အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် အနည်းဆုံးလူ(၂၁၇)ဦး သေဆုံးခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာန သတင်းထုတ်ပြန်

199

Pika (NP News) - မတ် ၈
အစ္စရေးနဲ့ လက်ဘနွန်အခြေစိုက်ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေ ပြန်လည်ဖြစ်ပွားလာချိန်ကနေစတင်ပြီး လက်ဘနွန်ဘက်မှာ အနည်းဆုံးလူ(၂၁၇)ဦးသေဆုံးပြီး အခြားလူ (၇၉၈)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အစ္စရေးနဲ့ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့တို့ကြား အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် လက်ဘနွန် ဘက်မှာ အနည်းဆုံးလူ(၁၂၃)ဦးသေဆုံးပြီး အခြားလူ(၆၈၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လက်ဘနွန် ကျန်းမာရေးဝန်ကြီးဌာနက အစောပိုင်းမှာ ထုတ်ပြန်ပြောဆိုခဲ့ပေမယ့်လည်း နောက်ပိုင်းမှာ သေဆုံးသူအရေ အတွက်ကို ယခုလိုထပ်မံပြောင်းလဲဖော်ပြခဲ့တာဖြစ်ပါတယ်။
အစ္စရေးဘက်ကလုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ လက်ဘနွန်နိုင်ငံတောင်ပိုင်းနဲ့ အရှေ့ပိုင်းအပြင် ဘေရွတ်မြို့ရဲ့တောင်ပိုင်းမှာရှိတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေကိုပါ ပစ်မှတ်ထားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အီရန်ရဲ့ထိပ်တန်းခေါင်ဆောင် အလီခါမေနီသေဆုံးမှုအတွက် လက်စားချေတဲ့အနေနဲ့ ဟစ်ဘိုလာလက်နက်ကိုင် အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေ၊ဒရုန်းတွေ နဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်ကြား အပြန်အလှန် ပစ်ခတ်မှုတွေ ပြန်လည်ဖြစ်ပွားလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အစၥေရးရဲ႕တိုက္ခိုက္မႈေတြေၾကာင့္ အနည္းဆုံးလူ(၂၁၇)ဦး ေသဆုံးခဲ့တယ္လို႔ လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာန သတင္းထုတ္ျပန္
Pika (NP News) - မတ္ ၈
အစၥေရးနဲ႔ လက္ဘႏြန္အေျခစိုက္ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြ ျပန္လည္ျဖစ္ပြားလာခ်ိန္ကေနစတင္ၿပီး လက္ဘႏြန္ဘက္မွာ အနည္းဆုံးလူ(၂၁၇)ဦးေသဆုံးၿပီး အျခားလူ (၇၉၈)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လက္ဘႏြန္က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အစၥေရးနဲ႔ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕တို႔ၾကား အျပန္အလွန္ပစ္ခတ္တိုက္ခိုက္မႈေတြေၾကာင့္ လက္ဘႏြန္ ဘက္မွာ အနည္းဆုံးလူ(၁၂၃)ဦးေသဆုံးၿပီး အျခားလူ(၆၈၃)ဦး ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ လက္ဘႏြန္ က်န္းမာေရးဝန္ႀကီးဌာနက အေစာပိုင္းမွာ ထုတ္ျပန္ေျပာဆိုခဲ့ေပမယ့္လည္း ေနာက္ပိုင္းမွာ ေသဆုံးသူအေရ အတြက္ကို ယခုလိုထပ္မံေျပာင္းလဲေဖာ္ျပခဲ့တာျဖစ္ပါတယ္။
အစၥေရးဘက္ကလုပ္ေဆာင္ခဲ့တဲ့ ေလေၾကာင္းတိုက္ခိုက္မႈေတြဟာ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းနဲ႔ အေရွ႕ပိုင္းအျပင္ ေဘ႐ြတ္ၿမိဳ႕ရဲ႕ေတာင္ပိုင္းမွာရွိတဲ့ ဆင္ေျခဖုံးရပ္ကြက္ေတြကိုပါ ပစ္မွတ္ထားခဲ့တာျဖစ္တယ္လို႔ သိရပါတယ္။ အီရန္ရဲ႕ထိပ္တန္းေခါင္ေဆာင္ အလီခါေမနီေသဆုံးမႈအတြက္ လက္စားေခ်တဲ့အေနနဲ႔ ဟစ္ဘိုလာလက္နက္ကိုင္ အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြ၊ဒ႐ုန္းေတြ နဲ႔ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဘက္ၾကား အျပန္အလွန္ ပစ္ခတ္မႈေတြ ျပန္လည္ျဖစ္ပြားလာခဲ့တာလည္းျဖစ္ပါတယ္။