္စစ္ဌာနခ်ဳပ္ အစိတ္အပိုင္း တခ်ိဳ႕ကိုလည္း ဖ်က္ဆီးႏိုင္ခဲ့တယ္လို႔ မတ္လ (၁) ရက္က ေျပာၾကားခဲ့ပါတယ္။ ဒါဟာ ၿပီးခဲ့တဲ့ ဇန္နဝါရီလတုန္းက ဗင္နီဇြဲလားႏိုင္ငံ သမၼတေဟာင္း နီကို လက္စ္မာဒူ႐ိုကို အေမရိကန္က စစ္ေရး အင္အား အသာစီးရယူၿပီး ဝင္ေရာက္ဖမ္းဆီးခဲ့တဲ့ပုံစံမ်ိဳး အလားတူလုပ္ႏိုင္ေၾကာင္း အေမရိကန္က ျပန္လည္တုံ႔ ျပန္သြားမယ္လို႔ေျပာၾကားထားတဲ့ အီရန္ႏိုင္ငံရဲ႕ စိတ္ ဆႏၵစြမ္းအားကို ႐ိုက္ခ်ိဳးလိုတဲ့သေဘာ ျပသခဲ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါေပမဲ့ အခုအခ်ိန္အထိ အီရန္ႏိုင္ငံဟာ အေလွ်ာ့ေပးမယ့္လကၡဏာ ျပသျခင္းမရွိေသးတာကို ေတြ႕ႏိုင္ပါတယ္။ အီရန္ ႏိုင္ငံဟာ အစၥေရးႏိုင္ငံအေပၚ လက္တုံ႔ျပန္တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့သလို ေဒသတြင္းမွာ အေမရိကန္ စစ္အေျခစိုက္ စခန္းေတြ လက္ခံထားရွိတဲ့ ကာတာနဲ႔ ယူေအအီးႏိုင္ငံတြင္းရွိ အေမရိကန္စစ္စခန္းေတြကိုလည္း ဒုံးက်ည္ေတြနဲ႔ ပစ္ခတ္ တိုက္ခိုက္မႈေတြ ျပဳလုပ္ခဲ့ပါတယ္။
အေမရိကန္က အီရန္ႏိုင္ငံအေပၚ တိုက္ခိုက္မႈ ေတြ ျပဳလုပ္စဥ္အတြင္း အေမရိကန္စစ္သား (၃) ဦး ေသဆုံးၿပီး (၅) ဦး ျပင္းထန္တဲ့ဒဏ္ရာေတြရရွိခဲ့တယ္လို႔ အေမရိကန္စစ္႐ုံးခ်ဳပ္က မတ္လ (၁) ရက္က ထုတ္ေဖာ္ေျပာၾကား ခဲ့ပါတယ္။ ဒါဟာ အီရန္ႏိုင္ငံ အေပၚ တိုက္ခိုက္မႈေတြ စတင္ျပဳလုပ္ၿပီးေနာက္ပိုင္း အေမရိကန္စစ္သားေတြ ေသဆုံးမႈကို ပထမဆုံးအႀကိမ္အတည္ျပဳခဲ့တာျဖစ္ပါတယ္။ ပဋိပကၡေၾကာင့္ အသက္ဆုံးရႈံးမႈေတြ ပိုမိုမ်ားျပားလာမယ္ဆိုရင္ ႏွစ္ ဖက္စလုံးအေနနဲ႔ ခ်ဳပ္တည္းႏိုင္စြမ္းေတြ ေလ်ာ့နည္း လာၿပီး ပဋိပကၡကို ပိုမိုအရွိန္ျမႇင့္တင္လာၾကမယ့္ အလားအလာေတြ ပိုမိုရွိလာႏိုင္ပါတယ္။
