မြန်မာနိုင်ငံအပေါ် နိုင်ငံတကာရဲ့သဘောထားကွဲလွဲမှုများအကြား တရုတ် ကျေနပ်နေ (ဘာသာပြန်ဆောင်းပါး)
1006
ရောင်နီ (NP News) - ဇွန် ၂
မဟာဗျူဟာကျတဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီပြန်လည်ထူထောင်ဖို့ နိုင်ငံတကာမှ တောင်းဆိုမှုများတွင် အိမ်နီးချင်းနိုင်ငံများနဲ့ အနောက်နိုင်ငံများအကြား ကွဲပြားမှုကြီးမားစွာ ရှိနေသည်။
အိမ်နီးချင်းနိုင်ငံများက စစ်အစိုးရနှင့် အပြုသဘောဆောင်သည့် ဆက်ဆံမှုများ ရှိနေချိန်မှာ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့သည် စီးပွားရေးပိတ်ဆို့မှု ဗဟိုပြုချဉ်းကပ်မှုနှင့် မြန်မာနိုင်ငံကို ပယ်ထားရန် ကြိုးပမ်းခဲ့ကြသည်။ မြန်မာနိုင်ငံသည် ဆယ်စုနှစ်တစ်ခုခန့်ကြာ ဒီမိုကရေစီ ကူးပြောင်းရေး ဖော်ဆောင်ပြီးနောက် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် စစ်တပ်မှ အာဏာသိမ်းခဲ့ကာ ငြိမ်းချမ်းစွာ ဆန္ဒပြသူများအား လက်နက်သုံး ဖြိုခွဲခဲ့သည်။ ဆက်လက်ဖြစ်ပွားနေသော မငြိမ်သက်မှုများသည် နိုင်ငံရေးအတိုက်အခံများနှင့် သာမန်ဒုက္ခသည်များ အိမ်နီးချင်းနိုင်ငံများမှာ သွားရောက်ခိုလှုံရခြင်း အပါအဝင်အရေးကြီးသော အပြည်ပြည်ဆိုင်ရာအကျိုးဆက်များကို ဖြစ်ပေါ်စေခဲ့သည်။ နယ်စပ်ဖြတ်ကျော် ဝင်ရောက်ခြင်း၏ အကျိုးသက်ရောက်မှုများသည် အိမ်နီးချင်းနိုင်ငံများအနေနှင့် နိုင်ငံရေးအရ ပြန်လည်သင့်မြတ်ခြင်းမှတစ်ဆင့် မြန်မာပြည်တွင်းမငြိမ်သက်မှုများကို ဖြေရှင်းရန် မြန်မာစစ်အစိုးရအား တိုက်တွန်းခြင်းအပါအဝင် ရင်းနှီးတဲ့ဆက်ဆံမှုမျိုး မရှိမဖြစ်လိုအပ်သည်ကို ထောက်ပြနေသည်။ မြန်မာနိုင်ငံ၏ မြေယာနယ်နိမိတ်များသည် အလွန်သေးငယ်သောကြောင့် အိန္ဒိယနှင့်ထိုင်းနိုင်ငံရှိ နေထိုင်သူများနှင့် နယ်စပ်ဖြတ်ကျော် တိုင်းရင်းသားများ အပြန်အလှန်ချိတ်ဆက်မှုများရှိကာ နယ်စပ်ဖြတ်ကျော် ဝင်ရောက်မှုများ ရှိနေကြခြင်း ဖြစ်သည်။ နိုင်ငံတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သောင်းကျန်းသူ နှိမ်နင်းရေး ပူးပေါင်းဆောင်ရွက်မှုသည် မြန်မာနိုင်ငံကို ဝန်းရံနေသော အိမ်နီးချင်းနိုင်ငံများနှင့် ချိတ်ဆက်နေသည်။
အမေရိကန်ပြည်ထောင်စုသည် ၎င်း၏တောင်ပိုင်း အိမ်နီးချင်းမက္ကဆီကိုကို သီးခြားခွဲထုတ်ရန် ကြိုးပမ်းနေသည်။ အမှန်စင်စစ်အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်သည် သမ္မတရာထူးရပြီးကတည်းက အဓိကအားဖြင့် ဒီရေအလား အရှိန်ပြင်းစွာ ပေါ်ထွက်နေသည့် ဗဟိုအမေရိကန်ဒုက္ခသည်များနှင့် လက်ရှိနယ်စပ်ပြဿနာများကို ကိုင်တွယ်ရန် မက္ကဆီကို အစိုးရအပေါ် အားကိုးနေရသည်။ ထိုနည်းတူစွာပင် မြန်မာနိုင်ငံမှာ အာဏာသိမ်းချိန်မှ စ၍ မြန်မာနိုင်ငံမှ ဒုက္ခသည်များရောက်ရှိလာသည့်အခါတွင် မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများသည် ယူအက်စ်နှင့် ဥရောပသမဂ္ဂတို့ အိမ်နီးချင်း ဆက်ဆံရေးကဲ့သို့ မှီခိုမှုများ ရှိနေသည်။ သို့သော်လည်း ဘိုင်ဒင်အစိုးရသည် အိမ်နီးချင်းနိုင်ငံများနှင့် တိုင်ပင်ခြင်းမရှိဘဲ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ကင်ပိန်းစတင်ခဲ့သည်။ သံတမန်ရေးရာအမြင်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း အလွန်ဝေးကွာသည့် အနောက်နိုင်ငံများသည် ညှိနှိုင်းမှုပြုလုပ်ပြီး ကုန်သွယ်ရေးလမ်းကြောင်းများကို ပုံမှန်အတိုင်း ဖွင့်လှစ်ထားနိုင်ပေမယ့် ပယ်ထားခြင်း (Social Punishment) အပြစ်ပေးဒဏ်ခတ်ခြင်းကို မည်သည့်ဆက်ဆံမှုမှ မပါဝင်ဘဲ ပြုလုပ်ခဲ့သည်။ ဤအချက်အရ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာတွင် ဧပြီ ၂၄ ရက်က ပြုလုပ်ခဲ့သည့် အာဆီယံထိပ်သီးအစည်းအဝေးတွင် စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် မြန်မာနိုင်ငံအတွက် ပတ်သက်ပြီး ကြေငြာချက်မှာ အမေရိကန်ဦးဆောင်သည့် မြန်မာနိုင်ငံကို ပယ်ထားရန် အချက်ကို ငြင်းပယ်ခဲ့သည်။ ထိပ်သီးအစည်းအဝေးမှ ပေါ်ထွက်လာသော အချက် (၅) ချက်ပါ သဘောတူညီချက်အရ အာဆီယံသည် ယခုဖြစ်နေသည့် နိုင်ငံရေးပြဿနာကို ကြားဝင်ဖြေရှင်းပေးမည်ဟု ဆိုခဲ့သည်။
ဥပမာအားဖြင့် အာဆီယံသည် ထိုင်းနိုင်ငံတွင် ၂၀၁၄ ခုနှစ်က ဖြစ်ပွားနေသော နိုင်ငံရေး ပြဿနာကို ဖြေရှင်းရန်ပျက်ကွက်ခဲ့ပြီး ထိုအချိန်က အရက်ဖက်အစိုးရကို စစ်တပ်ကသိမ်းယူကာ တော်ဝင်မိသားစုကို စော်ကားသူများအား ထောင်သွင်းအကျဉ်းချခြင်း၊ ဒီမိုကရေစီလိုလားသည့် ဆန္ဒပြသူများအား နှိမ်နှင်းခြင်း စတဲ့ကြောက်ရွံ့ထိတ်လန့်ဖွယ် ဥပဒေများ ပြဌာန်းခဲ့သည်။ ယခုထိ ထိုင်းနိုင်ငံတွင် အာဏာသိမ်းအစိုးရ ဆက်လက်အာဏာတည်မြဲနေဆဲ ဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာ ပြောရလျှင် မြန်မာနွေဦးမှာ ပျက်စီးခဲ့သည့် ဒီမိုကရေစီသည် ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီကို မည်သို့ပိတ်ဆို့နေသည်ကို ဥပမာပြသည်။ ဒီမိုကရေစီနိုင်ငံများဧ။် တဖန်အာဏာရှင်စနစ်အောက် ရောက်ရှိလာခြင်းသည် အာဏာရှင်နှင့် ခရိုနီတို့၏ အုပ်ချုပ်မှုနှင့် အရင်းရှင်စနစ် ပေါင်းစပ်မှုကြောင့် ကြီးထွားလာနေသည့် ခြိမ်းခြောက်မှုကို မီးမောင်းထိုးပြနေသည်။ ယနေ့ အရှေ့တောင်အာရှနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့သည် မြောက်ပိုင်းအိမ်နီးချင်းတရုတ်ကဲ့သို့ အာဏာရှင်အုပ်ချုပ်မှုအောက်တွင် ရှိသည်။ စင်စစ်အားဖြင့် အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံအနက်မှ ၂ နိုင်ငံသာလျှင် တရားစီရင်ရေးလွတ်လပ်မှုနှင့် လွတ်လပ်သောသတင်းမီဒီယာများဖြင့် စစ်မှန်သောဒီမိုကရေစီနိုင်ငံများ ဖြစ်ကြသည်။ သို့တိုင် လွတ်လပ်ရေးရပြီးနောက်ပိုင်း ၇၃ နှစ်အနက် အနှစ် ၅၀ ကြာ စစ်အုပ်ချုပ်ရေးအောက် ရောက်ရှိခဲ့သော မြန်မာနိုင်ငံတွင် ယခုချိန်ထိ ဆက်လက်ဆန္ဒပြမှုများ ရှိနေခြင်းက ပြည်သူများ စစ်အုပ်ချုပ်ရေးခေတ်ဆီ ပြန်ရောက်ခြင်းကို လက်မခံလိုကြောင်း ပြသနေသည်။
