တရုတ်(တိုင်ပေ)ကျွန်းကို (၂၀၂၇)ခုနှစ်အထိ တရုတ်က ကျူးကျော်တို က်ခိုက်ဖွယ်မရှိသေးကြောင်း အမေရိကန်ထောက်လှမ်းရေးအစီရင်ခံစာတွင် ရေးသားဖော်ပြ

199

Pika (NP News) - မတ် ၂၂
တရုတ်နိုင်ငံသည် (၂၀၂၇)ခုနှစ်တွင် တရုတ်(တိုင်ပေ)ကျွန်းကို ကျူးကျော်မှုများ လုပ်ဆောင်ရန် အစီအစဉ်များ မရှိသော်လည်း အင်အားသုံးခြင်းမျိုးမရှိဘဲ တရုတ်(တိုင်ပေ)ကျွန်းကို ထိန်းချုပ်နိုင်ရန် ကြိုးပမ်းနေကြောင်း အမေရိ ကန်၏ နှစ်ပတ်လည်ထောက်လှမ်းရေးအစီရင်ခံစာတွင် ရေးသားဖော် ပြထားသည်။ အမေရိကန်၏ နှစ်ပတ်လည် ထောက်လှမ်းရေးအစီရင်ခံစာက ယင်းကဲ့သို့စွပ်စွဲဖော်ပြထားမှုကို တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ကန့် ကွက်ခဲ့ကြောင်းလည်းသိရသည်။
တရုတ် (တိုင်ပေ)ကျွန်းက ၎င်းတို့အချုပ်အခြာအာဏာပိုင်နယ် မြေ၏တစ်စိတ် တစ်ပိုင်းဖြစ်ကြောင်း တရုတ်အစိုးရက အခိုင်အမာပြောဆိုထားပြီး ငြိမ်းချမ်းစွာပြန်လည် ပေါင်းစည်းရန်အတွက် လိုအပ် ပါက အင်အားသုံး ဖြေရှင်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတရှီကျင့် ဖျင်က အကြိမ်ကြိမ်ပြောဆိုခဲ့သည်။ ထို့ပြင် တရုတ် အစိုးရသည် ပြီးခဲ့သည့်နှစ်များအတွင်း တရုတ် (တိုင်ပေ)ကျွန်းအပေါ် စစ်ရေးနှင့်နိုင်ငံရေးအရ ဖိအားပေးမှုများကို ပိုမိုလုပ်ဆောင်လာခဲ့ပြီး တရုတ် (တိုင်ပေ)ကျွန်းအနီးတွင် စစ်ရေးလေ့ကျင့်မှုများကို အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း လည်းသိရသည်။ တရုတ်နိုင်ငံ၏ခေါင်းဆောင်များသည် (၂၀၂၇)ခုနှစ် တွင် တရုတ်(တိုင်ပေ)ကျွန်းကို ကျူးကျော်တိုက် ခိုက်ရန် အစီအစဉ်များမရှိသေးကြောင်းနှင့် ပြန်လည် ပေါင်းစည်းရေးအတွက် တရားဝင်အချိန်ဇယားများ လည်း မရှိသေး ကြောင်း အမေရိကန်ထောက်လှမ်း ရေးအစီရင်ခံစာတွင် အကဲဖြတ်ရေးသားဖော်ပြထားသည်။ တရုတ်(တိုင်ပေ) ကျွန်းပြ ဿနာမှာ တရုတ်နိုင်ငံ၏ ပြည်တွင်းရေးကိစ္စတစ်ခုဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ လင်ဂျီယန်က တုံ့ပြန်ပြောဆိုခဲ့ပြီး တရုတ်(တိုင်ပေ)အရေးနှင့်ပတ်သက်ပြီး သတိထားပြောဆိုရန် အမေရိကန်ကို တိုက်တွန်းခဲ့ကြောင်းလည်းသိရသည်။ လင်ဂျီယန်က ‘အမေရိကန်အစိုးရဟာ တရုတ်အပေါ် ၎င်းတို့ ရဲ့နား လည်မှုတွေကို ပြုပြင်သင့်ပြီး တရုတ်ရဲ့ခြိမ်း ခြောက်မှုသီအိုရီအပေါ် ချဲ့ကားပြောဆိုနေတာမျိုး တွေကို ရပ်တန့်သင့်ပါတယ်’ ဟုပြော ဆိုခဲ့သည်။

