အမေရိကန်တွင် ကိုဗစ်ကူးစက်မှုကြောင့် သေဆုံးသူ ၆သိန်းကျော်သွား

558

ရောင်နီ (NP News) - ဇွန် ၁၅
အမေရိကန်သည် အနည်းဆုံးကာကွယ်ဆေး တစ်ကြိမ်ထိုးနှံထားပြီး လူဦးရေ သန်း ၁၆ဝ ကို ဇူလိုင်လတွင် အပြည့် အဝကာကွယ်ဆေးထိုးပေးရန် ရည်မှန်းထားသည့်အကြား ဗိုင်းရပ်စ်ကူးစက်သေဆုံးသူ ၆ သိန်း ကျော်လွန်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အမေရိကန်တွင် ကာကွယ်ဆေးဖြန့်ချီမှုနှောင့်နှေးနေခြင်းသည် နိုင်ငံအတွင်းရှိ Covid – 19 သေဆုံးမှုအပေါ် ကြီးမားစွာ အကျိုးသက်ရောက်ခဲ့ကြောင်းသိရသည်။ တစ်ပတ်အတွင်း သေဆုံးမှုနှုန်းများသည် ဇန်နဝါရီလက အမြင့်ဆုံးရောက်ခဲ့သော်လည်း မေလတွင် ဇန်နဝါရီလထက် သေဆုံးမှု ၈၁ ရာခိုင်နှုန်းလျော့နည်းခဲ့ကြောင်းသိရသည်။
ကမ္ဘာတစ်ဝန်း ဗိုင်းရပ်စ်ကူးစက်မှုဗဟိုချက်သည် မကြာသေးမီလများအတွင်း ဘရာဇီး နှင့် အိန္ဒိယစသည့်နေရာများကို ပြောင်းရွှေ့သွားခဲ့သော်လည်း အမေရိကန်ပြည်ထောင်စုသည် သေဆုံးမှု အဆိုးရွားဆုံးနိုင်ငံဖြစ်နေဆဲဖြစ် ကြောင်းသိရသည်။ ကာကွယ်ဆေးထိုးနှံမှုများကြောင့် ဧပြီလက တစ်ဟုန်ထိုးမြင့်တက်ခဲ့သည့် Covid - 19 ဆေးရုံတက်ကုသမှုအရေအတွက်ကျဆင်းခဲ့ပြီး ဇွန်လ ၂ ရက်တွင် ဆေးရုံတက်လူနာအရေအတွက် ၂ဝဝဝဝ အောက်ကို ကျဆင်းခဲ့ကြောင်းသိရသည်။
ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့မှု ပိုမိုလွယ်ကူစွာ စတင်ပျံ့နှံ့လာသည်နှင့်အမျှ ဆယ်ကျော်သက်များအကြား ဗိုင်းရပ်စ်ကူးစက်မှုကြောင့် ဆေးရုံတက်ရသူ ပိုမိုများပြားလာခဲ့ကြောင်း CDC ၏ အချက်အလက်များအရသိရသည်။ ယေဘုယျအားဖြင့် အမေရိကန်၏ Covid – 19 ကူးစက်ဖြစ်ပွားမှုအသစ်များသည် မတ်လကတည်းက ကျဆင်းနေခဲ့ပြီး မေလတွင် တစ်ဦးချင်းကူးစက်မှု အနည်းဆုံးဖြစ်လာကြောင်း သိရသည်။
#NPNews