အီရန်ဘက်က သဘောတူညီချက်တစ်ခု ရယူရန် လိုလားနေဟု အမေရိကန်သမ္မတထရမ့် ပြော

 241

ဂျန်ဇက် (NP News) - မတ် ၂၄

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အီရန်နိုင်ငံရှိ ဒေါ်လာ (၁၀) ဘီလီယံတန်ဖိုးရှိ လျှပ်စစ်စွမ်းအင်ထုတ်လုပ်ရေး စက်ရုံကြီးများကို တိုက်ခိုက်ဖျက်ဆီးမည့်အစီအစဉ်အား ယာယီရပ်ဆိုင်းလိုက်သလို အီရန်နိုင်ငံဘက်မှ သဘောတူညီချက်တစ်ခုရယူရန် လိုလားနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်သည် ဖလော်ရီဒါပြည်နယ်၊ ပမ်းဘိချ်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် Air Force One လေယာဉ်ပေါ်မတက်မီ သတင်းထောက်များနှင့်တွေ့ဆုံစဉ် ယခုကဲ့သို့ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။
အမေရိကန်သမ္မတ က "မနက်ဖြန်မနက်မှာ တည်ဆောက်စရိတ် ဒေါ်လာ (၁၀) ဘီလီယံကျော် ကုန်ကျထားတဲ့သူတို့ရဲ့အကြီးဆုံးလျှပ်စစ်စွမ်းအင်ထုတ်စက်ရုံတွေကို ကျွန်တော်တို့ ဗုံးကြဲဖျက်ဆီးဖို့ စီစဉ်ထားခဲ့တာပါ။ (၁) ချက်တည်းပါပဲ။ အကုန်လုံး ပျက်စီးပြီးပြိုကျသွားမှာပါ။ သူတို့က ဘာလို့ ဒါမျိုးအဖြစ်ခံချင်မှာလဲ။ ဒါကြောင့် သူတို့ဘက်က ဖုန်းဆက်လာတယ်။ ကျွန်တော် ဆက်တာ မဟုတ်ဘူးနော်။ သူတို့ သဘောတူညီချက်တစ်ခုလုပ်ချင်နေကြပြီ" ဟု ပြောသည်။

ဆွေးနွေးပွဲများ အဆင်ပြေချောမွေ့ပြီး အီရန်နှင့်အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့ပါက အမေရိကန်၏ မဟာမိတ် အစ္စရေးဘက်မှယင်းသဘောတူညီချက်အပေါ်လိုက်နာပါ့မလားဆိုသည့် သတင်းထောက်တစ်ဦး၏ အမေးကိုလည်း အမေရိကန်သမ္မတက "ကျွန်တော်တို့ ရရှိထားတဲ့ ရလဒ်တွေအပေါ်မှာ အစ္စရေးအနေနဲ့ အရမ်းကို ကျေနပ်သဘောကျလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်" ဟု ပြောသည်။
အမေရိကန်ကိုယ်စားလှယ်များဖြစ်ကြသည့် စတိဗ်ဝစ်ထ်ကော့ဖ် နှင့် ဂျရတ်ကက်ရှ်နာ တို့သည်အီရန်၏လေးစားရသောခေါင်းဆောင်တစ်ဦးနှင့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း အမေရိကန်သမ္မတထရမ့်က ဆိုသည်။
သို့သော် အီရန်၏ နိုင်ငံတော်ပိုင် မီဒီယာများကမူဆွေးနွေးမှုများကို ငြင်းဆိုထားပြီး "အီရန်ရဲ့ပြင်းထန်တဲ့သတိပေးမှုကြောင့် ထရမ့်နောက်ဆုတ်သွားခြင်းသာဖြစ်တယ်" ဟု တုံ့ပြန်ကြေညာခဲ့သည်။

