နိုင်ငံရေးပါတီများအား ပြန်လည်စီစစ်ပေးရန် UEC က ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့ခြင်းမှန်ကန်ကြောင်း စစ်ကောင်စီအတည်ပြု

472

ဟိန်း (NP News) - ဇွန် ၄
UEC က နိုင်ငံရေးပါတီများအား ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးရန် ပြည်ထဲရေးဝန်ကြီးဌာနသို့ အကြောင်းကြားစာပေးပို့ခြင်းမှာမှန်ကန်ကြောင်း စစ်ကောင်စီမှ ဇွန်လ ၄ ရက်နေ့တွင် အတည်ပြုပြောကြားသည်။
ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံသို့ နိုင်ငံရေးပါတီများအား ဥပဒေပါ ပြဋ္ဌာန်းချက်များကို လိုက်နာခြင်း ရှိ/မရှိ စီစစ်ပေးရန် အကြောင်းကြားစာကို UEC က မေလ ၂၄ ရက်တွင် ပေးပို့ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
UEC ၏ အကြောင်းကြားစာနှင့် ပတ်သက်၍ “ UEC က ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီးထံလိမ်မူပြီး နိုင်ငံရေးပါတီများအား စီစစ်ပေးရန်ဆိုတဲ့ အကြောင်းကြားစာကို မေလ ၂၄ ရက်က ပေးပို့ထားတာဟုတ်ပါတယ်။ နိုင်ငံရေးပါတီအားလုံးကိုလည်း မိတ္တူပေးပို့ထားတာပါ။ ဒါကြောင့် ဒီစာကမှန်ပါတယ် ” နစက သတင်းမှန်ပြန်ကြားရေးတာဝန်ရှိသူတစ်ဦးမှ အတည်ပြုပြောသည်။
UEC သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေနှင့်အညီ နိုင်ငံရေးပါတီ (၉၃)ပါတီအား မှတ်ပုံ တင်ခွင့်ပြုခဲ့သည်။ သို့သော် စစ်ကောင်စီကခန့်အပ်ထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မ ရှင် ဥက္ကဋ္ဌက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ ဖျက်သိမ်းရေးနှင့် ခေါင်းဆောင်များကို နိုင်ငံတော်သစ္စာ ဖောက်မှုနှင့်အရေးယူရန် စဉ်းစားဆောင်ရွက်မည်ဖြစ်ကြောင်း ပါတီများနှင့်တွေ့ ဆုံစဉ်ကပြောကြားခဲ့ဖူးသည်။
နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် နိုင်ငံတော်အား လက်နက်ကိုင် ဆန့်ကျင်နေ သည့် သောင်းကျန်းသူအဖွဲ့အစည်းနှင့် ပုဂ္ဂိုလ်များ (သို့မဟုတ်) မတရားအသင်းအဖြစ် ကြေညာခံထား ရသော အဖွဲ့အစည်း (သို့မဟုတ်) ယင်းအဖွဲ့အစည်းဝင်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ဆက်သွယ်ခြင်း (သို့မဟုတ်) အားပေးကူညီခြင်းတို့နှင့် ငြိစွန်းပါက နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ် တည်ပိုင်ခွင့်မရှိကြောင်း ပြဋ္ဌာန်းထားသည်။
#NPNews