အိမ်နီးချင်းနိုင်ငံများကို အီရန်သမ္မတ တောင်းပန်

90

ဂျန်ဇက် (NP News) - မတ် ၈
အိမ်နီးချင်းနိုင်ငံများအပေါ် တိုက်ခိုက်မှုများအတွက် အီရန်သမ္မတ မာဆွတ် ပီဇီရှာကန် က တရားဝင် တောင်းပန်လိုက်ပြီး အီရန်ကို စတင်မတိုက်ဘူးဆိုလျှင် အိမ်နီးချင်းနိုင်ငံများကို ထပ်မံတိုက်ခိုက်တော့မည် မဟုတ်ကြောင်း ပြောကြားလိုက်သည်။
အီရန်သမ္မတမာဆွတ်ပီဇီရှာကန်က "အီရန်ရဲ့တိုက်ခိုက်မှုကို ခံခဲ့ရတဲ့အိမ်နီးချင်းနိုင်ငံတွေကို ကျနော်ကိုယ်တိုင် တောင်းပန်ပါတယ်" ဟု ပြောကြားခဲ့သည်။
အီရန်က ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ယူအေအီး (UAE)၊ ဘာရိန်း နှင့် ဆော်ဒီအာရေဗျနိုင်ငံများရှိ ပစ်မှတ်များကို ဒုံးကျည်နှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်မှုများပြုလုပ်ခဲ့ပြီးနောက် ဒေသတွင်း စိုးရိမ်မှုများ မြင့်တက်နေချိန်တွင် ယခုလို လေသံလျှော့ကာ တောင်းပန်စကားဆိုလာခြင်းဖြစ်သည်။
၎င်းက "အီရန်အပေါ် တိုက်ခိုက်မှုမပြုလုပ်တဲ့အိမ်နီးချင်းနိုင်ငံတွေကို နောက်ထပ် တိုက်ခိုက်မှု မပြုလုပ်ဖို့နဲ့ ဒုံးကျည်ပစ်ခတ်ခြင်း မပြုလုပ်ဖို့ ယာယီခေါင်းဆောင်မှုကောင်စီက သဘောတူဆုံးဖြတ်လိုက်ပါပြီ" ဟု ပြောသည်။သို့သော်လည်း အိမ်နီးချင်းနိုင်ငံများရှိနယ်မြေများကို အခြေခံစခန်းအဖြစ် အသုံးပြု၍ အီရန်ကို လာရောက်တိုက်ခိုက်မည်ဆိုပါက ချွင်းချက်အနေဖြင့် တုံ့ပြန်သွားရန် အီရန်စစ်တပ်ကို ညွှန်ကြားထားကြောင်း အီရန်သမ္မတ က ပြောသည်။
အီရန်သမ္မတက အိမ်နီးချင်းနိုင်ငံများအကြား ပြဿနာများကို စစ်ရေးအရ အင်အားသုံးဖြေရှင်းခြင်းထက် သံတမန်ရေးအရ ဖြေရှင်းရန် တိုက်တွန်းခဲ့ပြီး၊ အင်ပါယာချဲ့ထွင်သူများ၏ ကစားစရာအရုပ်မဖြစ်စေရန်နှင့် အမေရိကန်-အစ္စရေးတို့၏ လှည့်ကွက်များထဲ မကျရောက်စေရန် ဒေသတွင်း အာရပ်နိုင်ငံများကို သတိပေး တိုက်တွန်းသွားခဲ့သည်။အမေရိကန် နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်တိုက်ခိုက်ခဲ့ပြီးနောက် အီရန်ကလည်း လက်တုံ့ပြန်တိုက်ခိုက်ခဲ့ရာ အရှေ့အလယ်ပိုင်းဒေသအတွင်း တင်းမာမှုအရှိန်မြင့်တက်နေကြောင်းသိရသည်။

