မြန်မာနိုင်ငံအပေါ် မြောက်ကိုရီးယားအစိုးရက လူသားချင်းဆိုင်ရာကူညီထောက်ပံ့မှုပေး
699
ဂျန်ဇက် (NP News)- ဇွန် ၁၇
မြောက်ကိုရီးယားနိုင်ငံသည် မြန်မာနိုင်ငံအပေါ်လူသားချင်းဆိုင်ရာကူညီထောက်ပံပေးရန် စီစဉ်နေသည့် ကုလသ မဂ္ဂ၏စီမံကိန်းတွင် အမေရိကန်ဒေါ်လာသုံးသိန်း ကူညီလှူဒါန်းပေးခဲ့ကြောင်း koreaherald သတင်းဖော်ပြချက်အရသိရသည်။
ကုလသမဂ္ဂသည် မြန်မာနိုင်ငံအတွက် လူသားချင်းစာနပ်ထောက်ထားမှုအကူအညီ၊ အစားအစာကူညီ ထောက်ပံ့ ပေးရေးအစီအစဉ် နှင့် ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရေးအတွက် ကူညီထောက်ပံ့ရေးအစီအစဉ်များကို ဦးဆောင်လုပ်ကိုင်လျက်ရှိကြောင်းသိရသည်။
မြောက်ကိုရီးယားသည် မြန်မာနိုင်ငံအပေါ်လူသားချင်းဆိုင်ရာအကူညီပေးရန် ကုလသမဂ္ဂကဦးဆောင်သည့် စီမံ ကိန်းတွင်ပါဝင်လှူဒါန်းသည့် နိုင်ငံ၊ အဖွဲ့အစည်းပေါင်း တစ်ဒါဇင်ကျော်တွင်ပါဝင်နေပြီး တောင်ကိုရီးယားနိုင်ငံက အဆိုပါအစီအစဉ်တွင် အမေရိကန်ဒေါ်လာ၆သိန်း ကူညီလှူဒါန်းထားကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း နိုင်ငံရေးအခက်အခဲများရှိနေချိန်တွင် မြောက်ကိုရီးယားအစိုးရက မြန်မာနိုင်ငံအတွက်ကူညီလှူဒါန်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ မြောက်ကိုရီးယားသည် မြန်မာနိုင်ငံနှင့်ဆက်ဆံရေးကို ထိန်းသိမ်းရန်ကြိုးပမ်းနေခဲ့ပြီး ပြီးခဲ့သည့်ဇန်နဝါရီလကလည်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်က မြန်မာနိုင်ငံ၏လွတ်လပ်ရေးနေ့အခမ်းအနားနှင့်ပတ်သက်ပြီး သဝဏ်လွှာပေးပို့ခြင်းမျိုးရှိခဲ့ကြောင်း သိရသည်။
#NPNews