​တရုတ်နိုင်ငံကဓာတ်မြေဩဇာတင်ပို့မှု ရပ်ဆိုင်းဖို့ ဆုံးဖြတ်

 1031

ဂျန်ဇက်(NP News)- မတ် ၁၉
​တရုတ်အစိုးရဟာ နိုင်ငံတကာကို တင်ပို့နေတဲ့ နိုက်ထရိုဂျင်နဲ့ ပိုတက်စီယမ် ဓာတ်မြေဩဇာကို ပြည်ပတင်ပို့မှုတွေရုတ်တရက် ရပ်ဆိုင်းဖို့ပို့ကုန်လုပ်ငန်းရှင်တွေကို တရားဝင် ညွှန်ကြားလိုက်ပါတယ်။ တရုတ်နိုင်ငံရဲ့ ဆုံးဖြတ်ချက်ကနွေဦးစိုက်ပျိုးရာသီ နီးကပ်လာချိန်မှာ ဓာတ်မြေဩဇာ ပြတ်လပ်မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ အမေရိကန်တောင်သူတွေနဲ့ ကမ္ဘာ့စိုက်ပျိုးရေးကဏ္ဍအတွက် ကြီးမားတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အီရန်စစ်ပွဲကြောင့် ကမ္ဘာ့ဓာတ်မြေဩဇာ အများဆုံး တင်ပို့ရာ ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားခဲ့ပြီး ကမ္ဘာတစ်ဝန်း ဓာတ်မြေဩဇာ ထောက်ပံ့မှု ကွင်းဆက်တွေ ပြတ်တောက်ကာ ဈေးနှုန်းတွေ စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ တရုတ်အစိုးရက ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံရေးနဲ့ ပြည်တွင်းစိုက်ပျိုးရေးဈေးကွက် တည်ငြိမ်စေဖို့ကိုသာ ပထမဦးစားပေး အနေနဲ့ ရွေးချယ်ခဲ့ပြီး ဓာတ်မြေဩဇာ ပြည်ပတင်ပို့မှုတွေကို အနည်းဆုံး ၂၀၂၆ ခုနှစ် ဩဂုတ်လအထိ ကန့်သတ်ပိတ်ပင်ဖို့ အရေးပေါ် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။
ကမ္ဘာ့ယူရီးယားနဲ့ ဖော့စဖိတ် ဓာတ်မြေဩဇာ အများဆုံးထုတ်လုပ်တဲ့ တရုတ်နိုင်ငံက တင်ပို့မူများကန့်သတ်လိုက်တဲ့အတွက်အမေရိကန် အပါအဝင် နိုင်ငံတကာက တောင်သူတွေအတွက် အခက်ခဲ ဖြစ်လာဖွယ်ရှိနေပါတယ်။ အမေရိကန်ဟာ ပြည်တွင်း ဓာတ်မြေဩဇာ ထုတ်လုပ်မှု ရှိပေမယ့်လည်း ရုတ်တရက် ပြတ်တောက်သွားတဲ့ သွင်းကုန်ပမာဏကို အစားထိုးနိုင်ဖို့ မလုံလောက်ဘဲအထူးသဖြင့် စိုက်ပျိုးရာသီအမီ ဓာတ်မြေဩဇာ အလုံအလောက် မရရှိနိုင်တဲ့အတွက်သီးနှံအထွက်နှုန်းကျဆင်းဖွယ်ရှိနေပါတယ်။လက်ရှိမှာ အရှေ့တောင်အာရှနဲ့ ကမ္ဘာ့ဈေးကွက်တွေမှာ ဓာတ်မြေဩဇာ ဈေးနှုန်းတွေဟာ အီရန်စစ်ပွဲမတိုင်ခင်ကထက် ၄၀ ရာခိုင်နှုန်းနီးပါးအထိ မြင့်တက်ခဲ့ပြီးတရုတ်ရဲ့ ပိတ်ဆို့မှုကြောင့် ထောက်ပံ့မှု ထပ်မံလျော့ကျသွားတဲ့အတွက် ဈေးနှုန်းတွေဟာ နောက်ထပ် ၁၅ မှ ၂၀ ရာခိုင်နှုန်းအထိ ထပ်မံ မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။