(အေမရိကန္ႏွင့္ အစၥေရးတို႔၏တိုက္ခိုက္မႈမ်ားကို အီရန္ႏိုင္ငံသားမ်ားက တီဟီရန္ၿမိဳ႕တြင္ ေဖေဖာ္ဝါရီ လ (၂၈) ရက္က ဆႏၵျပေနၾကစဥ္)

အလားအလာ (၂)
အႏုျမဴ လက္နက္အေရး အပါအဝင္ ေဆြးေႏြးမႈမ်ား ျပန္လည္ စတင္လာ ႏိုင္ေျခရွိျခင္း
ဒုတိယျဖစ္ႏိုင္ေျခကေတာ့ အေမရိကန္နဲ႔ အီရန္အၾကား ေဆြးေႏြးမႈေတြ ျပန္လည္စတင္လာႏိုင္တဲ့ အလား အလာျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာ ဘာသာေရး ေခါင္းေဆာင္ အလီခါေမနီ ေသဆုံးၿပီးတဲ့ေနာက္မွာ အီရန္ႏိုင္ငံရဲ႕ ၾကားကာလေခါင္းေဆာင္ေတြနဲ႔ ေတြ႕ ဆုံေဆြးေႏြးသြားဖို႔ သေဘာတူထားတယ္လို႔ အေမရိ ကန္သမၼတ ေဒၚနယ္ထရမ့္က မတ္လ (၁) ရက္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။ သမၼတထရမ့္က အီရန္ဘက္က ေဆြးေႏြးခ်င္တယ္လို႔ သိရတဲ့အတြက္ သူ႔ဘက္ကလည္း သေဘာတူထားေၾကာင္း အေမရိ ကန္မဂၢဇင္းတစ္ေစာင္ျဖစ္တဲ့ The Atlantic သတင္းဌာနကို ေျပာၾကားခဲ့ပါတယ္။
ေဆြးေႏြးပြဲေတြ ဘယ္ေတာ့ျဖစ္လာမလဲဆိုတာ ရွင္းရွင္းလင္းလင္း မရွိေသးသလို အီရန္ႏိုင္ငံရဲ႕ လုံၿခဳံေရး အရာရွိခ်ဳပ္ျဖစ္တဲ့ အလီ လာရီဂ်ာနီကလည္း အီရန္ႏိုင္ငံအေနနဲ႔ အေမရိကန္နဲ႔ ေစ့စပ္ေဆြးေႏြးမွာ မဟုတ္ဘူးလို႔ သူ႔ရဲ႕ X account မွာ ေရးသားခဲ့ပါတယ္။ အကယ္၍ ႏွစ္ဖက္ေတြ႕ဆုံေဆြးေႏြးမႈေတြ အမွန္တကယ္ျဖစ္ေျမာက္လာခဲ့ရင္ အေမရိကန္ရဲ႕ အဓိကေတာင္းဆိုခ်က္ျဖစ္တဲ့ အီရန္ႏိုင္ငံရဲ႕ အႏုျမဴ ဖြံ႕ၿဖိဳးေရး အစီအစဥ္ေတြနဲ႔ပတ္သက္ၿပီး ေဆြးေႏြးပြဲ ေတြ ျပန္လည္စတင္ႏိုင္ဖို႔ လမ္းဖြင့္ေပးႏိုင္မွာျဖစ္ပါတယ္။ အေမရိကန္သမၼတ ထရမ့္အေနနဲ႔ အီရန္ႏိုင္ငံမွာ ေခါင္းေဆာင္ ပိုင္းအေျပာင္းအလဲျဖစ္လာဖို႔ လိုလားတဲ့အသြင္ျပေနေပမယ့္ အီရန္ႏိုင္ငံမွာ ရွီယိုက္ ဘာသာေရးေခါင္းေဆာင္ေတြက ဦးေဆာင္ေနတဲ့ စနစ္ကိုဖ်က္သိမ္းဖို႔နဲ႔ ဒီမိုကေရစီအစိုးရတစ္ရပ္နဲ႔ အစားထိုးဖို႔အထိ ဆုံးျဖတ္ထားတယ္လို႔ေတာ့ ယုံ ၾကည္သူ နည္းပါးပါတယ္။
