ကြားကာလပညာရေးကို ဇွန်လအတွင်း ဖွင့်မည်ဟု NUG ထုတ်ပြန်

 1134

NP News - ဇွန် ၁၇

ကြားကာလပညာရေးသင်ကြားမှုကို ဇွန်လအတွင်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ယနေ့ ဇွန်လ ၁၇ ရက်က NUG ၏ ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကြားကာလပညာရေးတွင် အိမ်တွင်းသင်ကြားရေး ပုံစံ Home- Based Learning(online/offline) အစီအ စဉ်နှင့် အင်တာနက်မရှိသော နေရာဒေသများနှင့် အင်တာနက်သုံးစွဲရန် ခက်ခဲသူများအတွက်လည်း offline နည်းဖြင့် လေ့လာနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

အတန်းသင်ရိုးသစ်(KG, G1, G2, G3, G4, G6, G7, G10) နှင့် သင်ရိုးဟောင်း (G7, G9, G11, တက္ကသိုလ် ဝင်တန်းသင်ရိုးဟောင်း) များကို အိမ်တွင်းသင်ကြားရေးနှင့် လိုက်မဖက်မည့်ပုံစံအဖြစ် သင်ကြားရေးရည်ရွယ်ချ က်များ ပြည့်မီရေးကို အဓိကထားသင်ကြားပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

NUG ၏ပညာရေးစနစ်တွင် ဖက်ဒရယ်ဒီမိုကရေစီနှင့် လိုက်လျောညီထွေမှုမရှိသော သင်ရိုးသင်ခန်းစာများကို ချန်လှပ်သွားမည်ဖြစ်ပြီး သမိုင်းနှင့် လူမှုရေးဘာသာရပ်များကိုပါ ပြန်လည်သုံးသပ်မှုများပြုလုပ်ပြီး ပြင်ဆင်ဖြည့် စွက်ပြီးမှ သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။

ကြားကာလပညာရေးသင်ကြားမှု၏ အဓိကရည်ရွယ်ချက်သည် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ပညာကို အဆက်မပြတ်သင်ယူခွင့်ရရန်၊ အနာဂတ်ဖက်ဒရယ်အရေးနှင့် ဒီမိုကရေစီအရေးတို့ကို ကျောင်းသားများအပါ အဝင် ပြည်သူများပါ လေ့လာသင်ယူနိုင်ရန်၊ ပညာရေးအစီအစဉ်ပြီးဆုံးတာနှင့် လုပ်ငန်းခွင်ဝင်နိုင်ရန်နှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ခြင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာတွင် အားထားနိုင် မည့်လူငယ်များ မွေးထုတ်ပေးရန်တို့ဖြစ်သည်။

ဖက်ဒရယ်အရေး၊ ဒီမိုကရေစီအရေးနှင့် အခြားပညာရပ်ဆိုင်ရာ ကာလတိုသင်တန်းများ၊ မဟာဘွဲ့နောက်ဆုံး နှစ်(ဒုတိယပညာသင်နှစ်ဝက်) သင်တန်းများ၊ တတိယနှစ်ဂုဏ်ထူးတန်းနှင့် မဟာအရည်အချင်းစစ်တန်းများ အပါအဝင် ဘွဲ့ကြိုနောက်ဆုံးနှစ်(ဒုတိယပညာသင်နှစ်ဝက်) သင်တန်းများ၊ ဒီဂရီကောလိမ်များ၊ ကောလိပ်များ ၏ ဒုတိယသင်တန်းများ၊ ၂ဝ၂ဝ တက္ကသိုလ်ဝင်သင်တန်းအောင် ကျောင်းသားများလေ့လာနိုင်ရန်သင်တန်းများ ကို စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် သက်မွေးပညာရေး အစီအစဉ်အဖြစ် နည်းပညာကောလိပ်၊ သိပ္ပံ၊ အထက်တန်းကျောင်းများမှ နောက်ဆုံး နှစ်သင်တန်းများ၊ ကုန်ပစ္စည်းထုတ်လုပ်ရေး သက်မွေးပညာနှင့် နည်းပညာဆိုင်ရာ ကာလတိုသင်တန်းများကို လည်း ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#NPNews

Related news

© 2021. All rights reserved.