မက္ကဆီကိုနိုင်ငံ မြောက်ပိုင်းပြည်နယ်မှာ New World သံပြားကောင် ကူးစက်မှုတွေ့ရှိ

 52

ရောင်နီ (NP News) - စက်တင်ဘာ ၂၃
အမေရိကန်-မက္ကဆီကိုနယ်စပ်မှ မိုင် ၇၀ (၁၁၃ ကီလိုမီတာ) အကွာရှိ နျူဘိုလီယွန်ပြည်နယ်၊ ဆာဘီနက်စ် ဟီဒယ်လ်ဂိုမြို့မှာ New World သံပြားကောင် ကူးစက်မှု ပထမဆုံး တွေ့ရှိ အတည်ပြုခဲ့တယ်လို့ မက္ကဆီကိုနိုင်ငံရဲ့ ကျန်းမာရေး၊ ဘေးကင်းရေးနဲ့ အရည်အသွေးဆိုင်ရာ အမျိုးသားဝန်ဆောင်မှု(USDA) က တနင်္ဂနွေနေ့(စက်တင်ဘာ ၂၁ ရက်)က အတည်ပြုခဲ့ပါတယ်။
"USDA အနေနဲ့ နျူဘိုလီယွန် မှာ မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ကိစ္စနဲ့ပတ်သက်တဲ့အချက်အလက်အသစ် အားလုံးကို ခွဲခြမ်းစိတ်ဖြာပြီး လိုအပ်ရင် လိုအပ်သလို ကိုင်တွယ်ဖြေရှင်းမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်" လို့ USDA က ပြောကြားပါတယ်။ New World ကပ်ပါးကောင်ဟာ ဗဟိုအမေရိကနဲ့ မက္ကဆီကိုတောင်ပိုင်းက တိရိစ္ဆာန် တွေမှာ ကူးစက်မှုဖြစ်ပွားနေတဲ့ရောဂါအသစ်တစ်ခုဖြစ်ပြီး အမေရိကန် နွားမွေးမြူရေးလုပ်ငန်းကိုလည်း အထူး သတိပေးချက်တွေ ထုတ်ပြန်ထားတယ်ရလို့ သိရပါတယ်။ အဆိုပါရောဂါဖြစ်ပွားမှုကြောင့် အမေရိကန်အစိုးရဟာ မေလကတည်းက နယ်စပ်အများစုကို မက္ကဆီကန် နွားတင်သွင်းမှု ပိတ်ထားဖို့ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်မှာတော့ New World သံပြားကောင် ပိုးကူးစက်ခံရမှု ဟာ လယ်ယာကဏ္ဍအတွက် အန္တရာယ် မရှိသေးဘူးလို့ အမေရိကန် စိုက်ပျိုးရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ဩဂုတ်လက ပြောကြားခဲ့ဖူးပါတယ်။

Zawgyi Version:
မကၠဆီကိုႏိုင္ငံ ေျမာက္ပိုင္းျပည္နယ္မွာ New World သံျပားေကာင္ ကူးစက္မႈေတြ႕ရွိ
ေရာင္နီ (NP News) - စက္တင္ဘာ ၂၃
အေမရိကန္-မကၠဆီကိုနယ္စပ္မွ မိုင္ ၇၀ (၁၁၃ ကီလိုမီတာ) အကြာရွိ န်ဴဘိုလီယြန္ျပည္နယ္၊ ဆာဘီနက္စ္ ဟီဒယ္လ္ဂိုၿမိဳ႕မွာ New World သံျပားေကာင္ ကူးစက္မႈ ပထမဆုံး ေတြ႕ရွိ အတည္ျပဳခဲ့တယ္လို႔ မကၠဆီကိုႏိုင္ငံရဲ႕ က်န္းမာေရး၊ ေဘးကင္းေရးနဲ႔ အရည္အေသြးဆိုင္ရာ အမ်ိဳးသားဝန္ေဆာင္မႈ(USDA) က တနဂၤေႏြေန႔(စက္တင္ဘာ ၂၁ ရက္)က အတည္ျပဳခဲ့ပါတယ္။
"USDA အေနနဲ႔ န်ဴဘိုလီယြန္ မွာ မၾကာေသးခင္က ျဖစ္ပြားခဲ့တဲ့ကိစၥနဲ႔ပတ္သက္တဲ့အခ်က္အလက္အသစ္ အားလုံးကို ခြဲျခမ္းစိတ္ျဖာၿပီး လိုအပ္ရင္ လိုအပ္သလို ကိုင္တြယ္ေျဖရွင္းမႈေတြ ဆက္လက္လုပ္ေဆာင္သြားမယ္" လို႔ USDA က ေျပာၾကားပါတယ္။ New World ကပ္ပါးေကာင္ဟာ ဗဟိုအေမရိကနဲ႔ မကၠဆီကိုေတာင္ပိုင္းက တိရိစာၦန္ ေတြမွာ ကူးစက္မႈျဖစ္ပြားေနတဲ့ေရာဂါအသစ္တစ္ခုျဖစ္ၿပီး အေမရိကန္ ႏြားေမြးျမဴေရးလုပ္ငန္းကိုလည္း အထူး သတိေပးခ်က္ေတြ ထုတ္ျပန္ထားတယ္ရလို႔ သိရပါတယ္။ အဆိုပါေရာဂါျဖစ္ပြားမႈေၾကာင့္ အေမရိကန္အစိုးရဟာ ေမလကတည္းက နယ္စပ္အမ်ားစုကို မကၠဆီကန္ ႏြားတင္သြင္းမႈ ပိတ္ထားဖို႔ ေတာင္းဆိုခဲ့ပါတယ္။
အေမရိကန္မွာေတာ့ New World သံျပားေကာင္ ပိုးကူးစက္ခံရမႈ ဟာ လယ္ယာက႑အတြက္ အႏၲရာယ္ မရွိေသးဘူးလို႔ အေမရိကန္ စိုက္ပ်ိဳးေရးဌာနမွ တာဝန္ရွိသူတစ္ဦးက ဩဂုတ္လက ေျပာၾကားခဲ့ဖူးပါတယ္။

Related news

© 2021. All rights reserved.