စတုတ္ထအကြိမ်မြောက် ခြေတုလက်တုတပ်ဆင်‌ရေးစခန်းတွင် လူ(၆၀၀)ကျော်ကို အခမဲ့ခြေတု တပ်ဆင်ပေးမည်

 125

စော(NP News)- အောက်တိုဘာ ၂
စတုတ္ထအကြိမ်မြောက် ခြေတုလက်တုတပ်ဆင်ရေးစခန်းတွင် လူ(၆၀၀)ကျော်ကို အခမဲ့ ခြေတု တပ်ဆင်ပေးသွားမည်ဖြစ်ရာ ဖွင့်ပွဲ အခမ်းအနားကို ယနေ့ (အောက်တိုဘာလ ၂ရက်)တွင် ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်၊ ပုလဲရတနာလမ်းရှိ ပိဋကတ်သုံးပုံနိကယ်စာသင်တိုက်၌ ကျင်းပခဲ့ ကြောင်း သိရသည်။
အဆိုပါအခမ်းအနားကို အိန္ဒိယနိုင်ငံသံရုံး၊ ရန်ကုန်မြို့သည် အိန္ဒိယနိုင်ငံ Jaipur မြို့ရှိ JAIPUR FOOT (Bhagwan Mahaveer Viklang Sahayata Samaiti)နှင့် ဦးနု၊ ဒေါ်မြရီဖောင်ဒေးရှင်းတို့နှင့် ပူးပေါင်းကာ မဟတ္တမဂန္ဒီကြီး ၏ မွေးနေ့ အထိမ်းအမှတ်နေ့တွင် ကျင်းပခြင်းဖြစ်‌ကြောင်း
သိရသည်။
"ကျွန်မတို့ ဦးနု၊ဒေါ်မြရီ ဖောင်ဒေးရှင်းအနေနဲ့ စတုထ္ထအကြိမ်မြောက် ခြေတုလက်တုတပ်ဆင်ရေးစခန်းကိုဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ကျွန်မ‌အနေနဲ့ဦးနု၊ဒေါ်မြရီ ဖောင်ဒေးရှင်းကို (၂၀၁၅)ခုနှစ်၊ ဩဂုတ်လ ၆ရက်နေ့မှာ စတင်ဖွဲ့စည်းခဲ့ပါတယ်။ဖွဲ့စည်းပြီးတာနဲ့ အိန္ဒိယနိုင်ငံ Jaipur မြို့မှာရှိတဲ့ ခြေတုတပ်ဆင်ရေးအဖွဲ့ဆီဆက်သွယ်ပြီး အိန္ဒိယနိုင်ငံတော်အစိုးရရဲ့ သဘောထားရယူရပါတယ်။ခြေတုတပ်ဆင်ရေးလုပ်ငန်းကျွန်မတို့ဖောင်ဒေးရှင်းပူးပေါင်းဆောင်ရွက်ဖို့အပြန်အလှန်ဆက်သွယ်ရပါတယ်။ ၂၀၁၇ခုနှစ်မှာ သဘောတူညီမှုရရှိခဲ့ပါတယ်"ဟု UNDMYFတည်‌ထောင်သူ ဒေါ်သန်းသန်းနု ကပြောသည်။
ယခု စတုတ္ထအကြိမ်မြောက် အခမဲ့ ခြေတုတပ်ဆင်ပေးရာတွင် အောက်တိုဘာ ၂ရက်မှ စ၍ (၆)ပတ်အတွင်း ခြေတုလိုအပ်သူ ဦးရေ (၆၀၀)ကျော်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် Bhagwan Mahaveer Disabled Assistance Committee(BMVSS )နှင့်ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း( UMFCCI )တို့ပူးပေါင်း၍ ခြေတုလက်တုတပ်ဆင်ရေးစခန်း (၃)ခုကို (၂၀၁၇)ခုနှစ် ၊ ၂၀၁၈ခုနှစ် နှင့် (၂၀၂၀)ခုနှစ်တို့တွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ပြီး ဦးရေ (၁၅၀၀)နီးပါးကို တပ်ဆင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