Zawgyi Version;
အိမ္နီးခ်င္းႏိုင္ငံမ်ားကို အီရန္ သမၼတ ေတာင္းပန္
ဂ်န္ဇက္ (NP News) - မတ္ ၈
အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ တိုက္ခိုက္မႈမ်ားအတြက္ အီရန္သမၼတ မာဆြတ္ ပီဇီရွာကန္ က တရားဝင္ ေတာင္းပန္လိုက္ၿပီး အီရန္ကို စတင္မတိုက္ဘူးဆိုလွ်င္ အိမ္နီးခ်င္းႏိုင္ငံမ်ားကို ထပ္မံတိုက္ခိုက္ေတာ့မည္ မဟုတ္ေၾကာင္း ေျပာၾကားလိုက္သည္။
အီရန္သမၼတမာဆြတ္ပီဇီရွာကန္က "အီရန္ရဲ႕တိုက္ခိုက္မႈကို ခံခဲ့ရတဲ့အိမ္နီးခ်င္းႏိုင္ငံေတြကို က်ေနာ္ကိုယ္တိုင္ ေတာင္းပန္ပါတယ္" ဟု ေျပာၾကားခဲ့သည္။
အီရန္က ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ယူေအအီး (UAE)၊ ဘာရိန္း ႏွင့္ ေဆာ္ဒီအာေရဗ်ႏိုင္ငံမ်ားရွိ ပစ္မွတ္မ်ားကို ဒုံးက်ည္ႏွင့္ ဒ႐ုန္းမ်ားအသုံးျပဳကာ တိုက္ခိုက္မႈမ်ားျပဳလုပ္ခဲ့ၿပီးေနာက္ ေဒသတြင္း စိုးရိမ္မႈမ်ား ျမင့္တက္ေနခ်ိန္တြင္ ယခုလို ေလသံေလွ်ာ့ကာ ေတာင္းပန္စကားဆိုလာျခင္းျဖစ္သည္။
၎က "အီရန္အေပၚ တိုက္ခိုက္မႈမျပဳလုပ္တဲ့အိမ္နီးခ်င္းႏိုင္ငံေတြကို ေနာက္ထပ္ တိုက္ခိုက္မႈ မျပဳလုပ္ဖို႔နဲ႔ ဒုံးက်ည္ပစ္ခတ္ျခင္း မျပဳလုပ္ဖို႔ ယာယီေခါင္းေဆာင္မႈေကာင္စီက သေဘာတူဆုံးျဖတ္လိုက္ပါၿပီ" ဟု ေျပာသည္။သို႔ေသာ္လည္း အိမ္နီးခ်င္းႏိုင္ငံမ်ားရွိနယ္ေျမမ်ားကို အေျခခံစခန္းအျဖစ္ အသုံးျပဳ၍ အီရန္ကို လာေရာက္တိုက္ခိုက္မည္ဆိုပါက ခြၽင္းခ်က္အေနျဖင့္ တုံ႔ျပန္သြားရန္ အီရန္စစ္တပ္ကို ၫႊန္ၾကားထားေၾကာင္း အီရန္သမၼတ က ေျပာသည္။
အီရန္သမၼတက အိမ္နီးခ်င္းႏိုင္ငံမ်ားအၾကား ျပႆနာမ်ားကို စစ္ေရးအရ အင္အားသုံးေျဖရွင္းျခင္းထက္ သံတမန္ေရးအရ ေျဖရွင္းရန္ တိုက္တြန္းခဲ့ၿပီး၊ အင္ပါယာခ်ဲ႕ထြင္သူမ်ား၏ ကစားစရာအ႐ုပ္မျဖစ္ေစရန္ႏွင့္ အေမရိကန္-အစၥေရးတို႔၏ လွည့္ကြက္မ်ားထဲ မက်ေရာက္ေစရန္ ေဒသတြင္း အာရပ္ႏိုင္ငံမ်ားကို သတိေပး တိုက္တြန္းသြားခဲ့သည္။အေမရိကန္ ႏွင့္ အစၥေရးတို႔သည္ အီရန္ႏိုင္ငံအေပၚ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ စတင္တိုက္ခိုက္ခဲ့ၿပီးေနာက္ အီရန္ကလည္း လက္တုံ႔ျပန္တိုက္ခိုက္ခဲ့ရာ အေရွ႕အလယ္ပိုင္းေဒသအတြင္း တင္းမာမႈအရွိန္ျမင့္တက္ေနေၾကာင္းသိရသည္။