ဂီတအစည်းအရုံး(ဗဟို) ဥက္ကဋ္ဌ ကိုင်ဇာ နှင့် နာယက ဟင်္သာတမြင့်ငွေတို့ ရာထူးမှ နုတ်ထွက်
664
အိဖြူ (NP News)- ဇွန် ၄
စစ်ကောင်စီလက်ထက်တွင် အသစ်ပြန်လည်ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)၏ ယာယီအမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ ရာထူးပေးအပ်ခြင်းခံခဲ့ရသည့် တေးရေး/တေးဆို ကိုင်ဇာ နှင့် နာယ က ဟင်္သာတမြင့်ငွေတို့သည် အဆိုပါရာထူးကို လက်ခံခြင်းမရှိဘဲ နုတ်ထွက်ခဲ့ကြသည်။
ကိုင်ဇာ နှင့် ဂီတစာဆို ဟင်္သာတမြင့်ငွေတို့သည် ၎င်းတို့အနေဖြင့် ကျန်းမာရေးအခြေအနေကြောင့် ဂီတ အစည်းအရုံး(ဗဟို) ကပေးအပ်သည့် တာဝန်ကို လက်ခံနိုင်ခြင်းမရှိသည့်အပြင် ယခုခန့်အပ်မှုကိုလည်း ကြိုတင်မသိခဲ့ကြောင်း အသိပေးဖော်ပြခဲ့ကြသည်။
“ကျွန်တော် တေးသံရှင် ကိုင်ဇာအား မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) ယာယီအမှုဆောင်အဖွဲ့တွင် ဥက္ကဋ္ဌ တာဝန်ဆောင်ရွက်ရန် ပေးအပ်ခဲ့သော်လည်း ကျွန်တော်၏ ကျန်းမာရေးအခြေအနေကြောင့် တာ ဝန်ယူနိုင်ခြင်းမရှိပါခင်ဗျာ။ ထို့ကြောင့် နုတ်ထွက်ခွင့်ပြုပါရန် တင်ပြအပ်ပါသည်” ဟု ကိုင်ဇာက ဂီတအ စည်းအရုံး(ဗဟို) သို့ ပေးပို့ခဲ့ကြောင်းသိရသည်။
ထို့ပြင် တေးသံရှင် မနော၊ တေးရေး/ဆို ဝေကြီး၊ ညီမင်းခိုင် တို့သည်လည်း ဂီတအစည်းအရုံး အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။ စစ်ကောင်စီလက်ထက် မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို) အမှုဆောင် အဖွဲ့ယာယီဖွဲ့စည်းရာတွင် တာဝန်ပေးအပ်ခံရသော ဂီတပညာရှင်များ၊ တေးသံရှင်များသည် ၎င်းတို့အနေဖြင့် ကြိုတင်သိထားခြင်း မရှိခဲ့ကြဘဲ အမိန့်စာထွက်လာမှသာ သိခဲ့ကြခြင်းဖြစ်ကြောင်း ယင်းတို့၏ လူမှုကွန်ရက်များတွင် ပြန်လည်ဖြေရှင်းခဲ့ကြသည်။
#NPNews