အီရန်နိုင်ငံအပေါ် အမေရိကန်က လျော်ကြေးအပြည့်အဝပေးပြီး၊ ပိတ်ဆို့အရေးယူမှုများအားလုံးကို ရုပ်သိမ်းကာ၊ နောင်တွင် အမေရိကန်က ဝင်ရောက်စွက်ဖက်ခြင်း မပြုလုပ်နိုင်ရန် နိုင်ငံတကာ၏ တရားဝင်အာမခံချက်များ မရမချင်း စစ်ပွဲဆက်လက်ဖြစ်ပွားနေမည်ဖြစ်ကြောင်း အီရန်အဓိပတိ၏ အကြီးတန်းစစ်ဘက်ဆိုင်ရာအကြံပေးပုဂ္ဂိုလ်က ထုတ်ဖော်ပြောဆိုလိုက်သည်။ အီရန်အဓိပတိ၏ အကြံပေးဖြစ်သူ မိုဆန်ရီဇာအီက အီရန်အနေဖြင့် ပဋိပက္ခကို အဆုံးသတ်ရန် စစ်ပွဲကြောင့် အီရန်ဘက်မှ နစ်နာဆုံးရှုံးမှုအားလုံးအတွက် အမေရိကန်က လျော်ကြေး အပြည့်အဝပေးရန်။ အီရန်အပေါ်ချမှတ်ထားသော စီးပွားရေး ပိတ်ဆို့အရေးယူမှု အားလုံးကို ခြွင်းချက်မရှိအပြည့်အဝရုပ်သိမ်းပေးရန် နှင့် အနာဂတ်တွင် အမေရိကန်အနေဖြင့် အီရန်၏ ပြည်တွင်းရေးနှင့် ဒေသတွင်း ကိစ္စရပ်များတွင် ထပ်မံစွက်ဖက်ခြင်း မပြုနိုင်ရန် ဥပဒေအရ စည်းောင်မှုရှိသော နိုင်ငံတကာ အာမခံချက်များ ရရှိရန် စသည့်အချက်များကို တောင်းဆိုထားသည်။

Zawgyi Version;
အီရန္ဘက္က သေဘာတူညီခ်က္တစ္ခု ရယူရန္ လိုလားေနဟု အေမရိကန္သမၼတထရမ့္ ေျပာ
ဂ်န္ဇက္ (NP News) - မတ္ ၂၄
အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အီရန္ႏိုင္ငံရွိ ေဒၚလာ (၁၀) ဘီလီယံတန္ဖိုးရွိ လွ်ပ္စစ္စြမ္းအင္ထုတ္လုပ္ေရး စက္႐ုံႀကီးမ်ားကို တိုက္ခိုက္ဖ်က္ဆီးမည့္အစီအစဥ္အား ယာယီရပ္ဆိုင္းလိုက္သလို အီရန္ႏိုင္ငံဘက္မွ သေဘာတူညီခ်က္တစ္ခုရယူရန္ လိုလားေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုလိုက္သည္။

အေမရိကန္သမၼတေဒၚနယ္ထရမ့္သည္ ဖေလာ္ရီဒါျပည္နယ္၊ ပမ္းဘိခ်္အျပည္ျပည္ဆိုင္ရာေလဆိပ္တြင္ Air Force One ေလယာဥ္ေပၚမတက္မီ သတင္းေထာက္မ်ားႏွင့္ေတြ႕ဆုံစဥ္ ယခုကဲ့သို႔ထုတ္ေဖာ္ေျပာၾကားခဲ့ျခင္းျဖစ္သည္။
အေမရိကန္သမၼတ က "မနက္ျဖန္မနက္မွာ တည္ေဆာက္စရိတ္ ေဒၚလာ (၁၀) ဘီလီယံေက်ာ္ ကုန္က်ထားတဲ့သူတို႔ရဲ႕အႀကီးဆုံးလွ်ပ္စစ္စြမ္းအင္ထုတ္စက္႐ုံေတြကို ကြၽန္ေတာ္တို႔ ဗုံးႀကဲဖ်က္ဆီးဖို႔ စီစဥ္ထားခဲ့တာပါ။ (၁) ခ်က္တည္းပါပဲ။ အကုန္လုံး ပ်က္စီးၿပီးၿပိဳက်သြားမွာပါ။ သူတို႔က ဘာလို႔ ဒါမ်ိဳးအျဖစ္ခံခ်င္မွာလဲ။ ဒါေၾကာင့္ သူတို႔ဘက္က ဖုန္းဆက္လာတယ္။ ကြၽန္ေတာ္ ဆက္တာ မဟုတ္ဘူးေနာ္။ သူတို႔ သေဘာတူညီခ်က္တစ္ခုလုပ္ခ်င္ေနၾကၿပီ" ဟု ေျပာသည္။

