ကလေးများကို ကျောင်းအပ်ရန် MPT က သုံးစွဲသူများကို SMS ပို့နေ

 942

ဇွဲပြည့် (NPNews) မေ ၃၀
ကလေးများကို ကျောင်းအပ်ရန် မြန်မာဆက်သွယ်ရေးလုပ်ငန်း MPT က ယင်း၏ သုံးစွဲသူများထံသို့ SMS များပေးပို့နေသည်။

၂၀၂၁ - ၂၂ ပညာသင်နှစ်အတွက် - ၅နှစ်ကလေးများကို သူငယ်တန်း KG သို့၊ ၆ နှစ်ကလေး များကို Grade-1 သို့ အပ်နှံရန်၊ မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိကြောင်း၊ ကျောင်းသုံးပြဌာန်း စာအုပ်၊ ဗလာစာအုပ်၊ ဘောပင်/ခဲတံ၊ Mask ၊ Face Shield တို့ကို နိုင်ငံတော်မှ အခမဲ့ထောက်ပံ့ ကြောင်း၊ ကျောင်းသို့လာလျှင် Mask တပ်ခဲ့ရန်၊ ကျောင်းများတွင် လက်ဆေးဆပ်ပြာရည်ထားရှိရန် SMS ပေးပို့ထားခြင်းဖြစ်သည်။

စစ်ကောင်စီအနေဖြင့် အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ရန် စီစဉ်နေပြီး မေလ ၂၄ ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံနေသော်လည်း ကျောင်းသားမိဘ အများစုသည် နိုင်ငံရေးအခြေနေ မငြိမ်သက်မှု၊ ကိုဗစ်တတိယလှိုင်း အန္တရယ်စသည့် အချက်များကြောင့် ကျောင်းအပ်ကြခြင်းမရှိကြပေ။

Related news

© 2021. All rights reserved.