သမၼတထရမ့္က အေမရိကန္ႏိုင္ငံအေပၚ ၿခိမ္း ေျခာက္မႈေတြကို ပေပ်ာက္သြားေအာင္လုပ္ေဆာင္ မွာျဖစ္ေပမယ့္ ျပည္ပႏိုင္ငံေတြရဲ႕ ယဥ္ေက်းမႈေတြကို ေျပာင္းလဲပစ္ဖို႔ ဒါမွမဟုတ္ ဒီမိုကေရစီ ျပန႔္ပြားေရးကို အတင္းအၾကပ္ လုပ္ေဆာင္ သြားမွာမဟုတ္ဘူးလို႔ အရင္ေျပာၾကားထားတာရွိပါတယ္။ ဗင္နီဇြဲလားႏိုင္ငံ ကိစၥကို ျပန္ၾကည့္ရင္ အရင္အေမရိကန္ ႏိုင္ငံကို ဆန႔္က်င္ခဲ့တဲ့ သမၼတ မာဒူ႐ိုလက္ထက္မွာ ဒုတိယသမၼတ အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ ဒယ္လ္စီ ႐ိုဒရီဂူ အက္ဇ္ဟာ ၾကားကာလသမၼတ ျဖစ္လာခဲ့ပါတယ္။ အေမရိကန္ရဲ႕မဟာဗ်ဴဟာက စစ္ေရးအရ အသာစီး ရယူၿပီး အေမရိကန္ဆန႔္က်င္သူေတြကို ႏွိမ္နင္းဖို႔ ျဖစ္ ၿပီး အေမရိကန္နဲ႔ လက္တြဲပူးေပါင္းေဆာင္႐ြက္မယ့္ ႐ုပ္ေသးအစိုးရတစ္ရပ္ ထူေထာင္ဖို႔ျဖစ္ပါတယ္။ အီရန္ႏိုင္ငံမွာ အႏုျမဴနဲ႔ ဒုံးက်ည္ထုတ္လုပ္ေရး အစီအစဥ္ေတြကို ဖ်က္သိမ္းမယ့္ အေမရိကန္လို လားတဲ့ အစိုးရတစ္ရပ္ထြက္ေပၚလာတယ္ဆိုရင္ အေမရိကန္ အတြက္ ေအာင္ျမင္မႈလို႔သတ္မွတ္ႏိုင္မွာျဖစ္ပါတယ္။

အလားအလာ (၃)
ေတြ႕ဆုံေဆြးေႏြးမႈေတြ ပ်က္ျပားၿပီး ပိုမိုရႈပ္ေထြး တဲ့အေျခအေနေတြ ထြက္ေပၚလာႏိုင္ျခင္း
ပဋိပကၡေတြ အဆုံးသတ္ႏိုင္ဖို႔ သံတမန္ေရးအရ ႀကိဳးပမ္းမႈေတြဟာ ေဆာင္႐ြက္သင့္တဲ့ကိစၥျဖစ္ပါတယ္။ အကယ္၍မ်ား သံတမန္နည္းအရ ေဆြးေႏြးမႈေတြ မေအာင္ျမင္ဘဲ ပ်က္ျပားခဲ့မယ္ဆိုရင္ အေမရိကန္ေရာ၊ အီရန္ ႏွစ္ဖက္စလုံးဟာ ေရရွည္ပဋိပကၡ ေတြနဲ႔ ရင္ဆိုင္ၾကရမွာျဖစ္ပါတယ္။ အေမရိကန္ သမၼတထရမ့္က အေမရိကန္အေနနဲ႔ အေရွ႕အလယ္ ပိုင္းေဒသနဲ႔ တစ္ကမာၻလုံးမွာ ၿငိမ္းခ်မ္းေရးရရွိေစဖို႔ ရည္မွန္းခ်က္ ျပည့္ေျမာက္ေရးအတြက္ လာမယ့္ရက္ သတၱပတ္ေတြအတြင္းမွာေရာ၊ လိုအပ္တဲ့အခ်ိန္ကာလ အတိုင္းအတာအထိေရာ ပစ္မွတ္ထားဗုံးႀကဲမႈေတြကို အႀကီး အက်ယ္ ဆက္လက္ျပဳလုပ္သြားမွာျဖစ္တယ္ လို႔ သူ႔ရဲ႕လူမႈကြန္ရက္ The Truth account မွာ ေဖေဖာ္ဝါရီလ (၂၈) ရက္က ေရးသားခဲ့ပါတယ္။
သမၼတ ထရမ့္အေနနဲ႔ စစ္ဆင္ေရးေတြကို ရက္သတၱ (၄) ပတ္ေလာက္အထိ ဆက္လက္ေဆာင္ ႐ြက္သြား ႏိုင္ဖြယ္ရွိတယ္လို႔ေျပာၾကားခဲ့ေၾကာင္း ၿဗိတိန္သတင္းစာျဖစ္တဲ့ Daily Mail က (၁-၃-၂၀၂၆) ရက္က ေဖာ္ျပခဲ့ပါတယ္။
ၿဗိတိန္ႏိုင္ငံမွာအေျခစိုက္တဲ့ International Institute for Strategic Studies အဖြဲ႕ႀကီးရဲ႕ ထုတ္ ျပန္ ခ်က္ေတြအရ အီရန္ႏိုင္ငံမွာ တပ္ဖြဲ႕ဝင္ေပါင္း (၆၁၀,ဝဝဝ) ရွိတဲ့အတြက္ ဗင္နီဇြဲလားႏိုင္ငံရဲ႕အင္အား ထက္(၅) ဆ သာလြန္မႈရွိၿပီး အေရွ႕အလယ္ပိုင္း ေဒသမွာ စစ္ေရးအရ အင္အားအႀကီးဆုံးႏိုင္ငံေတြ အနက္ တစ္ႏိုင္ငံ ျဖစ္ပါတယ္။ အစၥေရးႏိုင္ငံအေနနဲ႔ အေမရိကန္ႏိုင္ငံထုတ္ F-35 ကိုယ္ေပ်ာက္တိုက္ ေလယာဥ္အုပ္စုေတြအပါအဝင္ ေလေၾကာင္း စြမ္းအားမွာ အသားစီးရရွိထားေပမယ့္ အီရန္ႏိုင္ငံကလည္း တင့္ကားအေရအတြက္အပါအဝင္ တျခားစစ္ဘက္ ဆိုင္ရာ တိုက္ခိုက္ေရးလက္နက္ေတြ ပိုမိုသာလြန္ၿပီး ပိုင္ဆိုင္ထားရွိပါတယ္။ ဒါေၾကာင့္ စစ္ေရးကြၽမ္းက်င္ သူေတြက အီရန္ ႏိုင္ငံဟာ ၾကည္းတပ္ဖြဲ႕မွာ အင္အား ပိုမိုေတာင့္တင္းတယ္လို႔ ရႈျမင္ၾကပါတယ္။ အကယ္၍မ်ား လက္ရွိစစ္ပြဲမွာ ႏွစ္ဖက္အသက္ဆုံးရႈံးမႈေတြ ပိုမိုမ်ားျပားလာခဲ့မယ္ဆိုရင္ ပဋိပကၡဟာ “အကန႔္အသတ္မဲ့စစ္ပြဲ” တစ္ရပ္အသြင္အထိ ႀကီးမားက်ယ္ျပန႔္ လာႏိုင္ပါတယ္။ သမၼတထရမ့္ကေတာ့ ဒီလိုအေျခ အေနမ်ိဳးကို မလိုလားဘူးလို႔ ယခင္က ထုတ္ေဖာ္ေျပာ ၾကားဖူးပါတယ္။ အေမရိကန္ႏိုင္ငံ ႏိုင္ငံတကာ ဆက္ ဆံေရးေကာင္စီက အမ်ိဳးသမီးနဲ႔ ႏိုင္ငံျခားေရးမူဝါဒ ဆိုင္ရာ အႀကီးတန္းသုေတသီျဖစ္တဲ့ လင္ဒါ ေရာ္ဘင္ ဆန္က အီရန္ႏိုင္ငံရဲ႕ ဘာသာေရးေခါင္းေဆာင္ အယာတိုလာ ခါေမနီ ေသဆုံးသြားျခင္းဟာ ေခါင္း ေဆာင္ပိုင္းအေျပာင္းအလဲျဖစ္တာ မဟုတ္ေၾကာင္း၊ အီရန္ႏိုင္ငံမွာ IGRC လို႔ေခၚတဲ့ The Islamic Revolutionary Guard Corps အဖြဲ႕ကသာလွ်င္ ေခါင္းေဆာင္ပိုင္းျဖစ္ေၾကာင္း၊ ဒါေၾကာင့္ ေလေၾကာင္း တိုက္ခိုက္မႈတစ္ခုတည္းနဲ႔ အီရန္ႏိုင္ငံမွာ ေခါင္းေဆာင္ပိုင္းအေျပာင္းအလဲျဖစ္လာဖို႔ အလားအလာ အလြန္နည္းပါး ေၾကာင္း ေဖေဖာ္ဝါရီလ (၂၈) ရက္က ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။
IGRC အဖြဲ႕ကိုတိုက္ခိုက္ႏိုင္ဖို႔ အေမရိကန္ႏိုင္ငံက ေျမျပင္တပ္ဖြဲ႕ေတြေစလႊတ္ခဲ့မယ္ဆိုရင္ အေမရိကန္ႏိုင္ငံ သားေတြ အသက္ဆုံးရႈံးမႈပမာဏ အႀကီးအက်ယ္ ျမင့္တက္လာႏိုင္ဖြယ္ရွိေၾကာင္း၊ ဒါေၾကာင့္ အေမရိကန္အေနနဲ႔ အီရန္ႏိုင္ငံမွာ ျဖစ္ခ်င္တဲ့ ရည္မွန္းခ်က္ကို ေလွ်ာ့ခ်သြားမလား၊ ဒါမွမဟုတ္ ေရရွည္အဆုံးအရႈံးေတြနဲ႔ မေအာင္ျမင္တဲ့ စစ္ဆင္ေရး အလားအလာကို ရင္ဆိုင္သြားမလားဆိုတာ ေ႐ြးခ်ယ္ ဆုံးျဖတ္သြားရမွာျဖစ္တယ္လို႔ လင္ဒါ ေရာ္ဘင္ဆန္ က သတိေပးခဲ့ပါတယ္။
အေမရိကန္သမၼတ ထရမ့္ဟာ မေသခ်ာ မေရ ရာတဲ့ အေျခအေနတစ္ရပ္ဆီကို ေလွ်ာက္လွမ္းခဲ့ၿပီ ျဖစ္ပါတယ္။ သူ႔ရဲ႕ လူမႈကြန္ရက္ The Truth account မွာ ေရးသားေဖာ္ျပခ်က္ေတြအရ အီရန္ႏိုင္ငံမွာ သူျဖစ္ေစခ်င္သလို ျဖစ္လာဖို႔ ဆႏၵရွိေနတာကို ေတြ႕ရပါတယ္။ ေဖေဖာ္ဝါရီလ (၂၈) ရက္က သူ႔ေရး သားခ်က္အရ အီရန္ႏိုင္ငံရဲ႕ IGRC အဖြဲ႕ဟာ အီရန္ မ်ိဳးခ်စ္ေတြနဲ႔ ၿငိမ္းခ်မ္းစြာပူးေပါင္းၿပီး အီရန္ႏိုင္ငံအတြက္ ထိုက္တန္တဲ့ႀကီးျမတ္မႈျပန္လည္ရရွိဖို႔ ပူးေပါင္း ေဆာင္႐ြက္ သြားမယ္လို႔ေမွ်ာ္လင့္ေၾကာင္း ေဖာ္ျပခဲ့ပါ တယ္။
