ကိုဗစ်ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံ၊ Chon Buri ပြည်နယ်ရှိ တိရိစ္ဆာန်ရုံမှ ဆင် ၁၁ ကောင်ကို ရောင်းချသွားတော့မည်

 401

ရောင်နီ ( NP News ) - မေ ၃ဝ
ထိုင်းနိုင်ငံ၊ Chon Buri ပြည်နယ်ရှိ Sriracha Tiger တိရစ္ဆာန်ရုံသည် ကိုဗစ် - ၁၉ တတိယလှိုင်းတွင် ခရီးသွားလာရေးနှင့် ဧည့်သည်ဝန်ဆောင်မှုလုပ်ငန်းများ အခက်အခဲနှင့် ရင်ဆိုင်ခဲ့ရပြီးနောက် တိရိစ္ဆာန် ရုံရှိ ဆင် ၁၁ ကောင်ကို ရောင်းချသွားတော့မည်ဖြစ်ကြောင်း ဘန်ကောက်ပို့စ်သတင်းဖော်ပြချက်အရသိရသည်။

Sriracha Tiger Facebook page တွင် ဆင်များ၏ဓာတ်ပုံနှင့်အတူ "ဒီ post ကို Share ပေးကြပါ၊ ကျွန် တော်တို့ ထောက်ပံ့ကျွေးမွေးခဲ့တဲ့ တိရိစ္ဆာန်များအတွက် အိမ်အသစ်ကို ကူညီရှာပေးကြပါ။ #Sriracha Tiger တိရိစ္ဆာန်ရုံဟာ Covid-19 အတွင်း ထိခိုက်နစ်နာမှုတွေကို ကုစားနိုင်ဖို့ ဆင်ဝယ်လက်များကို ရှာ ဖွေနေပါတယ်။ ဒီဆင်တွေကို ကျွန်တော်တို့ အရမ်းချစ်ပေမယ့် ရောင်းဖို့လိုအပ်တယ်။ ကျွန်တော်တို့ ဝမ်းနည်းရပေမယ့် အခြားသော လုပ်ဆောင်စရာတွေလည်း ရှိနေတယ်"ဟု ရေးသားထားသည်။

Sriracha Tiger website ၏ဖော်ပြချက်အရ တိရိစ္ဆာန်ရုံကို ဧပြီလ ၃ဝ ရက်ကစပြီး Covid-19 ပြန့်ပွား မှုကို တားဆီးရန်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ၁၄ ရက်ကြာပိတ်ထားခဲ့ရပြီး ခရီးသွားလုပ်ငန်း များ ကျဆင်းမှုများလာသည့်အခါ ထိခိုက်နစ်နာခဲ့သည့် တိရိစ္ဆာန်များတွင် ဆင်များလည်း ပါဝင်ကြောင်း သိရသည်။ သို့သော် အမျိုးသားဥယျာဉ်၊ တောရိုင်းတိရစ္ဆာန်နှင့် အပင်ထိန်းသိမ်းရေးဦးစီးဌာနမှ သတင်း ရင်းမြစ်တစ်ခုက ဆင်များသည် တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်ရေး အက်ဥပဒေအရအကာ အကွယ်ပေးထားသည့် တိရိစ္ဆာန်များဖြစ်ခြင်းကြောင့် တိရစ္ဆာန်ရုံ (သို့မဟုတ်) သုတေသနပြုခြင်းများမှအပ ရောင်းချခြင်းမပြုနိုင်ကြောင်း မွေးမြူမည်ဆိုပါက ပါမစ်လိုအပ်ကြောင်း ထိုင်း PBS မှ တင်ပြထားသည်။

Related news

© 2021. All rights reserved.