အီးယူက လာမည့်ရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင်များနှင့်စစ်တပ်အကျိုးစီးပွားဆက်နွယ်နေသည့်စီးပွားရေးလုပ်ငန်းများကို ထပ်မံပိတ်ဆို့မည်
494
ဂျန်ဇက် (NP News) - ဇွန် ၄
ဥရောပသမဂ္ဂ(အီးယူ)အနေဖြင့် လာမည့်ရက်ပိုင်းအတွင်း စစ်ကောင်စီအဖွဲ့ဝင်များနှင့် စစ်တပ်အကျိုး စီး ပွားဆက်နွယ်နေသည့် စီးပွားရေးလုပ်ငန်းများကို ထပ်မံပိတ်သွားမည်ဖြစ်ကြောင်း အီးယူ၏ နိုင်ငံရေးရာဌာနအကြီးအကဲ ဂျိုးဆပ်ဘော်ရယ်လ်က ပြောသည်။
အီးယူအကြီးအကဲသည် အရှေ့တောင်အာရှနိုင်ငံများက သံတမန်များနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ပိတ်ဆို့မှုအသစ်များထပ်မံချမှတ်မည့်အကြောင်းကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ အီးယူက အသစ်ချက်မည့်ပိတ်ဆို့မှုသည် အာဏာသိမ်းမှုဖြစ်ပွားခဲ့သည့်နောက်ပိုင်း မြန်မာနိုင်ငံအပေါ် တတိယအကြိမ်မြောက် လုပ်ဆောင်မည့် ပိတ်ဆို့မှုဖြစ်ကြောင်း သိရသည်။
အီးယူအကြီးအကဲက"လာမယ့်ရက်ပိုင်းအတွင်း တတိယအကြိမ်မြောက်ပိတ်ဆို့မှု ချမှတ်ဖို့ပြင်ဆင်နေ တယ်။ အသစ်ချမှတ်မယ့်ပိတ်ဆို့မှုအစီအစဉ်မှာ စစ်အစိုးရရတာဝန်ရှိသူတွေကိုပစ်မှတ်ထား ပိတ်ဆို့ တာမျိုးနဲ့ စစ်တပ်ရဲ့အကျိုးစီးပွားနဲ့ဆက်နွယ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့မှုချမှတ်မှာပါ" ဟု ပြောသည်။
အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း အီးယူသည် စစ်ကောင်စီနှင့်ဆက်နွယ်နေသည့် အရပ်သား များနှင့် စစ်ဘက်တာဝန်ရှိသူ ၂၁ဦးကို ခရီးသွားပိတ်ပင်ခြင်း၊ ပိုင်ဆိုင်မှုသိမ်းမည့် ပိတ်ဆို့မှုတွေချမှတ်ခဲ့ သည်။ အီးယူက ချမှတ်သည့်ပိတ်ဆို့မှုများအရ ဥရောပနိုင်ငံသားများနှင့်ကုမ္ပဏီများသည် ပိတ်ဆို့ခံ ထားရသူများ၊ ကုမ္ပဏီများ နှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ခြင်း၊ ငွေကြေးအကူအညီထောက်ပံ့ခြင်းများ လုပ်ဆောင်၍မရကြောင်းသိရသည်။ ဧပြီလတွင် အီးယူက နောက်ဆုံးချမှတ်သည့် ပိတ်ဆို့မှုသည် စစ်တပ်ပိုင်စီးပွားရေးလုပ်ငန်းများဖြစ်သည့် Myanma Economic Holdings Limited (MEHL) နှင့် Myanmar Economic Corporation (MEC) တို့ဖြစ်ပြီး ဥရောပရင်းနှီးမြှုပ်နှံသူများနှင့်ဘဏ်များအား အဆိုပါလုပ်ငန်းများနှင့် စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရန် တားဆီးပိတ်ပင်ခဲ့သည်။
အီးယူအဖွဲ့အကြီးအကဲဘော်ရယ်လ်က ဖိနှိပ်မှုများကို အဆုံးသတ်ရန် နှင့် နိုင်ငံရေးအခြေနေပုံမှန်အ တိုင်းပြန်ရအောင် လုပ်ဆောင်ရန်တိုက်တွန်းထားပြီး အာဆီယံအဖွဲ့ကြီးအနေဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီပြန်လည်ရရှိရေး၊ တည်ငြိမ်အေးချမ်းမှုပြန်လည်ရရှိရေး ကြိုးပမ်းရန် တောင်းဆိုထား သည်။
#NPNews