ယခု ပညာသင်နှစ်တွင် အခြေခံပညာကျောင်းများတွင် ကျောင်းလာအပ်သူ ၃၀ ရာခိုင်နှုန်းခန့်သာရှိ

 628

ဇွဲပြည့် (NPNews) - ဇွန် ၄

၂၀၂၁ - ၂၀၂၂ ပညာသင်နှစ်တွင်အခြေခံပညာကျောင်းများ၌ ကျောင်းလာအပ်သူ ဦးရေ ၃၀ ရာခိုင်နှုန်းခန့်သာရှိကြောင်း စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဇွန်လ ၄ ရက်တွင် အသိပေးပြောကြားသည်။

မေလ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ် လက်ခံခဲ့ခြင်းဖြစ်ပြီး အခြေခံပညာကျောင်း များတွင် ကျောင်းအပ်သူဦးရေမှာ ၃၀၄၁၈၄၂ ဦး (၂၉ ဒသာမ ၃၃ ရာခိုင်နှုန်း)၊ ကိုယ်ပိုင်ကျောင်းတွင် ကျောင်းအပ်သူဦးရေမှာ ၁၁၃၇၁ ဦး (၅ ဒသာမ ၄၁ ရာခိုင်နှုန်း)၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်း တွင် ကျောင်းအပ်သူဦးရေ ၆၃၉၃၅ ဦး ( ၁၆ ဒသာမ ၃၄ ရာခိုင်နှုန်း) ရှိခဲ့ပြီး ကျောင်းအပ်ဆက်လက် လက်ခံနေသည်ဟုဆိုသည်။

စစ်ကောင်စီအနေဖြင့် အခြေခံပညာ ကျောင်းများကို ဖွင့်လှစ်ရန် မေလ ၂၄ ရက်မှ စတင်ကာ ကျောင်းအပ်လက်ခံခဲ့ခြင်းဖြစ်ပြီး ကျောင်းသားမိဘ အများစုသည် နိုင်ငံရေးအခြေနေ မငြိမ်သက်မှု၊ ကိုဗစ်တတိယလှိုင်း အန္တရယ်စသည့် အချက်များကြောင့် ကျောင်းလာရောက်အပ်နှံသူ ကျောင်းသား ဦးရေ နည်းပါးခဲ့ခြင်းဖြစ်ပြီး ကျောင်း လာရောက်အပ်နှံသူ ကျောင်းသား/သူများထဲတွင် အများစုသည် တပ်၊ ရဲ နှင့် CDM မလုပ်ထားသော ဝန်ထမ်းများ၏ သားသမီးများသာ ဖြစ်သည်ဟု သိရသည်။

Related news

© 2021. All rights reserved.