သုံးသပ္ခ်က္
အီရန္ႏိုင္ငံနဲ႔ အစၥေရးလ္ႏိုင္ငံတို႔ဟာ အီရန္မွာ ေတာ္လွန္ေရးျဖစ္ပြားတဲ့ (၁၉၇၉) ခုႏွစ္ကတည္းက စတင္ၿပီး သံတမန္အဆက္အသြယ္ ျဖတ္ေတာက္ ထားၾကတဲ့ႏိုင္ငံေတြျဖစ္ၾကၿပီး သမိုင္းေၾကာင္းတစ္ ေလွ်ာက္ ရန္ဘက္မ်ားအျဖစ္ ရပ္တည္လာခဲ့ၾကတာ ျဖစ္ပါတယ္။ အထူးသျဖင့္ (၁၉၉၁) ခုႏွစ္ ပင္လယ္ ေကြ႕ စစ္ပြဲျဖစ္ပြားၿပီးကတည္းက အျပန္အလွန္ ရန္ လိုမႈေတြ ႀကီးမားလာခဲ့ပါတယ္။
အီရန္ႏိုင္ငံဟာ အစၥေရးႏိုင္ငံကို ႏိုင္ငံတစ္ႏိုင္ငံအျဖစ္ တရားဝင္အသိအမွတ္ျပဳမႈကို ျငင္းဆိုထားၿပီး အစၥေရးႏိုင္ငံပ်က္သုဥ္းေရးကို အစဥ္ေတာင္းဆိုတိုက္ တြန္းေနတာျဖစ္ပါတယ္။ အစၥေရးႏိုင္ငံကလည္း အီရန္ႏိုင္ငံဟာ အေရွ႕အလယ္ပိုင္းေဒသတည္ၿငိမ္ ေအးခ်မ္းေရးကို ၿခိမ္းေျခာက္ေနတဲ့ႏိုင္ငံအျဖစ္ ရႈျမင္ လ်က္ရွိပါတယ္။ (၂၀၂၅) ခုႏွစ္အတြင္းကလည္း အစၥေရးႏိုင္ငံဟာ အီရန္ႏိုင္ငံတြင္းက စစ္ဘက္ဆိုင္ ရာပစ္မွတ္ေတြကို ဗုံးႀကဲတိုက္ခိုက္ခဲ့ပါတယ္။ အခု (၂၀၂၆) ခုႏွစ္မွာေတာ့ အစၥေရးနဲ႔အေမရိကန္တို႔ ပူးတြဲၿပီး အီရန္ႏိုင္ငံကိုတိုက္ခိုက္ခဲ့ၾကတာ ျဖစ္ပါ တယ္။
အစၥေရးနဲ႔အီရန္အၾကားမွာ ပဋိပကၡေတြ ျဖစ္ပြားလာမွာ၊ ႀကီးမားလာမွာကို ကမာၻ႔ႏိုင္ငံအမ်ားစုက စိုးရိမ္ပူပန္ၾက ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အီရန္ႏိုင္ငံအပါအဝင္ အေရွ႕အလယ္ပိုင္းေဒသဟာ ေရနံထြက္ရွိရာေဒသႀကီးျဖစ္သလို ကမာၻ႔ကုန္သြယ္ ေရးအတြက္ အေရးပါတဲ့ ေဟာ္မုဇ္ေရလက္ၾကား ပိတ္ ဆို႔မႈေတြျဖစ္လာႏိုင္တဲ့အတြက္ ကမာၻ႔ကုန္သြယ္ ေရးကိုလည္း အတားအဆီးျဖစ္လာမွာေၾကာင့္ျဖစ္ပါ တယ္။ ပင္လယ္ေကြ႕ေဒသနဲ႔ အာေရဗ်ပင္လယ္ကို ဆက္စပ္ေပးတဲ့ ေဟာ္မုဇ္ေရလက္ၾကားဟာ အေရွ႕ အလယ္ပိုင္းေဒသက ေရနံနဲ႔သဘာဝဓာတ္ေငြ႕ အဓိက တင္ပို႔ေရာင္းခ်သူေတြနဲ႔ ဝယ္ယူသူေတြအၾကား အသက္ေသြးေၾကာတမွ်အေရးပါတဲ့ ေရလမ္းေၾကာင္း ျဖစ္ပါတယ္။ (၂၀၂၅) ခုႏွစ္အတြင္းမွာ ေရနံစိမ္းစည္ ေပါင္း သန္း (၂၀) ဟာ ေဟာ္မုဇ္ေရလက္ၾကားကို ေန႔စဥ္ျဖတ္သန္းသြားခဲ့တယ္လို႔ သိရပါတယ္။