Zawgyi Version:
စတုတၳအႀကိမ္ေျမာက္ ေျခတုလက္တုတပ္ဆင္‌ေရးစခန္းတြင္ လူ(၆၀၀)ေက်ာ္ကို အခမဲ့ေျခတု တပ္ဆင္ေပးမည္
ေစာ(NP News)- ေအာက္တိုဘာ ၂
စတုတၳအႀကိမ္ေျမာက္ ေျခတုလက္တုတပ္ဆင္ေရးစခန္းတြင္ လူ(၆၀၀)ေက်ာ္ကို အခမဲ့ ေျခတု တပ္ဆင္ေပးသြားမည္ျဖစ္ရာ ဖြင့္ပြဲ အခမ္းအနားကို ယေန႔ (ေအာက္တိုဘာလ ၂ရက္)တြင္ ရန္ကုန္ၿမိဳ႕၊ ေတာင္ဒဂုံၿမိဳ႕နယ္၊ ပုလဲရတနာလမ္းရွိ ပိဋကတ္သုံးပုံနိကယ္စာသင္တိုက္၌ က်င္းပခဲ့ ေၾကာင္း သိရသည္။
အဆိုပါအခမ္းအနားကို အိႏၵိယႏိုင္ငံသံ႐ုံး၊ ရန္ကုန္ၿမိဳ႕သည္ အိႏၵိယႏိုင္ငံ Jaipur ၿမိဳ႕ရွိ JAIPUR FOOT (Bhagwan Mahaveer Viklang Sahayata Samaiti)ႏွင့္ ဦးႏု၊ ေဒၚျမရီေဖာင္ေဒးရွင္းတို႔ႏွင့္ ပူးေပါင္းကာ မဟတၱမဂႏၵီႀကီး ၏ ေမြးေန႔ အထိမ္းအမွတ္ေန႔တြင္ က်င္းပျခင္းျဖစ္‌ေၾကာင္း
သိရသည္။
"ကြၽန္မတို႔ ဦးႏု၊ေဒၚျမရီ ေဖာင္ေဒးရွင္းအေနနဲ႔ စတုထၳအႀကိမ္ေျမာက္ ေျခတုလက္တုတပ္ဆင္ေရးစခန္းကိုဖြင့္လွစ္ခဲ့တာျဖစ္ပါတယ္။ကြၽန္မ‌အေနနဲ႔ဦးႏု၊ေဒၚျမရီ ေဖာင္ေဒးရွင္းကို (၂၀၁၅)ခုႏွစ္၊ ဩဂုတ္လ ၆ရက္ေန႔မွာ စတင္ဖြဲ႕စည္းခဲ့ပါတယ္။ဖြဲ႕စည္းၿပီးတာနဲ႔ အိႏၵိယႏိုင္ငံ Jaipur ၿမိဳ႕မွာရွိတဲ့ ေျခတုတပ္ဆင္ေရးအဖြဲ႕ဆီဆက္သြယ္ၿပီး အိႏၵိယႏိုင္ငံေတာ္အစိုးရရဲ႕ သေဘာထားရယူရပါတယ္။ေျခတုတပ္ဆင္ေရးလုပ္ငန္းကြၽန္မတို႔ေဖာင္ေဒးရွင္းပူးေပါင္းေဆာင္႐ြက္ဖို႔အျပန္အလွန္ဆက္သြယ္ရပါတယ္။ ၂၀၁၇ခုႏွစ္မွာ သေဘာတူညီမႈရရွိခဲ့ပါတယ္"ဟု UNDMYFတည္‌ေထာင္သူ ေဒၚသန္းသန္းႏု ကေျပာသည္။
ယခု စတုတၳအႀကိမ္ေျမာက္ အခမဲ့ ေျခတုတပ္ဆင္ေပးရာတြင္ ေအာက္တိုဘာ ၂ရက္မွ စ၍ (၆)ပတ္အတြင္း ေျခတုလိုအပ္သူ ဦးေရ (၆၀၀)ေက်ာ္ကို တပ္ဆင္သြားမည္ျဖစ္ေၾကာင္းသိရသည္။
ရန္ကုန္ၿမိဳ႕တြင္ Bhagwan Mahaveer Disabled Assistance Committee(BMVSS )ႏွင့္ကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္း( UMFCCI )တို႔ပူးေပါင္း၍ ေျခတုလက္တုတပ္ဆင္ေရးစခန္း (၃)ခုကို (၂၀၁၇)ခုႏွစ္ ၊ ၂၀၁၈ခုႏွစ္ ႏွင့္ (၂၀၂၀)ခုႏွစ္တို႔တြင္ ဖြင့္လွစ္ေဆာင္႐ြက္ခဲ့ၿပီး ဦးေရ (၁၅၀၀)နီးပါးကို တပ္ဆင္ေပးႏိုင္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.