Zawgyi Version;
တ႐ုတ္(တိုင္ေပ)ကြၽန္းကို (၂၀၂၇)ခုႏွစ္အထိ တ႐ုတ္က က်ဴးေက်ာ္တို က္ခိုက္ဖြယ္မရွိေသးေၾကာင္း အေမရိကန္ေထာက္ လွမ္းေရး အစီရင္ခံစာတြင္ ေရးသားေဖာ္ျပ
Pika (NP News) - မတ္ ၂၂
တ႐ုတ္ႏိုင္ငံသည္ (၂၀၂၇)ခုႏွစ္တြင္ တ႐ုတ္(တိုင္ေပ)ကြၽန္းကို က်ဴးေက်ာ္မႈမ်ား လုပ္ေဆာင္ရန္ အစီအစဥ္မ်ား မရွိေသာ္လည္း အင္အားသုံးျခင္းမ်ိဳးမရွိဘဲ တ႐ုတ္(တိုင္ေပ)ကြၽန္းကို ထိန္းခ်ဳပ္ႏိုင္ရန္ ႀကိဳးပမ္းေနေၾကာင္း အေမရိ ကန္၏ ႏွစ္ပတ္လည္ေထာက္လွမ္းေရးအစီရင္ခံစာတြင္ ေရးသားေဖာ္ ျပထားသည္။ အေမရိကန္၏ ႏွစ္ပတ္လည္ ေထာက္လွမ္းေရးအစီရင္ခံစာက ယင္းကဲ့သို႔စြပ္စြဲေဖာ္ျပထားမႈကို တ႐ုတ္အစိုးရက ျပင္းျပင္းထန္ထန္ ဆန႔္က်င္ကန႔္ ကြက္ခဲ့ေၾကာင္းလည္းသိရသည္။ တ႐ုတ္ (တိုင္ေပ)ကြၽန္းက ၎တို႔အခ်ဳပ္အျခာအာဏာပိုင္နယ္ ေျမ၏တစ္စိတ္ တစ္ပိုင္းျဖစ္ေၾကာင္း တ႐ုတ္အစိုးရက အခိုင္အမာေျပာဆိုထားၿပီး ၿငိမ္းခ်မ္းစြာျပန္လည္ ေပါင္းစည္းရန္အတြက္ လိုအပ္ ပါက အင္အားသုံး ေျဖရွင္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတရွီက်င့္ ဖ်င္က အႀကိမ္ႀကိမ္ေျပာဆိုခဲ့သည္။ ထို႔ျပင္ တ႐ုတ္ အစိုးရသည္ ၿပီးခဲ့သည့္ႏွစ္မ်ားအတြင္း တ႐ုတ္ (တိုင္ေပ)ကြၽန္းအေပၚ စစ္ေရးႏွင့္ႏိုင္ငံေရးအရ ဖိအားေပးမႈမ်ားကို ပိုမိုလုပ္ေဆာင္လာခဲ့ၿပီး တ႐ုတ္ (တိုင္ေပ)ကြၽန္းအနီးတြင္ စစ္ေရးေလ့က်င့္မႈမ်ားကို အရွိန္ျမႇင့္လုပ္ေဆာင္ခဲ့ေၾကာင္း လည္းသိရသည္။ တ႐ုတ္ႏိုင္ငံ၏ေခါင္းေဆာင္မ်ားသည္ (၂၀၂၇)ခုႏွစ္ တြင္ တ႐ုတ္(တိုင္ေပ)ကြၽန္းကို က်ဴးေက်ာ္တိုက္ ခိုက္ရန္ အစီအစဥ္မ်ားမရွိေသးေၾကာင္းႏွင့္ ျပန္လည္ ေပါင္းစည္းေရးအတြက္ တရားဝင္အခ်ိန္ဇယားမ်ား လည္း မရွိေသး ေၾကာင္း အေမရိကန္ေထာက္လွမ္း ေရးအစီရင္ခံစာတြင္ အကဲျဖတ္ေရးသားေဖာ္ျပထားသည္။ တ႐ုတ္(တိုင္ေပ) ကြၽန္းျပ ႆနာမွာ တ႐ုတ္ႏိုင္ငံ၏ ျပည္တြင္းေရးကိစၥတစ္ခုျဖစ္ေၾကာင္း တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီးဌာန ေျပာေရးဆိုခြင့္ရွိသူ လင္ဂ်ီယန္က တုံ႔ျပန္ေျပာဆိုခဲ့ၿပီး တ႐ုတ္(တိုင္ေပ)အေရးႏွင့္ပတ္သက္ၿပီး သတိထားေျပာဆိုရန္ အေမရိကန္ကို တိုက္တြန္းခဲ့ေၾကာင္းလည္းသိရသည္။ လင္ဂ်ီယန္က ‘အေမရိကန္အစိုးရဟာ တ႐ုတ္အေပၚ ၎တို႔ ရဲ႕နား လည္မႈေတြကို ျပဳျပင္သင့္ၿပီး တ႐ုတ္ရဲ႕ၿခိမ္း ေျခာက္မႈသီအိုရီအေပၚ ခ်ဲ႕ကားေျပာဆိုေနတာမ်ိဳး ေတြကို ရပ္တန႔္သင့္ပါတယ္’ ဟုေျပာ ဆိုခဲ့သည္။