အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အရေးပေါ်လက်နက်ရောင်း ချမှုများစွာကို အမေရိကန်အစိုးရအတည်ပြု

 288

Pika (NP News) - မတ် ၂၂

အရှေ့အလယ်ပိုင်းဒေသတစ်ဝန်း အရေးပေါ်လက်နက်ရောင်းချမှုများစွာကို အမေရိကန်အစိုးရက အတည်ပြုခဲ့ ပြီး လွှတ်တော်၏စံနှုန်းသုံးသပ်ချက် ဆိုင်ရာလိုအပ်ချက်များကိုကျော်ဖြတ်ခဲ့ကြောင်း သိရသည်။
အဆိုပါလှုပ်ရှားမှုသည် အိမ်နီးချင်းနိုင်ငံများအပေါ် အီရန်၏တိုက်ခိုက်မှုများရှိနေသည့်ကြားက ဒေသတွင်းလုံခြုံရေးကို မြှင့်တင်ရန် ရည်ရွယ် သည့် လုပ်ဆောင်ချက်တစ်ခုလည်းဖြစ်သည်။
အမေရိကန်အစိုးရသည် အကြီးဆုံးစစ်လက်နက်ပစ္စည်းရောင်း ချမှုပက် ကေ့ချ်ကို ယူအေအီးနိုင်ငံအတွက် အတည်ပြု ပေးခဲ့ပြီး စုစုပေါင်းအမေရိကန်ဒေါ်လာ(၈)ဘီလျံ ကျော်ရှိကြောင်း သိရသည်။
အဆိုပါပက်ကေ့ချ်တွင် Terminal High Altitude Area Defense (THAAD) အတွက် Long-Range Discri­mination Radar (LRDR) ရောင်းချမှု အမေရိကန် ဒေါ်လာ(၄ ဒသမ ၅)ဘီလျံ၊ FS-LIDS တန်ပြန် ဒရုန်း စနစ်များအတွက် အမေရိကန်ဒေါ်လာ (၂ ဒသမ ၁၀)ဘီလျံ၊ အဆင့်မြင့်တာလတ်ပစ် ဝေဟင်မှ ဝေဟင်ပစ်ဒုံးကျည် များ(AMRAAM)အတွက် အမေရိကန်ဒေါ်လာ(၁ ဒသမ ၂၂) ဘီလျံ နှင့် GBU-39 ဗုံးများနှင့် Joint Direct Attack Munitions (JDAMs) တို့ အပါအဝင် F-16 ခဲယမ်းမီးကျည်များအတွက် အမေရိကန် ဒေါ်လာ (၆၄၄)သန်းပါဝင် ကြောင်းသိရသည်။ ထို့ပြင် အမေရိကန်သည် ကူဝိတ် နိုင်ငံအတွက် Lower Tier Air and Missile Defense Sensor Radars ဝယ်ယူရန် အမေရိကန် ဒေါ်လာ(၈)ဘီလျံတန် သဘောတူညီ ချက်ကိုလည်း အတည်ပြုခဲ့ပြီး ကူဝိတ်နိုင်ငံ၏ ဒုံးကျည်ရှာဖွေခြင်းနှင့် ခြေရာခံခြင်း စွမ်းရည်ကို သိသိသာသာမြှင့်တင်ပေးခဲ့ကြောင်း သိရသည်။
ဂျော်ဒန်နိုင်ငံသည်လည်း အရေးပေါ်ခွင့်ပြုချက် များထဲတွင်ပါဝင်ခဲ့ပြီး စစ်ဆင်ရေးဆိုင်ရာအဆင်သင့်ဖြစ်မှုများအတွက် လေယာဉ်ထောက်ပံ့မှုများနှင့် ခဲယမ်းမီးကျည်တို့ ပါဝင်သည့် အမေရိကန်ဒေါ်လာ(၇၀ ဒသမ ၅)သန်း ပက်ကေ့ချ် ကို အမေရိကန်က အတည်ပြုပေးခဲ့ကြောင်း သိရသည်။ အဆိုပါရောင်းချမှုအားလုံးကို အရေးပေါ် ရောင်းဝယ်မှုများအဖြစ် သတ်မှတ်ခဲ့ပြီး အစိုးရကို လွှတ်တော်၏အကြောင်းကြားချက်နှင့် ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းစဉ်ကို ကျော်လွှားစေနိုင် ခဲ့ကြောင်းသိရသည်။

