မလေးရှားကျန်းမာရေးဝန်ကြီးဌာနက ၂ဝ၂၆ ခုနှစ် နှစ်လယ်မှာ Vape သောက်သုံးမှုတားမြစ်ဖို့ တားဂတ်ထား

80

ရောင်နီ(NP News) - စက်တင်ဘာ ၂၆
မလေးရှားကျန်းမာရေးဝန်ကြီးဌာနဟာ လာမယ့် ၂ဝ၂၆ ခုနှစ် နှစ်လယ်ပိုင်းမှာ အီး စီးကရက်စ် - vape ထုတ်ကုန်တွေ တားမြစ်ဖို့ ကတိကဝတ်ပြုထားတယ်လို့ ကျန်းမာရေးဝန်ကြီးချုပ် ဒေါက်တာ ဒက်လ်ကီဖလိုင်း အာမက် က ပြောကြားပါတယ်။
အဆိုပါကိစ္စနဲ့ပတ်သက်ပြီး ဝန်ကြီးဌာနက အဆင့်လိုက် ချဉ်းကပ်ဆောင်ရွက်နေပြီး ဝန်ကြီးဌာနရဲ့ Datuk Seri Dzulkelfy ကျွမ်းကျင်ကော်မတီက vape ထုတ်ကုန်တွေ တားမြစ်ခြင်းဆိုင်ရာ အကြံပြုချက်တွေကို ပံ့ပိုးပေးထားတယ်လို့ ပြောကြားပါတယ်။
"ကျွမ်းကျင်ကော်မတီက ဒီကိစ္စကို အသေးစိတ် စစ်ဆေးနေပါတယ်။ စာချွန်လွှာ ရေးထိုးတဲ့အခါမှာ အကြံပြုချက် အားလုံးကို တင်ပြမှာပါ” လို့ ဒက်လ်ကီဖလိုင်းက ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနဟာ vape တားမြစ်ရေး ဆိုင်ရာ အဆိုပြုချက် ကက်ဘိနက်စာချွန်လွှာကို အပြီးသတ် လုပ်ဆောင်နေပြီး ကက်ဘိနက်အဆင့် ဆွေးနွေးမှု မပြီးမချင်း အသေးစိတ်အချက်အလက်များ ထုတ်ဖော်ပြောကြားနိုင်ခြင်း မရှိသေးဘူးလို့ ဒေါက်တာ ဒက်လ်ကီဖလိုင်းက စက်တင်ဘာ ၁၁ ရက်မှာ ဆိုပါတယ်။
နောက်ဆုံးအချိန်ဇယားဟာ အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်ပေါ် မူတည်တယ်လို့ဆိုပေမယ့် ဝန်ကြီးဌာနကတော့ ၂၀၂၆ ခုနှစ် နှစ်လယ်ပိုင်းကို နောက်ဆုံးထားကာ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။

Zawgyi Version:
မေလးရွားက်န္းမာေရးဝန္ႀကီးဌာနက ၂ဝ၂၆ ခုႏွစ္ ႏွစ္လယ္မွာ Vape ေသာက္သုံးမႈတားျမစ္ဖို႔ တားဂတ္ထား
ေရာင္နီ(NP News) - စက္တင္ဘာ ၂၆
မေလးရွားက်န္းမာေရးဝန္ႀကီးဌာနဟာ လာမယ့္ ၂ဝ၂၆ ခုႏွစ္ ႏွစ္လယ္ပိုင္းမွာ အီး စီးကရက္စ္ - vape ထုတ္ကုန္ေတြ တားျမစ္ဖို႔ ကတိကဝတ္ျပဳထားတယ္လို႔ က်န္းမာေရးဝန္ႀကီးခ်ဳပ္ ေဒါက္တာ ဒက္လ္ကီဖလိုင္း အာမက္ က ေျပာၾကားပါတယ္။
အဆိုပါကိစၥနဲ႔ပတ္သက္ၿပီး ဝန္ႀကီးဌာနက အဆင့္လိုက္ ခ်ဥ္းကပ္ေဆာင္႐ြက္ေနၿပီး ဝန္ႀကီးဌာနရဲ႕ Datuk Seri Dzulkelfy ကြၽမ္းက်င္ေကာ္မတီက vape ထုတ္ကုန္ေတြ တားျမစ္ျခင္းဆိုင္ရာ အႀကံျပဳခ်က္ေတြကို ပံ့ပိုးေပးထားတယ္လို႔ ေျပာၾကားပါတယ္။
"ကြၽမ္းက်င္ေကာ္မတီက ဒီကိစၥကို အေသးစိတ္ စစ္ေဆးေနပါတယ္။ စာခြၽန္လႊာ ေရးထိုးတဲ့အခါမွာ အႀကံျပဳခ်က္ အားလုံးကို တင္ျပမွာပါ” လို႔ ဒက္လ္ကီဖလိုင္းက ဆိုပါတယ္။ က်န္းမာေရးဝန္ႀကီးဌာနဟာ vape တားျမစ္ေရး ဆိုင္ရာ အဆိုျပဳခ်က္ ကက္ဘိနက္စာခြၽန္လႊာကို အၿပီးသတ္ လုပ္ေဆာင္ေနၿပီး ကက္ဘိနက္အဆင့္ ေဆြးေႏြးမႈ မၿပီးမခ်င္း အေသးစိတ္အခ်က္အလက္မ်ား ထုတ္ေဖာ္ေျပာၾကားႏိုင္ျခင္း မရွိေသးဘူးလို႔ ေဒါက္တာ ဒက္လ္ကီဖလိုင္းက စက္တင္ဘာ ၁၁ ရက္မွာ ဆိုပါတယ္။
ေနာက္ဆုံးအခ်ိန္ဇယားဟာ အစိုးရအဖြဲ႕ရဲ႕ခြင့္ျပဳခ်က္ေပၚ မူတည္တယ္လို႔ဆိုေပမယ့္ ဝန္ႀကီးဌာနကေတာ့ ၂၀၂၆ ခုႏွစ္ ႏွစ္လယ္ပိုင္းကို ေနာက္ဆုံးထားကာ ဆက္လက္လုပ္ေဆာင္သြားမယ္လို႔ ဆိုပါတယ္။