အိန္ဒိယနယ်စစ်တွင် Covid-19ကူးစက်မှုပြန်ဖြစ်ပွားပြီးနောက်မြန်မာနိုင်ငံမှာကူးစက်မှုနှုန်းပြန်မြင့်တက်နေ

 451

ဂျန်ဇက် (NPNews) ဇွန် ၅
အိန္ဒိယ - မြန်မာနယ်စပ်အနီးတွင် တစ်ကျော့ပြန်ဖြစ်ပွားလာသည့် Covide 19 ကူးစက်မှုများ ကြောင့် မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု ပြန်မြင့်တက်လာကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီ ၁ ရက်က စစ်တပ်အာဏာသိမ်းမှုဖြစ်ပွားခဲပြီးနောက် COVID-19 ရှိမရှိ စမ်းသပ်စစ်ဆေးမှု မရှိသည့်အပြင်ကျန်းမာရေးဝန်ဆောင်မှုအပြည့်မရသည့်အတွက် COVID-19 ကူးစက်ခံရမှုများ မြင့်တက်လာခဲ့ကြောင်း ရိုက်တာသတင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ဇွန်လ ၄ ရက်က COVID-19 ကူးစက်ခံရသူ တစ်ရက်တည်းတွင် ၂၁၂ ဦးရှိခဲ့ရာ အဆိုပါအရေအတွက်သည် အိမ်နီးချင်းနိုင်ငံများနှင့်နှိုင်းယှဉ်မည်ဆိုလျှင် နည်းပါးသော်လည်း မြန်မာနိုင်ငံတွင် လေးလအတွင်း တစ်ရက်တည်း ကူးစက်ခံရမှုအမြင့်ဆုံးအရေအတွက်ဖြစ်ခဲ့ရသည်။ ကူးစက်ခံရသူအများစုသည် အိန္ဒိယနှင့် နယ်နမိတ်ချင်း ထိစပ်နေသည့် ချင်းပြည်နယ်က ဖြစ်ပြီး စိုးရိမ်မှုမြင့်တက်လျက်ရှိနေသည်။

အိန္ဒိယနယ်စပ်က ၁၃ မိုင်အကွာရှိ တွန်းဇံမြို့ရှိ ဇိုမီး ပြုစုစောင့်ရှောက်ရေးအကူညီပေးရေးအဖွဲ့မှ လန်ကန်ခိုင်က "မနေနေ့က တစ်ရက်တည်းသုံးဦးသေဆုံးခဲ့တယ်။ လူတွေဟာစိုးရိမ်ကြောက်ရွှံ့ပြီးထွက်ပြေးနေတယ်" ဟု ပြောသည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်ခံရသူအရေအတွက်သည် ဇွန်လ ၄ ရက်တွင် ၁၁ရာခိုင်နှုန်းအထိမြင့်တက်ခဲ့ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် CDMလှုပ်ရှားမှုတွင် ပါဝင်နေသည့် အတွက် COVID-19 စမ်းသပ်စစ်ဆေးမှု အဆင်မပြေဖြစ် နေကြောင်း၊COVID-19 ကူးစက်ခံရမှု ရှိမရှိဆိုသည်ကို တစ်ရက် ၁၅ဝဝ ဦးသာစမ်းသပ်စစ်ဆေးနိုင်ပြီး အာဏာသိမ်းမှုမဖြစ်ပွားခင်က တစ်ရက်လျင် ၁၇ဝဝဝ နှုန်းဖြင့် စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း၊ ချင်းပြည်နယ်တွင် COVID - 19 ကူးစက်ခံရမှုနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနကို ဆက်သွယ်မေးမြန်း၍ မရခဲ့ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
#NPNews

Related news

© 2021. All rights reserved.