သို့ပေမယ့် ၂၀၁၁ ခုနှစ်က တိုင်းပြည်ရဲ့ ဒီမိုကရေစီကူးပြောင်းရေးလမ်းစဉ်ကို ဆန္ဒအလျောက် စတင်ခဲ့သည့် စစ်တပ်သည်သာလျှင် မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြန်လည်ခေါ်ဆောင်နိုင်မည်ဖြစ်သည်။ ယင်းအပြင် စစ်တပ်သည် အနောက်နိုင်ငံများအပါအ ၀ င် အိမ်နီးချင်းနိုင်ငံများနှင့် ဗိုလ်ချုပ်များအကြား ဆက်သွယ်ရေး လမ်းကြောင်းကို ထိန်းသိမ်းထားနိုင်ရန် အလွန်အရေး ကြီးသည်။ ကမ္ဘာပေါ်တွင် ကွဲပြားတဲ့ လူမျိုးစု အများဆုံးနေထိုင်ရာ နိုင်ငံတစ်နိုင်ငံဖြစ်သည့် မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင် များအား တိုက်ခိုက်ဖြိုဖျက် နယ်မြေခွဲခြားခြင်းဖြင့် တိုင်းရင်းသားအားလုံး ပါဝင်သည့် အမျိုးသားရေးလက္ခဏာကို တည်ဆောက်ရန် ပျက်ကွက်ခြင်း သည် သယံဇာတပေါကြွယ်ဝသော တိုင်းပြည်၏ အလားအလာကို အဟန့်အတား ဖြစ်စေသည်။ သို့သော် အတိတ်က အတွေ့အကြုံများအရ မြန်မာနိုင်ငံအပေါ် တရုတ်၏အင်အား ရှိခြင်းသည် အပြန်အလှန်အားဖြင့် အမေရိကန်ရဲ့ ဆက်သွယ်ရေးကို နှေးကွေးသွားစေပြီး မြန်မာနိုင်ငံအပေါ် ပြင်းထန်သော ချဉ်းကပ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ တရုတ်သည် မြန်မာနိုင်ငံကို အိန္ဒိယသမုဒ္ဒရာ၏ မဟာဗျူဟာ တံခါးပေါက်အဖြစ် တန်ဖိုးထားသည်။ အိန္ဒိယကဲ့သို့ပင် မြန်မာနိုင်ငံသည် တရုတ်၏ လက်နက်များ နိုင်ငံတွင်း ပြောက်ကျားအုပ်စုများထံ စီးဆင်းမှုနှင့် ပတ်သက်၍ ကြာမြင့်စွာကတည်းက တိုင်တန်းမှု ပြုခဲ့ပေမယ့် အပြည်ပြည်ဆိုင်ရာ ဆက်ဆံမှုမှာ ရွေးချယ်စရာ မရှိခြင်းကြောင့် စစ်တပ်သည် တရုတ်အပေါ် သတိထားကာ မှီခိုနေရသည်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟွန်ဆန်က ယခုလအစောပိုင်းက Nikkei မီဒီယာ၏ အနာဂတ်၂၀၂၁ ကွန်ဖရင့်တွင် “ တရုတ်ကိုအားကိုးမထားဘူးဆိုရင် ဘယ်သူ့ကို အမှီပြုရမှာလဲ" ဟု ပြောဆို ခဲ့သည်။ ကမ္ဘောဒီးယားသည် နိုင်ငံတကာနှင့်သီးခြားဆန်တဲ့ ဆက်ဆံမှုကြောင့် စီးပွားရေးအရအားနည်းသောနိုင်ငံကို တရုတ်နိုင်ငံလက်ထဲအပ်ထားရသည်။ ၎င်းကို သတိပေးချက်အဖြစ် ယူဆနိုင်သည်။ အမေရိကန်သည် မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့မှု မူဝါဒအား ပြန်လည်ချိန်ညှိခြင်း မပြုပါက မြန်မာနိုင်ငံ သည်လည်း ကမ္ဘောဒီးယားကဲ့သို့ ဖြစ်လာနိုင်သည်။ မြန်မာနိုင်ငံအပေါ် ဆက်ဆံသည့် နိုင်ငံတကာဧ။် ကွဲပြားမှုများသည် အနောက်နိုင်ငံများနှင့် အာရှဧ။် ကွဲပြားမှုတွေကို မီးမောင်းထိုးပြနေသည်။
Nekkei Asia ၏ China subs its hands amid international divide over Myanmar ကို ဆီလျော်သလို ဘာသာပြန်ဆိုထားခြင်း ဖြစ်ပါသည်။