ေဆြးေႏြးပြဲမ်ား အဆင္ေျပေခ်ာေမြ႕ၿပီး အီရန္ႏွင့္အပစ္အခတ္ရပ္စဲေရး သေဘာတူညီခ်က္ ရရွိခဲ့ပါက အေမရိကန္၏ မဟာမိတ္ အစၥေရးဘက္မွယင္းသေဘာတူညီခ်က္အေပၚလိုက္နာပါ့မလားဆိုသည့္ သတင္းေထာက္တစ္ဦး၏ အေမးကိုလည္း အေမရိကန္သမၼတက "ကြၽန္ေတာ္တို႔ ရရွိထားတဲ့ ရလဒ္ေတြအေပၚမွာ အစၥေရးအေနနဲ႔ အရမ္းကို ေက်နပ္သေဘာက်လိမ့္မယ္လို႔ ကြၽန္ေတာ္ ထင္ပါတယ္" ဟု ေျပာသည္။
အေမရိကန္ကိုယ္စားလွယ္မ်ားျဖစ္ၾကသည့္ စတိဗ္ဝစ္ထ္ေကာ့ဖ္ ႏွင့္ ဂ်ရတ္ကက္ရွ္နာ တို႔သည္အီရန္၏ေလးစားရေသာေခါင္းေဆာင္တစ္ဦးႏွင့္ေဆြးေႏြးမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း အေမရိကန္သမၼတထရမ့္က ဆိုသည္။
သို႔ေသာ္ အီရန္၏ ႏိုင္ငံေတာ္ပိုင္ မီဒီယာမ်ားကမူေဆြးေႏြးမႈမ်ားကို ျငင္းဆိုထားၿပီး "အီရန္ရဲ႕ျပင္းထန္တဲ့သတိေပးမႈေၾကာင့္ ထရမ့္ေနာက္ဆုတ္သြားျခင္းသာျဖစ္တယ္" ဟု တုံ႔ျပန္ေၾကညာခဲ့သည္။

အီရန္ႏိုင္ငံအေပၚ အေမရိကန္က ေလ်ာ္ေၾကးအျပည့္အဝေပးၿပီး၊ ပိတ္ဆို႔အေရးယူမႈမ်ားအားလုံးကို ႐ုပ္သိမ္းကာ၊ ေနာင္တြင္ အေမရိကန္က ဝင္ေရာက္စြက္ဖက္ျခင္း မျပဳလုပ္ႏိုင္ရန္ ႏိုင္ငံတကာ၏ တရားဝင္အာမခံခ်က္မ်ား မရမခ်င္း စစ္ပြဲဆက္လက္ျဖစ္ပြားေနမည္ျဖစ္ေၾကာင္း အီရန္အဓိပတိ၏ အႀကီးတန္းစစ္ဘက္ဆိုင္ရာအႀကံေပးပုဂၢိဳလ္က ထုတ္ေဖာ္ေျပာဆိုလိုက္သည္။ အီရန္အဓိပတိ၏ အႀကံေပးျဖစ္သူ မိုဆန္ရီဇာအီက အီရန္အေနျဖင့္ ပဋိပကၡကို အဆုံးသတ္ရန္ စစ္ပြဲေၾကာင့္ အီရန္ဘက္မွ နစ္နာဆုံးရႈံးမႈအားလုံးအတြက္ အေမရိကန္က ေလ်ာ္ေၾကး အျပည့္အဝေပးရန္။ အီရန္အေပၚခ်မွတ္ထားေသာ စီးပြားေရး ပိတ္ဆို႔အေရးယူမႈ အားလုံးကို ႁခြင္းခ်က္မရွိအျပည့္အဝ႐ုပ္သိမ္းေပးရန္ ႏွင့္ အနာဂတ္တြင္ အေမရိကန္အေနျဖင့္ အီရန္၏ ျပည္တြင္းေရးႏွင့္ ေဒသတြင္း ကိစၥရပ္မ်ားတြင္ ထပ္မံစြက္ဖက္ျခင္း မျပဳႏိုင္ရန္ ဥပေဒအရ စည္းောင္မႈရွိေသာ ႏိုင္ငံတကာ အာမခံခ်က္မ်ား ရရွိရန္ စသည့္အခ်က္မ်ားကို ေတာင္းဆိုထားသည္။

Related news

© 2021. All rights reserved.