Zawgyi Version:
​တ႐ုတ္ႏိုင္ငံကဓာတ္ေျမဩဇာတင္ပို႔မႈ ရပ္ဆိုင္းဖို႔ ဆုံးျဖတ္
ဂ်န္ဇက္(NP News)- မတ္ ၁၉
​တ႐ုတ္အစိုးရဟာ ႏိုင္ငံတကာကို တင္ပို႔ေနတဲ့ ႏိုက္ထ႐ိုဂ်င္နဲ႔ ပိုတက္စီယမ္ ဓာတ္ေျမဩဇာကို ျပည္ပတင္ပို႔မႈေတြ႐ုတ္တရက္ ရပ္ဆိုင္းဖို႔ပို႔ကုန္လုပ္ငန္းရွင္ေတြကို တရားဝင္ ၫႊန္ၾကားလိုက္ပါတယ္။ တ႐ုတ္ႏိုင္ငံရဲ႕ ဆုံးျဖတ္ခ်က္ကေႏြဦးစိုက္ပ်ိဳးရာသီ နီးကပ္လာခ်ိန္မွာ ဓာတ္ေျမဩဇာ ျပတ္လပ္မႈဒဏ္ကို ရင္ဆိုင္ေနရတဲ့ အေမရိကန္ေတာင္သူေတြနဲ႔ ကမာၻ႔စိုက္ပ်ိဳးေရးက႑အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္တစ္ခု ျဖစ္လာပါတယ္။အေရွ႕အလယ္ပိုင္းမွာ ျဖစ္ပြားေနတဲ့ အီရန္စစ္ပြဲေၾကာင့္ ကမာၻ႔ဓာတ္ေျမဩဇာ အမ်ားဆုံး တင္ပို႔ရာ ေဟာ္မုဇ္ေရလက္ၾကားပိတ္ဆို႔သြားခဲ့ၿပီး ကမာၻတစ္ဝန္း ဓာတ္ေျမဩဇာ ေထာက္ပံ့မႈ ကြင္းဆက္ေတြ ျပတ္ေတာက္ကာ ေဈးႏႈန္းေတြ စံခ်ိန္တင္ ျမင့္တက္လာခဲ့ပါတယ္။ တ႐ုတ္အစိုးရက ျပည္တြင္းစားနပ္ရိကၡာ ဖူလုံေရးနဲ႔ ျပည္တြင္းစိုက္ပ်ိဳးေရးေဈးကြက္ တည္ၿငိမ္ေစဖို႔ကိုသာ ပထမဦးစားေပး အေနနဲ႔ ေ႐ြးခ်ယ္ခဲ့ၿပီး ဓာတ္ေျမဩဇာ ျပည္ပတင္ပို႔မႈေတြကို အနည္းဆုံး ၂၀၂၆ ခုႏွစ္ ဩဂုတ္လအထိ ကန႔္သတ္ပိတ္ပင္ဖို႔ အေရးေပၚ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။ကမာၻ႔ယူရီးယားနဲ႔ ေဖာ့စဖိတ္ ဓာတ္ေျမဩဇာ အမ်ားဆုံးထုတ္လုပ္တဲ့ တ႐ုတ္ႏိုင္ငံက တင္ပို႔မူမ်ားကန္႔သတ္လိုက္တဲ့အတြက္အေမရိကန္ အပါအဝင္ ႏိုင္ငံတကာက ေတာင္သူေတြအတြက္ အခက္ခဲ ျဖစ္လာဖြယ္ရွိေနပါတယ္။ အေမရိကန္ဟာ ျပည္တြင္း ဓာတ္ေျမဩဇာ ထုတ္လုပ္မႈ ရွိေပမယ့္လည္း ႐ုတ္တရက္ ျပတ္ေတာက္သြားတဲ့ သြင္းကုန္ပမာဏကို အစားထိုးႏိုင္ဖို႔ မလုံေလာက္ဘဲအထူးသျဖင့္ စိုက္ပ်ိဳးရာသီအမီ ဓာတ္ေျမဩဇာ အလုံအေလာက္ မရရွိႏိုင္တဲ့အတြက္သီးႏွံအထြက္ႏႈန္းက်ဆင္းဖြယ္ရွိေနပါတယ္။လက္ရွိမွာ အေရွ႕ေတာင္အာရွနဲ႔ ကမာၻ႔ေဈးကြက္ေတြမွာ ဓာတ္ေျမဩဇာ ေဈးႏႈန္းေတြဟာ အီရန္စစ္ပြဲမတိုင္ခင္ကထက္ ၄၀ ရာခိုင္ႏႈန္းနီးပါးအထိ ျမင့္တက္ခဲ့ၿပီးတ႐ုတ္ရဲ႕ ပိတ္ဆို႔မႈေၾကာင့္ ေထာက္ပံ့မႈ ထပ္မံေလ်ာ့က်သြားတဲ့အတြက္ ေဈးႏႈန္းေတြဟာ ေနာက္ထပ္ ၁၅ မွ ၂၀ ရာခိုင္ႏႈန္းအထိ ထပ္မံ ျမင့္တက္လာႏိုင္တယ္လို႔ ဆိုၾကပါတယ္။

Related news

© 2021. All rights reserved.