Zawgyi Version;
အေရွ႕အလယ္ပိုင္းေဒသတစ္ဝန္း အေရးေပၚလက္နက္ေရာင္း ခ်မႈမ်ားစြာကို အေမရိကန္အစိုးရအတည္ျပဳ
Pika (NP News) - မတ္ ၂၂
အေရွ႕အလယ္ပိုင္းေဒသတစ္ဝန္း အေရးေပၚလက္နက္ေရာင္းခ်မႈမ်ားစြာကို အေမရိကန္အစိုးရက အတည္ျပဳခဲ့ ၿပီး လႊတ္ေတာ္၏စံႏႈန္းသုံးသပ္ခ်က္ ဆိုင္ရာလိုအပ္ခ်က္မ်ားကိုေက်ာ္ျဖတ္ခဲ့ေၾကာင္း သိရသည္။
အဆိုပါလႈပ္ရွားမႈသည္ အိမ္နီးခ်င္းႏိုင္ငံမ်ားအေပၚ အီရန္၏တိုက္ခိုက္မႈမ်ားရွိေနသည့္ၾကားက ေဒသတြင္းလုံၿခဳံေရးကို ျမႇင့္တင္ရန္ ရည္႐ြယ္ သည့္ လုပ္ေဆာင္ခ်က္တစ္ခုလည္းျဖစ္သည္။
အေမရိကန္အစိုးရသည္ အႀကီးဆုံးစစ္လက္နက္ပစၥည္းေရာင္း ခ်မႈပက္ ေက့ခ်္ကို ယူေအအီးႏိုင္ငံအတြက္ အတည္ျပဳ ေပးခဲ့ၿပီး စုစုေပါင္းအေမရိကန္ေဒၚလာ(၈)ဘီလ်ံ ေက်ာ္ရွိေၾကာင္း သိရသည္။
အဆိုပါပက္ေက့ခ်္တြင္ Terminal High Altitude Area Defense (THAAD) အတြက္ Long-Range Discri­mination Radar (LRDR) ေရာင္းခ်မႈ အေမရိကန္ ေဒၚလာ(၄ ဒသမ ၅)ဘီလ်ံ၊ FS-LIDS တန္ျပန္ ဒ႐ုန္း စနစ္မ်ားအတြက္ အေမရိကန္ေဒၚလာ (၂ ဒသမ ၁၀)ဘီလ်ံ၊ အဆင့္ျမင့္တာလတ္ပစ္ ေဝဟင္မွ ေဝဟင္ပစ္ဒုံးက်ည္ မ်ား(AMRAAM)အတြက္ အေမရိကန္ေဒၚလာ(၁ ဒသမ ၂၂) ဘီလ်ံ ႏွင့္ GBU-39 ဗုံးမ်ားႏွင့္ Joint Direct Attack Munitions (JDAMs) တို႔ အပါအဝင္ F-16 ခဲယမ္းမီးက်ည္မ်ားအတြက္ အေမရိကန္ ေဒၚလာ (၆၄၄)သန္းပါဝင္ ေၾကာင္းသိရသည္။ ထို႔ျပင္ အေမရိကန္သည္ ကူဝိတ္ ႏိုင္ငံအတြက္ Lower Tier Air and Missile Defense Sensor Radars ဝယ္ယူရန္ အေမရိကန္ ေဒၚလာ(၈)ဘီလ်ံတန္ သေဘာတူညီ ခ်က္ကိုလည္း အတည္ျပဳခဲ့ၿပီး ကူဝိတ္ႏိုင္ငံ၏ ဒုံးက်ည္ရွာေဖြျခင္းႏွင့္ ေျခရာခံျခင္း စြမ္းရည္ကို သိသိသာသာျမႇင့္တင္ေပးခဲ့ေၾကာင္း သိရသည္။
ေဂ်ာ္ဒန္ႏိုင္ငံသည္လည္း အေရးေပၚခြင့္ျပဳခ်က္ မ်ားထဲတြင္ပါဝင္ခဲ့ၿပီး စစ္ဆင္ေရးဆိုင္ရာအဆင္သင့္ျဖစ္မႈမ်ားအတြက္ ေလယာဥ္ေထာက္ပံ့မႈမ်ားႏွင့္ ခဲယမ္းမီးက်ည္တို႔ ပါဝင္သည့္ အေမရိကန္ေဒၚလာ(၇၀ ဒသမ ၅)သန္း ပက္ေက့ခ်္ ကို အေမရိကန္က အတည္ျပဳေပးခဲ့ေၾကာင္း သိရသည္။ အဆိုပါေရာင္းခ်မႈအားလုံးကို အေရးေပၚ ေရာင္းဝယ္မႈမ်ားအျဖစ္ သတ္မွတ္ခဲ့ၿပီး အစိုးရကို လႊတ္ေတာ္၏အေၾကာင္းၾကားခ်က္ႏွင့္ ျပန္လည္သုံးသပ္ျခင္းလုပ္ငန္းစဥ္ကို ေက်ာ္လႊားေစႏိုင္ ခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.