အီရန်က မလေးရှားသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာခွင့်ပြုခဲ့ဟု မလေးရှားဝန်ကြီးချုပ် ပြော

4106

Pika (NP News) - မတ်လ ၂၇
အီရန်၊ အီဂျစ်၊ တူရကီ နှင့် အခြားဒေသတွင်းနိုင်ငံများမှ ခေါင်းဆောင်များနှင့် စကားပြောဆိုမှုများ လုပ်ဆောင်ခဲ့ ပြီးနောက် မလေးရှားသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းသွားလာခွင့်ရရှိထားကြောင်း မလေးရှား ဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က ထုတ်ဖော်ပြောဆိုခဲ့သည်။
ထို့ပြင် မလေးရှားသင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှာ ဖြတ်သန်းသွားလာခွင့်ပြုသည့်အတွက် အီရန်သမ္မတ ကို ကျေးဇူးတင်ကြောင်း အန်ဝါအီဘရာဟင်က ပြောကြားခဲ့သည်။ အန်ဝါအီဘရာဟင်က “မလေးရှားရေနံတင် သင်္ဘောတွေနဲ့ပါဝင်ပတ်သက်တဲ့အလုပ်သမားတွေကို ဖြတ်သန်းခွင့်ပေးဖို့ ကျွန်တော်တို့လုပ်ဆောင်နေပါပြီ။ အဲဒါမှ သာ သူတို့အားလုံး အိမ်ပြန်ခရီးကို ဆက်လက်လုပ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
ထို့ပြင် အရှေ့အလယ်ပိုင်းဒေသတွင် ငြိမ်းချမ်းရေးကို အထောက်အကူပြုစေရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်း အဖြစ် အီရန်အပြင် အခြားနိုင်ငံများနှင့် ဆွေးနွေးမှုများလုပ်ဆောင်ခဲ့ကြောင်း အန်ဝါအီဘရာဟင် က ပြောကြားခဲ့ သည်။ အန်ဝါအီဘရာဟင်က “အီရန်က သူတို့အကြိမ်ကြိမ်လှည့်စားခံရတယ်လို့ထင်နေတာကြောင့် ၎င်းတို့နိုင်ငံ အတွက် ရှင်းလင်းပြတ်သားတဲ့လုံခြုံရေးအာမခံချက်တွေမရှိဘဲ ငြိမ်းချမ်းရေးဆီကို ဦးတည်တဲ့ခြေလှမ်းတွေကို လက်ခံလိုက်ဖို့ အီရန်ဘက်က ခက်ခဲနေတာပဲဖြစ်ပါတယ်” ဟု ပြောခဲ့သည်။
မလေးရှားအစိုးရသည် ရေနံဈေးနှုန်းဆိုင်ရာထောက်ပံ့မှုများကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်သော်လည်း လစဉ်ထောက်ပံ့ပေးထားသော လောင်စာဆီခွဲဝေမှုများကိုလျှော့ချခြင်း အပါအဝင် ထောက်ပံ့မှုဆိုင်ရာ ပြတ်တောက်မှုများ၏ အကျိုးသက်ရောက်မှုများကို အားနည်းစေရန် ခြေလှမ်းများလည်း လုပ်ဆောင်နေကြောင်း အန်ဝါအီဘရာဟင် က ပြောကြားခဲ့သည်။

Zawgyi Version;
အီရန္က မေလးရွားသေဘၤာမ်ားကို ေဟာ္မုဇ္ေရလက္ၾကားမွ ျဖတ္သန္းသြားလာခြင့္ျပဳခဲ့ဟု မေလးရွားဝန္ႀကီးခ်ဳပ္ ေျပာ
Pika (NP News) - မတ္လ ၂၇
အီရန္၊ အီဂ်စ္၊ တူရကီ ႏွင့္ အျခားေဒသတြင္းႏိုင္ငံမ်ားမွ ေခါင္းေဆာင္မ်ားႏွင့္ စကားေျပာဆိုမႈမ်ား လုပ္ေဆာင္ခဲ့ ၿပီးေနာက္ မေလးရွားသေဘၤာမ်ားကို ေဟာ္မုဇ္ေရလက္ၾကားမွ ျဖတ္သန္းသြားလာခြင့္ရရွိထားေၾကာင္း မေလးရွား ဝန္ႀကီးခ်ဳပ္အန္ဝါအီဘရာဟင္က ထုတ္ေဖာ္ေျပာဆိုခဲ့သည္။
ထို႔ျပင္ မေလးရွားသေဘၤာမ်ားကို ေဟာ္မုဇ္ေရလက္ၾကားမွာ ျဖတ္သန္းသြားလာခြင့္ျပဳသည့္အတြက္ အီရန္သမၼတ ကို ေက်းဇူးတင္ေၾကာင္း အန္ဝါအီဘရာဟင္က ေျပာၾကားခဲ့သည္။ အန္ဝါအီဘရာဟင္က “မေလးရွားေရနံတင္ သေဘၤာေတြနဲ႔ပါဝင္ပတ္သက္တဲ့အလုပ္သမားေတြကို ျဖတ္သန္းခြင့္ေပးဖို႔ ကြၽန္ေတာ္တို႔လုပ္ေဆာင္ေနပါၿပီ။ အဲဒါမွ သာ သူတို႔အားလုံး အိမ္ျပန္ခရီးကို ဆက္လက္လုပ္ေဆာင္ႏိုင္မွာပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
ထို႔ျပင္ အေရွ႕အလယ္ပိုင္းေဒသတြင္ ၿငိမ္းခ်မ္းေရးကို အေထာက္အကူျပဳေစရန္ ႀကိဳးပမ္းမႈ၏ တစ္စိတ္တစ္ပိုင္း အျဖစ္ အီရန္အျပင္ အျခားႏိုင္ငံမ်ားႏွင့္ ေဆြးေႏြးမႈမ်ားလုပ္ေဆာင္ခဲ့ေၾကာင္း အန္ဝါအီဘရာဟင္ က ေျပာၾကားခဲ့ သည္။ အန္ဝါအီဘရာဟင္က “အီရန္က သူတို႔အႀကိမ္ႀကိမ္လွည့္စားခံရတယ္လို႔ထင္ေနတာေၾကာင့္ ၎တို႔ႏိုင္ငံ အတြက္ ရွင္းလင္းျပတ္သားတဲ့လုံၿခဳံေရးအာမခံခ်က္ေတြမရွိဘဲ ၿငိမ္းခ်မ္းေရးဆီကို ဦးတည္တဲ့ေျခလွမ္းေတြကို လက္ခံလိုက္ဖို႔ အီရန္ဘက္က ခက္ခဲေနတာပဲျဖစ္ပါတယ္” ဟု ေျပာခဲ့သည္။
မေလးရွားအစိုးရသည္ ေရနံေဈးႏႈန္းဆိုင္ရာေထာက္ပံ့မႈမ်ားကို ဆက္လက္ထိန္းသိမ္းထားမည္ျဖစ္ေသာ္လည္း လစဥ္ေထာက္ပံ့ေပးထားေသာ ေလာင္စာဆီခြဲေဝမႈမ်ားကိုေလွ်ာ့ခ်ျခင္း အပါအဝင္ ေထာက္ပံ့မႈဆိုင္ရာ ျပတ္ေတာက္မႈမ်ား၏ အက်ိဳးသက္ေရာက္မႈမ်ားကို အားနည္းေစရန္ ေျခလွမ္းမ်ားလည္း လုပ္ေဆာင္ေနေၾကာင္း အန္ဝါအီဘရာဟင္ က ေျပာၾကားခဲ့သည္။