တစ္နည္းအားျဖင့္ ကမာၻ႔ႏိုင္ငံေတြသုံးစြဲေနတဲ့ ေရနံစိမ္းပမာဏစုစုေပါင္းရဲ႕ (၅) ပုံ (၁) ပုံဟာ ေဟာ္ မုဇ္ေရ လက္ၾကားကို ျဖတ္သန္းသြားလာၾကရတာ ျဖစ္ပါတယ္။ အခု (၂၀၂၆) အီရန္-အစၥေရး ပဋိပကၡ ေၾကာင့္ အီရန္ႏိုင္ငံဟာ ေဟာ္မုဇ္ေရလက္ၾကားကို ပိတ္ဆို႔ေၾကာင္းနဲ႔ ဒီေရလက္ၾကားကေန ေရနံစိမ္းတစ္ စက္မွ်ေတာင္ ျဖတ္သန္း ခြင့္ျပဳမွာမဟုတ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ အခုလိုပိတ္ဆို႔လိုက္တဲ့အတြက္ ေရနံစိမ္းေဈးႏႈန္းေတြ စတင္တက္ လာၿပီျဖစ္ပါတယ္။ ေဖေဖာ္ဝါရီလ (၂၇) ရက္က ေရနံစိမ္းတစ္စည္ကို (၇၃) ေဒၚလာရွိခဲ့ရာကေန မတ္လ (၂) ရက္မွာ ေရနံစိမ္းတစ္စည္ဟာ (၇၉.၄) ေဒၚလာအထိ ျမင့္တက္လာခဲ့ပါတယ္။ အီရန္ႏိုင္ငံက ေဟာ္မုဇ္ေရလက္ ၾကားကိုပိတ္ ဆို႔ေၾကာင္း ေၾကညာၿပီးတဲ့ေနာက္ ေရလက္ၾကားအတြင္းမွာ ေရနံတင္သေဘၤာစင္းေရ (၂၀ဝ) ေလာက္ ပိတ္မိေန တယ္လို႔သိရပါတယ္။ အကယ္၍မ်ား စစ္ပြဲဟာ ေရရွည္ဆက္လက္ျဖစ္ပြားေနဦးမယ္ဆိုရင္ အခုလိုေရနံတင္ပို႔မႈေတြ ရပ္ဆိုင္းသြား မွာျဖစ္ၿပီး ေရနံစိမ္းေဈးကြက္အေပၚ အႀကီးအက်ယ္ အက်ိဳးသက္ေရာက္မႈေတြ ျဖစ္လာမွာျဖစ္ပါတယ္။ ေရနံအျပင္ ကုန္စည္ေဈးႏႈန္းေတြလည္း ႀကီးျမင့္လာ မွာျဖစ္လို႔ ကမာၻ႔ႏိုင္ငံအမ်ားစုကေတာ့ လက္ရွိ အီရန္-အစၥေရး ပဋိပကၡကို သံတမန္နည္းအရ ၿငိမ္းခ်မ္းစြာနဲ႔ ေစ့စပ္ေဆြးေႏြးေျဖရွင္းသြားၾကဖို႔ တိုက္တြန္းမႈေတြ ပိုမိုျပဳလုပ္လာ ၾကဖြယ္ရွိေၾကာင္း တင္ျပလိုက္ရပါတယ္။

Related news

© 2021. All rights reserved.