ကျောက်တန်းမြို့နယ် ပညာရေးမှူး သေနတ်ပစ်ခံရကာသေဆုံး

 735

NP News - ဇွန် ၁၆
ရန်ကုန်၊ ကျောက်တန်းမြို့နယ် ပညာရေးမှူး ဦးအေးထွန်းသည် ယနေ့ (ဇွန်လ ၁၆ရက်) နံနက်ပိုင်းက ကျောက် တန်းမြို့ အထက (၁) နှင့် စာတိုက်ရုံးကြားတွင် သေနတ်ပစ်ခံရကာ သေဆုံးခဲ့ကြောင်း သိရသည်။

၎င်းအား နံနက် ၈ နာရီခန့်က ဆိုင်ကယ်သုံးစီးဖြင့် လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ၎င်းသည် ယခင်က ဒုတိယပညာရေးမှူးဖြစ်ပြီး စစ်ကောင်စီတာဝန်ယူချိန်တွင် ပညာရေးမှူးရာထူးကို ရယူခဲ့သူဖြစ်ကြောင်း သိရသည်။ အခင်းဖြစ်ပွားရာနေရာအနီးတဝိုက်တွင် စစ်ဆေးရှာဖွေမှုများလုပ် ဆောင်လျက်ရှိကြောင်းသိရသည်။

Photo - CJ
#NPNews

Related news

© 2021. All rights reserved.